ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Nov 15, 2025 ~ Nov 16, 2025

ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲ
အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း အားလုံးထံအသိပေးအပ်ပါသည်။ ယခုတစ်ကြိမ်မှာတော့ တိုကျိုတက္ကသိုလ်၏ပရော်ဖက်ဆာ OKUNO Yukikoမှ ❝CLIL၏ သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ❞ဆိုသည့် ခေါင်းစဥ်ဖြင့် (၂)ရက်တိုင်တိုင်...

Nov 8, 2025 ~ Nov 8, 2025
(10:00~12:00PM)

【၉ကြိမ်မြောက် IRODORIအသုံးပြုနည်း Seminar】
【၉ကြိမ်မြောက် IRODORIအသုံးပြုနည်း Seminar】 ~『IRODORI』ကိုသုံးပြီး စကားဝိုင်းပိုမိုကျယ်ပြန့််လာအောင် လုပ်ကြရအောင်~ ဂျပန်ဘာသာစကားသင်ကြားနေသော ဆရာ၊ ဆရာမအားလုံး မင်္ဂလာပါ။『IRODORI』သင်ထောက်ကူကိုသုံးပြီး စကားပြောအတန်းများကို သင်ကြားချင်သောဆရာ၊ဆရာမများ နှင့် စကားပြောအတန်းများအတွက် အကြံဉာဏ်လိုချင်သော...

Venue : The Japan Foundation, Yangon
No.70 Nat Mauk Lane(1), Bahan Township, Yangon

Oct 22, 2025 ~ Oct 22, 2025
(10:00~12:00PM)

【N5・N4・N3レベル学習者向けイベント!「第6回 ワクワク日本語」開催のお知らせ】
WAKU WAKU NIHOHGO_「もっと、もっと話そう!~こんな時に何て言うの?」 ဂျပန်ဘာသာစကားသင်ယူနေကြသောကျောင်းသား၊ကျောင်းသူများအားလုံး သူငယ်ချင်းများနဲ့အတူတူ ဂိမ်းတွေဆော့ကစားရင်း ဂျပန်စကားကိုလေ့လာပြီး လက်ဆောင်လေးများကိုယူကြမလား? ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှ N5,N4,N3သင်ယူနေကြသော ကျောင်းသား၊ကျောင်းသူများအတွက် ပျော်ရွှင်စရာ eventလေးတစ်ခုရှိပါတယ်။ ခေါင်းစဥ်ကတော့...

Venue : The Japan Foundation, Yangon
No(70) Nat Mauk Lane (1), Bahan Township, Yangon

Notice & Announcements

View All