japanese language

ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Oct 28, 2024 ~ Oct 28, 2024
(2:00 pm to 3:30 pm)

၂၀၂၅ ခုနှစ် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများအတွက် သင်တန်းအစီအစဉ်များနှင့်ပတ်သက်သည့်အွန်လိုင်းရှင်းလင်းပွဲ
ဂျပန်ဖောင်ဒေးရှင်းသည် ဂျပန်နိုင်ငံရှိ The Japan Foundation Japanese-Language Institute, Urawa တွင် နိုင်ငံရပ်ခြားရှိဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများ ဂျပန်ဘာသာသင်ကြားနည်းနှင့် ဂျပန်ဘာသာ၊ ဂျပန်ယဉ်ကျေးမှုစသည်တို့ကို လေ့လာသင်ယူနိုင်သည့်သင်တန်းအစီအစဉ်များကို နှစ်စဉ်ပြုလုပ်လျက်ရှိပါသည်။...

Oct 23, 2024 ~ Oct 23, 2024
(10:00 am to 11:30 am )

ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” マナー”
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းအရာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှောဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ပေးလျက်ရှိပါတယ်။...

Venue : The Japan Foundation, Yangon
No.70, Nat Mauk Lane (1), Bahan Township, Yangon

Oct 15, 2024 ~ Oct 26, 2024
(1:30 - 4:30 PM)

(၁၆)ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေး ဆွေးနွေးပွဲ(face-to-face)ကျင်းပခြင်း 
国際交流基金ヤンゴン日本文化センター第16回ミャンマー日本語教師セミナー(対面)のお知らせ  (၁၆)ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေး ဆွေးနွေးပွဲ(face-to-face)ကျင်းပခြင်း    (ミャンマー語の後に日本語が続きます)  ဂျပန်ဘာသာသင်ကြားနေသော မြန်မာလူမျိုးဆရာ၊ဆရာမများအားလုံး မင်္ဂလာပါ။   (၁၆)ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေး ဆွေးနွေးပွဲ(face-to-face)ကျင်းပမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုပါတယ်။ ယခုတစ်ကြိမ်မှာတော့...

Notice & Announcements

View All