intellectual exchange

ဂျပန်ရေးရာ လေ့လာရေး နှင့် အသိပညာ နှီးနှောဖလှယ်ရေး

ဂျပန်နှင့် ကမ္ဘာ့ပညာရှင်များကို ပေါင်းစည်းခြင်းသည် ကျွန်ုပ်တို့အားလုံးကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းနိုင်မည့် သော့ချက်ဖြစ်သည်။

ဂျပန်အကြောင်းကို ပိုမိုနားလည်နိုင်ရန်နှင့် ဂျပန်နှင့် အခြားနိုင်ငံများအကြား ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် ဂျပန်နိုင်ငံတွင် သုတေသနပြုလုပ်နိုင်ရန် ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ ဂျပန်ပညာသင်ကြားရေးအဖွဲ့အစည်းများအတွက် အမျိုးအစားမတူသော ထောက်ပံ့ကြေးပေးအပ်သော အစီအစဉ်များကို ပြုလုပ်ပေးလျက်ရှိသည်။ နိုင်ငံတကာအဆင့်အထိ ချိတ်ဆက်နိုင်ရန်အတွက် ပြည်ပတွင် သုတေသနပြုလုပ်နေသူများနှင့် ဂျပန်ပညာရေးအဖွဲ့အစည်းများကို စစ်တမ်းကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ကြုံတွေ့နေရသည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နည်းလမ်းများကို အဖြေရှာရန် သုတေသနပူးတွဲလုပ်ဆောင်ခြင်းများ၊ အပြန်အလှန်ညှိနှိုင်းပြီး ဆွေးနွေးအဖြေရှာသော စီမံကိန်းများကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။

Activities

Nov 22, 2020 (2 pm - 4 pm)

Social Entrepreneurs Exchange Seminar
Social Entrepreneurs Exchange Seminar: Sustainable development of local industry via innovations globalization ခေတ်ကြီးတွင် စီးပွားရေးနှင့် ဖွံ့ဖြိုးမှုတို့ အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း အကျိုးဆက်အားဖြင့် ပြည်တွင်းစီးပွားရေးတွင် ကွာဟမှုများဖြစ်ပေါ်စေကာ မိရိုးဖလာ စီးပွားရေးလုပ်ငန်းများလျော့နည်းလာခြင်း၊ လူများ မြို့ကြီးပြကြီးများသို့ ပြောင်းရွှေ့သွားခြင်း အစရှိသည့် လူ့အဖွဲ့အစည်းအတွင်း ပြောင်းလဲမှုများကြောင့် စိုးရိမ်ပူပန်စရာများ ရှိလာပါသည်။ ယခုလို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသောခေတ်တွင် အထူးသဖြင့် ကိုရိုနာရောဂါကြောင့်...

Venue : Facebook
Zoom

View More

Sep 10, 2019 ~ Oct 10, 2019

ဘော့စတွန်မြို့တွင် ကျင်းပမည့်2020 AAS Annual Conferenceသို့ တက်ရောက်လိုသော ပညာရှင်များအား ခရီးစရိတ်ထောက်ပံ့ခြင်း အစီအစဉ်
Association for Asian Studies မှ နှစ်စဉ်ကျင်းပလေ့ရှိသော AAS Annual Conference ကို ၂၀၂၀ခုနှစ် မတ်လ ၁၉ရက်နေ့မှ ၂၂ရက်နေ့အထိ အမေရိကန်ဘော့စတွန်မြို့တွင် ကျင်းပမည် ဖြစ်ပါသည်။ ထိုဆွေးနွေးပွဲသို့တက်ရောက်လိုသော ပညာရှင်များ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၏ ခရီးစရိတ်ထောက်ပံ့သည့် အစီအစဉ်ကို လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ လျှောက်လွှာလျှောက်ထားရန်လိုအပ်သည့် အရည်အချင်းနှင့် လျှောက်လွှာဖောင်ကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ၁. လျှောက်လွှာလျှောက်ရန် လိုအပ်သည့် အရည်အချင်း ၂. လျှောက်လွှာဖောင်...

Venue : The Japan Foundation, Yangon

View More

Notice & Announcements

View All