art and culture exchange

ယဉ်ကျေးမှုနှင့် အနုပညာဖလှယ်ခြင်း

အနုပညာနှင့် နေ့စဉ်လူနေမှုဘဝများမှတစ်ဆင့် လေးနက်သော ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးနှင့် လူမှုအသိတရား စံနှုန်းထားများကို လေ့လာနိုင်မည့် အခွင့်အရေးများကို ဖန်တီးပေးခြင်း

စက္ခုဆိုင်ရာ ရသအာရုံများ ပေးစွမ်းသော fine arts ပန်းချီ၊ ဓာတ်ပုံ ဖန်တီးမှုများ၊ သဘင်၊ စာပေ၊ ရုပ်ရှင်၊ အစားအသောက်၊ ဖက်ရှင် အစရှိသည့် အနုပညာနှင့် ယဉ်ကျေးမှုသည် မတူညီသော တန်ဖိုးများ၊ အတွေးအခေါ်များကို ဖြစ်ပေါ်လာစေသည်။ ၄င်းတို့သည် လူတို့ မည်သို့မည်ပုံ ပြုမူတွေးခေါ်ကြသည်၊ မတူညီသော ဘာသာစကားနှင့် အစွဲများကို ကျော်လွန်ပြီး အပြန်အလှန်နားလည်မှုကို မည်သို့ တည်ဆောက်ကြသည်ကို သိမြင်စေသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှလူများ ဂျပန်ယဉ်ကျေးမှုနှင့် အနုပညာကို သိမြင်ခံစားနိုင်စေရန်အတွက် အနုပညာရှင်များကို ထောက်ပံ့ပေးခြင်း၊ အနုပညာလက်ရာများကို ပြသခြင်းနှင့် နိုင်ငံတကာ အနုပညာကွန်ယက်များနှင့် ချိတ်ဆက်ခြင်းတို့ဖြင့် များစွာသော အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိပါသည်။

လှုပ်ရှားမှုများ

Oct 23, 2026 ~ Oct 25, 2026
(23 Oct - 9:00AM to 4:00PM, 24 Oct - 9:30AM to 4:00PM, 25 Oct - 9:30AM to 12:00PM )

Celluloids on Big Screen
2025 ခုနှစ် နှောင်းပိုင်းလောက်မှာ ဂျပန်ဖောင်ဒေးရှင်း(JF)ရဲ့ အနုပညာနဲ့ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များအနက်က ပေါ်ထွက်လာတဲ့ အစီအစဉ်တစ်ခုအဖြစ် “Japan Foundation – An Open Draft...

Venue : AIA KHIT ဝန်ကြီးများရုံး

Oct 17, 2026 ~ Oct 17, 2026
(နေ့လည် ၂ နာရီမှ ၄ နာရီ)

Let’s Fold Japanese Autumn: Origami Workshop
စက္ကူတွေကို အရုပ်မျိုးစုံ ပုံပေါ်လာအောင် ခေါက်ချိုးရတဲ့ Origami (折り紙) ပညာဟာ ဂျပန်ရိုးရာယဉ်ကျေးမှု အနုပညာတစ်ခု ဖြစ်ပါတယ်။ Origami Workshop သီးသန့် မလုပ်ရတာလည်း ကြာပြီမို့...

Venue : The Japan Foundation, Yangon
No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

Oct 16, 2026 ~ Oct 16, 2026
(နေ့လည် ၁ နာရီခွဲမှ ၃ နာရီထိ )

ဂျပန် – မြန်မာဘာသာပြန်စာပေကို ဦးဆောင်ခဲ့သူ ဆရာရဲမြလွင် အမှတ်တရ Tribute Event
ဂျပန်ဘာသာကနေ မြန်မာဘာသာကို တိုက်ရိုက်ပြန်ဆိုတဲ့ စာအုပ်ဆိုရင် ဆရာကြီး ဦးရဲမြလွင်ကို အရင်ဆုံး သတိရမိကြမှာပါ။ ဆရာကြီးဟာ ၁၉၉၅ ခုနှစ် အမျိုးသားစာပေဆု (ဘာသာပြန်)ကို ရရှိခဲ့တဲ့ သူ့ရဲ့...

Venue : The Japan Foundation, Yangon
No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

ဗီဒီယိုများ

“ဂျပန်သံအမတ်ကြီး မစ္စတာ မာရုယာမာနှင့် ဂျပန်လိုပြောကြရအောင်” ဗွီဒီယို အစအဆုံး / オンライン交  流イベント「丸山大使と日本語で話そう!」完全ヴァージョン

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ သည် ၂၀၂၀ခုနှစ် ဇွန်လ ၃၀ရက်နေ့ (အင်္ဂါနေ့)တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး မစ္စတာ မာရုယာမ အိချိရောနှင့် ဂျပန်ဘာသာလေ့လာသင်ယူနေသူ ၁၁ဦးတို့ပါဝင်သော အွန်လိုင်းမှ နှီးနှောဖလှယ်သည့် “ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမနဲ့ ဂျပန်လိုပြောကြရအောင်” အစီအစဥ်အား ကျင်းပခဲ့ပါသည်။ ထိုအစီအစဉ်အား မြန်မာစာတန်းထိုးဖြင့် တင်ဆက်ပေးသွားပါမည်။ ၁ နာရီ ၁၉ မိနစ်ကြာ အစီအစဉ်အစအဆုံးအား ကြည့်ရှုခံစားနိုင်ပါသည်။

“Gagaku” ဂျပန်နန်းတွင်းတေးဂီတအကြောင်းမိတ်ဆက် Video

ဂီတကို လူသားတွေရဲ့ စိတ်နှလုံးဝိညာဥ်ဟု တင်စားခေါ်ဆိုကြလျှင် “Gagaku” (ဂဂခု) လို့ခေါ်တဲ့ ဂျပန်နန်းတွင်းတေးဂီတကို ရှေးခေတ်ဂျပန်ပြည်၏ နှလုံးသည်းပွတ် စိတ်နှလုံးဝိညာဥ်ဟုခေါ်ရမည် ဖြစ်ပါသည်။ ဂျပန်နန်းတွင်းဂီတအကြောင်းကို အောက်ပါ video တွင် ကြည့်ရှုနားဆင်ကြရအောင်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် “Gagaku” ဂျပန်နန်းတွင်းဂီတ ပညာရှင် မစ္စတာ ယာမဒါ ဖုမိဟိကိုနှင့် အဖွဲ့ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် မြန်မာသို့ ဖိတ်ခေါ်ခဲ့ပါသည်။ နန်းတွင်းဂီတအဖွဲ့သည် Myanm/art တွင် “The sound of thousand years” အမည်ဖြင့် ဂျပန်နန်းတွင်းတေးဂီတဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး ရန်ကုန်အမျိုးသားအနုပညာတက္ကသိုလ်တွင် “ယနေ့ခေတ်တွင် ရိုးရာတေးဂီတကို ဖျော်ဖြေတီးခတ်ခြင်း” ခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ယခု video တွင် မစ္စတာ ယာမဒါနှင့် ဂျပန်နန်းတွင်းဂီတအဖွဲ့မှ “Gagaku” နန်းတွင်းဂီတအကြောင်း၊ နန်းတွင်းဂီတတီးခတ်ရာတွင် အသုံးပြုသော တူရိယာများနှင့် ၄င်းတို့၏ သမိုင်းကြောင်းကို အကျဥ်းချုံး မိတ်ဆက်ရှင်းပြသွားမှာ ဖြစ်ပါတယ်။

ယခုမိတ်ဆက် video အပြီး နောက်ပိုင်းမှာ မစ္စတာ ယာမဒါနှင့်အဖွဲ့ တီးခတ်ဖန်တီးထားသည့် နန်းတွင်းတေးဂီတ သီချင်းအချို့ကိုလည်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook page တွင် တင်ဆက်ဝေမျှပေးသွားမည်ဖြစ်ပါသဖြင့် စောင့်မျှော်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

Notice & Announcements

View All