ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Oct 30, 2026 ~ Oct 30, 2026
( နံနက် ၁၀:၀၀ မှ ၁၁:၃၀အထိ )

【အောက်တိုဘာလအတွက် Sura Suraတဒို့ခုစာဖတ်ပွဲ】
ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။  ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)တွင်  လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း「Sura Sura တဒို့ခုပွဲ」ကို ကျင်းပလျက်ရှိပါတယ်။「တဒို့ခု」ဆိုသည်မှာ လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာဖြင့်ရေးထားသားသည့်...

Venue : The Japan Foundation, Yangon
No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

Oct 30, 2026 ~ Oct 30, 2026
( မြန်မာစံတော်ချိန် ည (6:30~8:00) အထိ )

Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ
အားလုံးပဲ မင်္ဂလာပါ။  ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံသို့သွားရောက်ကြမည့်သူများအတွက် ကွက်တိအထောက်အကူပြုမည့် ဂျပန်ယဥ်ကျေးမှုအစီအစဥ် “Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”ဆိုတဲ့ အစီအစဥ်လေးကို လစဥ်ပြုလုပ်ပေးနေပါတယ်။ ဒီအစီအစဥ်လေးမှာဆိုရင် ဂျပန်နိုင်ငံမှာနေထိုင်စဥ်အတွင်း သိထားလျှင်အထောက်အကူဖြစ်နိုင်မည့်...

Venue : Online (Zoom)

Oct 31, 2026 ~ Oct 31, 2026
(မြန်မာစံတော်ချိန် ၉:၃၀ ~ ၁၁:၃၀ )

【 (၁၄) ကြိမ်မြောက် IRODORI Seminar】
~IRODORI pre-intermediate levelကို ထုတ်လုပ်ပေးထားပြီဖြစ်ပါတယ်!~  ဂျပန်ဘာသာသင်ကြားရေး ဆရာ၊ဆရာမများအားလုံးပဲ မင်္ဂလာပါ။  ယခုနှစ် မတ်လတွင် ဂျပန်ဖောင်ဒေးရှင်း (JF) မှ ဖန်တီးပြုလုပ်ထားသော ဂျပန်ဘာသာစကားလေ့လာရေး သင်ထောက်ကူတစ်ခုဖြစ်တဲ့...

Venue : The Japan Foundation, Yangon
No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

Notice & Announcements

View All