(၁၀)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကို အသုံးပြုပြီး စကားပြော(kaiwa)ပိုမိုကျယ်ပြန့်လာအောင် လုပ်ကြရအောင်】ကို ကျင်းပခဲ့ခြင်း။

(၁၀)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကို အသုံးပြုပြီး စကားပြော(kaiwa)ပိုမိုကျယ်ပြန့်လာအောင် လုပ်ကြရအောင်】ကို ကျင်းပခဲ့ခြင်း။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာတွင် မတ်လ၊ ၇ရက်နေ့ (စနေနေ့)တွင် (၁၀)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar「IRODORIကို အသုံးပြုပြီး စကားပြော(kaiwa)ပိုမိုကျယ်ပြန့်လာအောင် လုပ်ကြရအောင်」ဆိုတဲ့ ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဤဆွေးနွေးပွဲတွင် ဂျပန်ဖောင်ဒေးရှင်းမှပြုလုပ်ထားသည့် သင်ထောက်ကူတစ်ခုဖြစ်သော “IRODORI” အား ဂျပန်စာအခြေခံအဆင့်ကို သင်ယူတတ်မြောက်ပြီးသော ကျောင်းသားများအတွက်ပါ ပိုမိုအကျိုးရှိရှိအသုံးချနိုင်အောင် ”IRODORI” ရဲ့ အခြေခံအဆင့်အတွက်ရည်ရွယ်ပြုလုပ်ထားသည့်စကားပြော(kaiwa)ကို အချိန်တိုအတွင်း N3 levelသို့ ပြောင်းလဲအသုံးချနိုင်သည့်နည်းလမ်းကို လေ့လာခဲ့ကြပါတယ်။ ပါဝင်တက်ရောက်ပေးကြသူများထံမှ “ဆက်ဆက် စာသင်ချိန်အတွင်းထည့်သွင်းအသုံးပြုချင်ပါတယ်”ဆိုသည့် စကားသံများကိုကြားခဲ့ရပြီး ပြီးပြည့်စုံတဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပါတယ်။
မတ်လ ၃၁ရက်နေ့တွင် “IRODORI” ၏ Pre-Intermediate (A2/B1)အသစ်ကို ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး မေလတွင် ထိုသင်ရိုးနှင့်ပတ်သက်သော ဆွေးနွေးပွဲကျင်းပပြုလုပ်သွားဖို့လည်း ရှိပါတယ်။ ဂျပန်ဘာသာစကားသင်ကြားရေးဆရာ၊ဆရာမများ အားလုံး ဆက်ဆက်ပါဝင်ပေးကြပါဦးရှင်။

Notice & Announcements

View All