ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Aug 21, 2026 ~ Aug 21, 2026
(6.00 pm)

ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲ  
အားလုံးပဲ မင်္ဂလာပါ။   မြန်မာနိုင်ငံ ဂျပန်ဘာသာဆရာများအသင်းနှင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) မှ ပူးပေါင်း၍ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲကို ပုံမှန်ကျင်းပလျက်ရှိပါတယ်။ သြဂုတ်လမှာတော့ “ခန်းဂျိသင်ကြားခြင်းအတွက် အကြံဉာဏ်ကောင်းများ”...

Venue : The Japan Foundation, Yangon
No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

Aug 19, 2026 ~ Aug 19, 2026
(10:00 am–11:30 am)

ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “Kaidan (တစ္ဆေပုံပြင်)”
ဂျပန်စာလေ့လာနေတာကြာနေပြီဆိုပေမယ့် ဂျပန်လိုပြောမထွက်ဘူး... ဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောတဲ့အခါမှာ တစ်ဖက်လူပြောနေတာကို အကုန်နားလည်ပေမယ့် ဂျပန်လိုပြန်ပြောဖို့ စကားလုံးတွေထွက်မလာဘူး၊ ဂျပန်စာ စကားပြောသင်တန်းတွေတက်ထားပေမယ့် လက်တွေ့ပြောဆိုမှုသိပ်မရှိလို့ ပြောမထွက်တော့ဘူး.. ဆိုတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသလား။   ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက်...

Venue : The Japan Foundation, Yangon.
No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

Aug 8, 2026 ~ Aug 8, 2026
(午前10:00~12:00 (ミャンマー時間))

ဂျပန်ဘာသာစကားလေ့လာနေသူများအတွက်Event:❝IRODORI ဂျပန်ဘာသာစကား အွန်လိုင်းအတန်းကို လက်တွေ့အသုံးပြုကြည့်ကြရအောင်! ❞
အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဘာသာစကားကို ပိုပြီးပျော်ပျော်ရွှင်ရွှင် လေ့လာချင်ကြပါသလား? ဂျပန်ဖောင်ဒေးရှင်း(JF)မှ ပြုလုပ်ထားတဲ့ အခမဲ့အွန်လိုင်းသင်ထောက်ကူ 『IRODORI』ကို လက်တွေ့အသုံးပြုကြည့်ကြမလား? နေ့စဥ်နေထိုင်မှုဘဝအတွက် အထောက်အကူပြုတဲ့ ဂျပန်ဘာသာစကားကို စမတ်ဖုန်း၊ ကွန်ပျူတာတို့ဖြင့်...

Venue : The Japan Foundation, Yangon
No -70, Nat Mauk Lane (1), Bahan Township, Yangon

Notice & Announcements

View All