၂၀၂၀ခုနှစ် ဇူလိုင်လတွင်ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ရပ်ဆိုင်းခြင်း

日本語能力試験2020年度7月試験の中止について

 

日本語能力試験にいつも関心を寄せてくださり、ありがとうございます。

 

全世界における新型コロナウイルス感染の現状を踏まえ、国際交流基金は、全世界における2020年度7月試験の中止を決定しました。

 

国・地域によって違いはありますが、新型コロナウイルスの世界的な感染状況はまだ収束のきざしをみせておらず、一部の地域においては、感染拡大が懸念されています。

 

日本語能力試験は、長期間にわたって多くの受験者、関係者を密閉された空間に拘束するため、感染防止対策を施したとしても、十分に安全な環境を確保できない可能性があります。したがって、安全な場所で公平、公正な試験を実施することは難しいと判断し、中止を決定いたしました。

 

受験料の扱い等、手続きに関することについては、MAJAにお問合せください。

 

皆様のご理解とご協力に感謝いたします。

 

 

国際交流基金ヤンゴン日本文化センター

 

 

၂၀၂၀ခုနှစ် ဇူလိုင်လတွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲအား ရပ်ဆိုင်းခြင်း

 

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအား အမြဲတစေ စိတ်ဝင်တစားရှိမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ် အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါကူးစက်မှုပြန့်ပွားလျက်ရှိသော လက်ရှိအခြေအနေအရ ဂျပန်ဖောင်ဒေးရှင်းမှ ၂၀၂၀ခုနှစ် ဇူလိုင်လတွင် ကမ္ဘာတစ်ဝန်းတွင်ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအား ရပ်ဆိုင်းရန်ဆုံးဖြတ်လိုက်ပါသည်။

နိုင်ငံနှင့်နေရာဒေသအလိုက် ကွဲပြားမှုရှိသော်လည်း ကိုရိုနာဗိုင်းရပ် အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ ကူးစက်မှုအခြေအနေမှာ တည်ငြိမ်လာမည့်အလားအလာမတွေ့ရှိရဘဲ အချို့သောနေရာဒေသများတွင် ကူးစက်ပြန့်ပွားမှုနှုန်းမြင့်မားလာမည်ကိုပင် စိုးရိမ်နေရပါသည်။

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲသည် စာဖြေသူနှင့် စာမေးပွဲကျင်းပသည့် သက်ဆိုင်သူများအား အလုံပိတ်ထားသောနေရာတွင် အချိန်ကြာအတူရှိစေမည်ဖြစ်သည့်အတွက် ကူးစက်ပြန့်ပွားမှုကိုကာကွယ်သည့် နည်းနာများအတိုင်း လိုက်နာဆောင်ရွက်ထားသည့်တိုင် စိတ်ချလုံခြုံရသောပတ်ဝန်းကျင်ဖြစ်သည်ဟု အာမခံရန်ခဲယဉ်းပါသည်။ ထို့အတွက်ကြောင့် စိတ်ချလုံခြုံရသောနေရာတွင် မျှတစွာ စာမေးပွဲကျင်းပရန်ခဲယဉ်းသည်ဟု ဆုံးဖြတ်သည့်အတွက် စာမေးပွဲအားရပ်ဆိုင်းလိုက်ခြင်းဖြစ်ပါသည်။

စာမေးပွဲကြေးနှင့် ပတ်သက်သည်များကို မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းများအသင်း(MAJA)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပါရန်ပန်ကြားအပ်ပါသည်။

လူကြီးမင်းတို့၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် နားလည်ပေးမှုအား အထူးပင်ကျေးဇူးတင်ရှိပါသည်။

 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ

 

 

Notice & Announcements

View All