တဒို့ခု၏လူကြိုက်အများဆုံးစာအုပ်များ

ဂျပန်ဘာသာစကားလေ့လာနေသူများအားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG) မှ လတစ်လ၏နောက်ဆုံးအပတ်တွင် Sura Sura တဒို့ခုစာဖတ်ပွဲကို ကျင်းပပေးလျှက်ရှိပါတယ်။ စာဖတ်ပွဲကို ကျင်းပလာသည်မှာ (၁၅)ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။ ကျင်းပလာသည့်တစ်လျှောက်လုံး စာဖတ်သူများ အများအပြားလာရောက်ဖတ်ရှုကြမှုအပေါ် အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ယခုအခါမှာတော့ Sura Sura တဒို့ခုစာဖတ်ပွဲကို လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများထံမှ Review အများဆုံးရထားတဲ့ စာအုပ်များကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့ စာအုပ်အမည်ကတော့ ❝きよひめ❞ (Kiyohime) ဖြစ်ပါတယ်။ ❝きよひめ❞ကတော့ ဘုန်းကြီးတစ်ပါး နဲ့ ခိယိုဟိမဲဆိုတဲ့အမျိုးသမီးအကြောင်း ရေးသားထားသော နည်းနည်းကြောက်စရာကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဖတ်ရှုလိုသူများအနေနဲ့ ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည့် Sura Suraတဒို့ခုစာဖတ်ပွဲမှာ လာရောက်ဖတ်ရှုကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ နောက်လတွေမှာလည်း Reviewအများဆုံးရထားတဲ့ တခြားစာအုပ်တွေကို ဆက်လက်မိတ်ဆက်ပေးသွားမှာမလို့ စောင့်မျှော်ပေးကြပါဦးနော်။

Notice & Announcements

View All