စင်တာနေရာငှားရမ်းဝန်ဆောင်မှု

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာသည် စင်တာ၏အဆောက်အဦများကို အသုံးပြုလိုသော အဖွဲ့အစည်းများအား ငှားရမ်းပေးလျက်ရှိပါသည်။

  • လျှောက်ထားခြင်းမတိုင်မီ အသုံးပြုစည်းမျဉ်းများကို မဖြစ်မနေ ဖတ်ရှုပါရန်တောင်းဆိုပါသည်။(JFYG Terms and Conditions for Free Space Rental (April 2026)
  • ငှားရမ်းနိုင်သော အဆောက်အဦကို ဤနေရာမှ စစ်ဆေးနိုင်ပါသည်။(JFYG Reference(Rooms and utilities)
  • လျှောက်လွှာပုံစံကို ဤနေရာမှ ဒေါင်းလုဒ်လုပ်ပါရန် တောင်းဆိုပါသည်။(JFYG Space Rental Application Form(2026)
ငှားရမ်းအသုံးပြုနိုင်သောအချိန်

・ ခန်းမ၊ ပြခန်းနှင့် ဆွေးနွေးပွဲခန်းမ (ယခုမှစ၍ “အဆောက်အဦများ” ဟု ရည်ညွှန်းပါမည်) သည် စင်တာမှ စီစဉ်ထားသောပွဲများ သို့မဟုတ် အခြားအသုံးပြုမှုများ မရှိသည့်အခါတွင်သာ ငှားရမ်းနိုင်မည်ဖြစ်ပါသည်။

・အဆောက်အဦများကို စင်တာဖွင့်ရက်များ (အင်္ဂါနေ့မှ စနေနေ့အထိ၊ စင်တာပိတ်သည့်ရက်များမှအပ) မနက် ၉:၃၀ နာရီမှ ညနေ ၃:၃၀ နာရီအတွင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

အသုံးပြုနိုင်သော အဖွဲ့အစည်းများ

အဆောက်အဦအသုံးပြုရန် လျှောက်ထားမှုကို အဖွဲ့အစည်းများမှသာ လက်ခံမည်ြဖစ်ပြီး၊ တစ်ဦးချင်းအသုံးပြုရန် လျှောက်ထားမှုကို လက်ခံမည်မဟုတ်ပါ။ ထို့အပြင်၊ အဆောက်အဦများကို အောက်ပါပရောဂျက်အမျိုးအစားများ အတွက်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်-

(၁) ဂျပန်ယဉ်ကျေးမှု မိတ်ဆက်ခြင်း သို့မဟုတ် နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ပရောဂျက်များ

(၂) ဂျပန်နိုင်ငံနှင့်ပတ်သက်သော သုတေသန သို့မဟုတ် ပညာရေးဖလှယ်ရေးဆိုင်ရာ ပရောဂျက်များ

(၃) ဂျပန်ဘာသာသင်ကြားရေးဆိုင်ရာ ပရောဂျက်များ

(၄) အခြားသော စင်တာ၏ လုပ်ငန်းရည်ရွယ်ချက်နှင့် ကိုက်ညီပြီး စင်တာဒါရိုက်တာမှ အထူးခွင့်ပြုထားသော ပရောဂျက်များ

 

အောက်ပါလုပ်ငန်းများအတွက် အဆောက်အဦကို ငှားရမ်းပေးခြင်း မပြုပါ။

(၁) အကျိုးအမြတ်ရရှိရန် ရည်ရွယ်ချက်ဖြင့်ပြုလုပ်သော လုပ်ငန်းများ

(၂) ကုန်ပစ္စည်းများ ရောင်းချခြင်းကို အဓိကထားလုပ်သော လုပ်ငန်းများ

(၃) နိုင်ငံရေးလှုပ်ရှားမှု၊ ဘာသာရေးလှုပ်ရှားမှု သို့မဟုတ် ယင်းနှင့်ဆင်တူသော လုပ်ငန်းများ

(၄) အဆောက်အဦ၏ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်နိုင်ခြင်း သို့မဟုတ် အများသူ၏ အကျိုးစီးပွားကို ထိခိုက်စေရန် အလားအလာရှိသည်ဟု ယူဆရသော လုပ်ငန်းများ

(၅) အခြား စင်တာဒါရိုက်တာမှ မသင့်လျော်ဟု သတ်မှတ်သော လုပ်ငန်းများ

ငှားရမ်းခ

အဆောက်အဦ (သို့မဟုတ်) အသုံးပြုချိန် မည်သို့ပင်ရှိစေကာမူ ငှားရမ်းခမှာ အခမဲ့ဖြစ်သည်။ သို့သော် အဆောက်အဦ သို့မဟုတ် ပစ္စည်းကိရိယာများတွင် သိသာထင်ရှားသော ပျက်စီးမှုများ ဖြစ်ပေါ်ပါက ပြုပြင်စရိတ်အတွက် သင့်အား ကောက်ခံမည်ဖြစ်ပါသည်။

လျှောက်ထားနည်းနှင့် သတ်မှတ်ရက်

အဆောက်အဦကို ငှားရမ်းအသုံးပြုလိုသော အဖွဲ့အစည်းများသည် အသုံးပြုစည်းမျဉ်းများကို ဂရုတစိုက်ဖတ်ရှုပြီးနောက် လျှောက်လွှာကို ငှားရမ်းလိုသည့်ရက်မတိုင်မီ အနည်းဆုံး ၁ လကြိုတင်၍ info.jfyg@jpf.go.jp

သို့ အီးမေးလ်ဖြင့် ပေးပို့ရပါမည်။ အီးမေးလ်ကို လက်ခံရရှိပြီးနောက် စင်တာတာဝန်ရှိသူမှ ဆက်သွယ်မည်ဖြစ်ပါသည်။

အသုံးပြုမှုအစီရင်ခံစာ (report) ပေးပို့ခြင်း/ တင်ပြခြင်း

ငှားရမ်းထားသောပစ္စည်းများ၏အသုံးပြုပုံအသေးစိတ်ပါသည့် အသုံးပြုမှုအစီရင်ခံစာကို ပစ္စည်းပြန်အပ်သည့်နေ့မှ တစ်ပတ်အတွင်း info.jfyg@jpf.go.jpသို့ အီးမေးလ်ဖြင့် တင်ပြရမည်ဖြစ်ပါသည်။

အီးမေးလ်ပို့ရန် နမူနာ

လက်ခံသူလိပ်စာ:info.jfyg@jpf.go.jp

ခေါင်းစဉ်           :ယဉ်ကျေးမှုဆိုင်ရာပစ္စည်း ငှားရမ်းတောင်းခံမှု (အဖွဲ့အစည်းအမည်)

စာသား             :ငှားလိုသော ပစ္စည်းများ၊ ငှားလိုသောကာလ၊ အသုံးပြုရည်ရွယ်ချက်၊ အဖွဲ့အစည်းအမည်၊ တာဝန်ခံအမည်၊ ဆက်သွယ်ရန်အချက်အလက် စသည်

ပူးတွဲပါဖိုင်         :လျှောက်လွှာ

ဆက်သွယ်ရန်

အီးမေးလ်:info.jfyg@jpf.go.jp

ဖုန်း:01-430920၊ 01-430921

တာဝန်ခံ:အဆောက်အဦနှင့် ယဉ်ကျေးမှုဆိုင်ရာပစ္စည်း တာဝန်ခံ

Notice & Announcements

View All