ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Oct 20, 2025 ~ Oct 20, 2025
(2:00 pm- 3:30)

၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများအတွက် သင်တန်းအစီအစဉ်များနှင့်ပတ်သက်သည့်ရှင်းလင်းပွဲ
ဂျပန်ဖောင်ဒေးရှင်းသည် ဂျပန်နိုင်ငံရှိ The Japan Foundation Japanese-Language Institute, Urawa တွင် နိုင်ငံရပ်ခြားရှိဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများ ဂျပန်ဘာသာသင်ကြားနည်းနှင့် ဂျပန်ဘာသာ၊ ဂျပန်ယဉ်ကျေးမှုစသည်တို့ကို လေ့လာသင်ယူနိုင်သည့်သင်တန်းအစီအစဉ်များကို နှစ်စဉ်ပြုလုပ်လျက်ရှိပါသည်။...

Oct 20, 2025 ~ Oct 20, 2025
(2:00-3:30 pm)

၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများအတွက် သင်တန်းအစီအစဉ်များနှင့်ပတ်သက်သည့်ရှင်းလင်းပွဲ
ဂျပန်ဖောင်ဒေးရှင်းသည် ဂျပန်နိုင်ငံရှိ The Japan Foundation Japanese-Language Institute, Urawa တွင် နိုင်ငံရပ်ခြားရှိဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများ ဂျပန်ဘာသာသင်ကြားနည်းနှင့် ဂျပန်ဘာသာ၊ ဂျပန်ယဉ်ကျေးမှုစသည်တို့ကို လေ့လာသင်ယူနိုင်သည့်သင်တန်းအစီအစဉ်များကို နှစ်စဉ်ပြုလုပ်လျက်ရှိပါသည်။...

Oct 20, 2025 ~ Dec 15, 2025
(9:30-12:30)

【ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးခြင်း 】
ဂျပန်ဘာသာစကားသင်ကြားရေးဆရာများအားလုံးအတွက် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာတွင် “ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း” ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။ အခြေခံအဆင့်သင်ကြားနည်းကို သင်ယူလေ့လာခြင်းမရှိဖူးသော စာသင်ကြားရေးသက်တမ်းနုနယ်သေးသည့် ဆရာများအတွက် အဓိကရည်ရွယ်သော သင်တန်းဖြစ်ပါတယ်။ ဤသင်တန်းမှာတော့ အခြေခံအဆင့်သင်ခန်းစာတွင်...

Venue : The Japan Foundation, Yangon
ဂျပန်ဖောင်းဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
01-430920, 01-430921
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
https://maps.app.goo.gl/QwUwnFms7dwBZzGw8
အနီးဆုံးဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်
ဘတ်စ်ကားနံပါတ်  :၄၃၊ ၆၄၊ ၈၀

Notice & Announcements

View All