ဂျပန်ဖောင်ဒေးရှင်းအကြောင်း မြန်မာနိုင်ငံရှိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဒါရိုက်တာမှ အမှာစကား

မြန်မာနိုင်ငံရှိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဒါရိုက်တာမှ အမှာစကား

ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းတွင် ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်လျက်ရှိသည့် ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါသည်။ ဂျပန်နှင့် အခြားသောနိုင်ငံ၊ ဒေသများကြား အပြန်အလှန် နားလည်မှု ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ချက်ဖြင့် ကျွန်ုပ်တို့ ဂျပန်ဖောင်ဒေးရှင်းသည် သတင်းအချက်အလက်များ ကူညီထောက်ပံ့ပေးခြင်း၊ အမျိုးစုံသော ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ၊ အစီအစဉ်များကို ပြုလုပ်ပေးခြင်းဖြင့် နှစ်နိုင်ငံလူများအကြား အပြန်အလှန်ဆက်သွယ်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိပါသည်။

စတင်တည်ထောင်ခဲ့သည့် ၁၉၇၂ ခုနှစ်မှစ၍ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းတွင် ခေတ်အလိုက် အဓိကအရေးပါလှသော ယဉ်ကျေးမှုနှင့်အနုပညာများကို မိတ်ဆက်ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားရေးကို တိုးတက်ကျယ်ပြန့်စေရန် အစီအစဉ်များကို စဉ်ဆက်မပြတ် ရေးဆွဲခြင်း၊ ဂျပန်နှင့် အခြားသောနိုင်ငံများကြား အတွေးအမြင်၊ဗဟုသုတ ဖလှယ်နိုင်ရန် များစွာသော အခွင့်အလမ်းများကို ဖန်တီးပေးခြင်း တို့ကို လုပ်ဆောင်လျက်ရှိပါသည်။

ဂျပန်ဖောင်ဒေးရှင်း၏ ၂၅ ခုမြောက် ပြည်ပရုံးခွဲအဖြစ် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ကို ၂ဝ၁၉ ခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့ပါသည်။ ဤယဉ်ကျေးမှုစင်တာကို ဂျပန်နှင့်မြန်မာလူမျိုးများကြား သတင်းအချက်အလက်များ တွေ့ဆုံဖလှယ်နိုင်သော ပေါင်းကူးတံတားရပ်ဝန်းသဖွယ် ဖန်တီးထားပြီး ဂျပန်နှင့် မြန်မာအကြား ချစ်ကြည်ရေးနှင့် ရင်းနှီးချိတ်ဆက်မှုများ တိုးပွားစေသော အစီအစဉ်များ၊ ပရိုဂရမ်များကို ပြုလုပ်မည်ဖြစ်ပါသည်။

Notice & Announcements

View All