မြန်မာနိုင်ငံရှိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဒါရိုက်တာမှ အမှာစကား

 

မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး တွေ့ရတာဝမ်းသာပါတယ်။

ဒါရိုက်တာ Mr. SATO ရဲ့ရာထူးကိုဆက်ခံမယ့် MATUSO Hirotaka ပါ။ ရှေ့လျှောက်လည်း အများကြီးကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

မြန်မာနိုင်ငံဟာ အခုဆိုရင် ပိုမိုတိုးတက်လာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဂျပန်စာလေ့လာသူဦးရေနဲ့ ဂျပန်ယဉ်ကျေးမှုကို စိတ်ပါဝင်စားသူဦးရေကလည်း အရမ်းကို တိုးပွားနေပါတယ်။ ဒီလိုပတ်ဝန်းကျင်အနေအထားမျိုးမှာ ကိုရိုနာဗိုင်းရပ်စ်ပြဿနာတွေကလည်း ဆက်လက်ဖြစ်ပွားနေဆဲအခြေအနေဖြစ်ပေမယ့် ဖွင့်လှစ်ထားတာသိပ်မကြာသေးတဲ့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ဂျပန်စာနဲ့ ဂျပန်ယဉ်ကျေးမှု အစီအစဉ်တွေကို အခုထက်ပိုပြီး ပြည့်စုံအောင်ကြိုးစားသွားမှာဖြစ်ပြီး ပိုမိုများပြားတဲ့ မြန်မာနိုင်ငံသားတွေကို ဂျပန်အကြောင်းပိုမိုသိရှိအောင် ဂျပန်နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုပိုမိုမြင့်တက်အောင် ကြိုးစားသွားချင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ရိုးရာယဉ်ကျေးမှုနဲ့အနုပညာ အမွေအနှစ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံလို့ထင်ပါတယ်

ဒါကြောင့် ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဂျပန်အကြောင်း မိတ်ဆက်ပေးရုံသာမကပဲ အခုလိုပေါများကြွယ်ဝတဲ့ မြန်မာ့ယဉ်ကျေးမှုတွေကိုပါ လေ့လာပြီး ဂျပန်လူမျိုးတွေကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါ့ကြောင့် ကျင်းပဖို့ အကြံပြုတိုက်တွန်းချင်တဲ့ မြန်မာရိုးရာပွဲတစ်ခုခုရှိမယ်ဆိုရင် ပြောပြပေးကြဖို့ တောင်းဆိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

မာဆုအို ဟိရိုတက
ဒါရိုက်တာ
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်

Notice & Announcements

View All