ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

May 30, 2026 ~ May 30, 2026
(9:30–12:00)

【 (၁၁)ကြိမ်မြောက် IRODORI Seminar】
~IRODORI pre-intermediate levelကို ထုတ်လုပ်ပေးထားပြီဖြစ်ပါတယ်!~ ■IRODORI pre-intermediate levelသင်ထောက်ကူက အခုလက်ရှိအထိထွက်ရှိထားတဲ့ တခြားlevelတွေနဲ့ ဘာတွေကွာခြားသလဲ? ■အခုကစပြီး IRODORIကို သုံးကြည့်ချင်ပေမယ့် အရင်ဆုံးခြုံငုံပြီးသိရှိချင်တယ် ဆိုတဲ့ဆရာ၊ဆရာမများအတွက်...

Venue : オンライン(Zoom)
※ Zoomのリンクはセミナーの前日にメールでお知らせします。

May 28, 2026 ~ May 28, 2026
(နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ)

ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “占いは信じる?”
ဂျပန်စာလေ့လာနေတာကြာနေပြီဆိုပေမယ့် ဂျပန်လိုပြောမထွက်ဘူး... ဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောတဲ့အခါမှာ တစ်ဖက်လူပြောနေတာကို အကုန်နားလည်ပေမယ့် ဂျပန်လိုပြန်ပြောဖို့ စကားလုံးတွေထွက်မလာဘူး၊ ဂျပန်စာ စကားပြောသင်တန်းတွေတက်ထားပေမယ့် လက်တွေ့ပြောဆိုမှုသိပ်မရှိလို့ ပြောမထွက်တော့ဘူး.. ဆိုတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသလား။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက်...

Venue : ကျင်းပမည့်နေရာ။ ။ အွန်လိုင်း (zoom)_
※ပွဲတွင်ပါဝင်နိုင်မည့်သူများကို ဂျပန်‌‌‌ဖောင်ဒေးရှင်းမှ မေလ ၂၆ ရက် (အင်္ဂါနေ့)တွင် Zoom linkကို အီးမေးလ်ဖြင့် ပေးပို့သွားမှာဖြစ်ပါတယ်။

date

【သင်တို့၏ကျောင်းများထံသို့ တဒို့ခု‌ရောက်ရှိလာပါပြီ!လူကြီးမင်းတို့၏ကျောင်းတွင်စာဖတ်ပွဲကိုပြုလုပ်ပေးမယ့် တဒို့ခု၏ပုံစံသစ် “လာပြီလာပြီ တဒို့ခု”ကို စတင်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။!】
အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)၌ လစဥ်နောက်ဆုံးအပတ် သောကြာနေ့တွင် “Sura Suraတဒို့ခု”စာဖတ်ပွဲကို ကျင်းပပြုလုပ်လျှက်ရှိပါတယ်။ ယခုအခါမှာတော့ JFYGကဝန်ထမ်းများမှ လူကြီးမင်းတို့၏ကျောင်းသို့ စာအုပ်များကိုကိုယ်တိုင်ယူဆောင်လာပေးပြီး ကျောင်းရှိကျောင်းသား၊ကျောင်းသူများက...

Notice & Announcements

View All