【ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးခြင်း】

  • Oct 10, 2026 ~ Dec 19, 2026
  • နေ့လည် ၁:၀၀ မှ ၄:၀၀ (ကြားတွင် ၁၅မိနစ် နားချိန်ပါရှိသည်)
  • ဂျပန်ဖောင်းဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ

    အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ဂျပန်ဘာသာစကားသင်ကြားရေးဆရာများအားလုံးအတွက် 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှ ကျင်းပပြုလုပ်သော ဆွေးနွေးပွဲနှင့် ဆယ်မီနာများတွင် အစဉ်အမြဲပါဝင်ပေးခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။  

ယခုတစ်ကြိမ်မှာတော့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာတွင် ယခင်နှစ်အလားတူ “ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း” ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။ အခြေခံအဆင့်သင်ကြားနည်းကို သင်ယူလေ့လာဖူးခြင်းမရှိသော စာသင်ကြားရေးသက်တမ်း နုနယ်သေးသည့် ဆရာများအတွက် အဓိကရည်ရွယ်သော သင်တန်းဖြစ်ပါတယ်။  

ဤသင်တန်းမှာတော့ အခြေခံအဆင့်သင်ခန်းစာတွင် အရေးကြီးသည့် “သင်ခန်းစာကို မိတ်ဆက်ခြင်း” နှင့် “လေ့ကျင့်ခြင်း” တို့ရဲ့ သင်ကြားပုံကို ထဲထဲဝင်ဝင်လေ့လာပြီး မိမိတို့ရဲ့ စာသင်ခန်းတွင် ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ထားပါတယ်။  

・သင်တန်းအချိန်မှာ ဆရာကသာ တောက်လျှောက်ရှင်းပြနေမိပါသလား။  

・ကျောင်းသားများမှ မိမိကိုယ်တိုင်စဉ်းစားပြီး ဂျပန်ဘာသာစကားကို ပြောနိုင်ပါသလား။  

ကျောင်းသားများမှ “ဂျပန်စကားကို ဆက်လေ့လာချင်တယ်”၊ “ဂျပန်လို ပြောထွက်ချင်တယ်” လို့ ခံစားရစေဖို့ဆိုရင်တော့ အခြေခံကို စလေ့လာတဲ့ အချိန်ကတည်းက “သင်ယူခြင်းရဲ့ ပျော်ရွှင်မှု” နဲ့ “ဂျပန်လိုပြောခြင်းရဲ့ ပျော်ရွှင်မှု” ကို ခံစားရဖို့အရေးကြီးပါတယ်။ အဲဒီအတွက် သင်ခန်းစာကို မိတ်ဆက်ခြင်းနဲ့ လေ့ကျင့်ခြင်းကို စနစ်တကျတည်ဆောက်ဖို့ အရေးကြီးပါတယ်။  

အခြေခံအဆင့်မှာကတည်းက ပြောဆိုဆက်သွယ်ခြင်းစွမ်းရည်ကို ပျိုးထောင်ပေးနိုင်မယ့်အတန်းမျိုးကို ဖန်တီးဖို့ရန် အတူတူစဉ်းစားကြည့်ကြပါစို့လား။  

စိတ်ပါဝင်စားတဲ့ ဂျပန်ဘာသာစကားသင်ကြားရေးဆရာများအားလုံးကို ဝင်ရောက်လျှောက်ထားဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အားလုံးရဲ့ လျှောက်ထားမှုကို စောင့်မျှော်နေပါမယ်။  

 

■သင်တန်းအမည် 

ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း 

 

■ခေါင်းစဉ် 

ပြောဆိုဆက်သွယ်ခြင်းစွမ်းရည်ကို ပျိုးထောင်ပေးမယ့် စာသင်ခန်း ~ စာကြောင်းဖွဲ့စည်းပုံမိတ်ဆက်ခြင်းမှ လက်တွေ့လေ့ကျင့်ခန်းအထိ~ 

 

■ဦးတည်ချက် 

၁) စာကြောင်းဖွဲ့စည်းပုံကို မိတ်ဆက်ခြင်းမှ လက်တွေ့လေ့ကျင့်ခန်းအထိ အခြေခံအဆင့်သင်ခန်းစာဖွဲ့စည်းပုံနှင့် သင်ကြားနည်းကို နားလည်သဘောပေါက်ရန် 

၂) ပြောဆိုဆက်သွယ်ခြင်းစွမ်းရည်ကို ပျိုးထောင်ရန် အခြေခံအဆင့်သင်ခန်းစာကို ရေးဆွဲခြင်းနှင့် လက်တွေ့အသုံးချနိုင်ရန် 

၃) တွဲဖက်လေ့လာခြင်းမှတဆင့် အချင်းချင်း အပြန်အလှန်သင်ယူခြင်းဖြင့် အသစ်သောလေ့လာတွေ့ရှိချက်များကို ရရှိရန် 

၄) ဂျပန်ဘာသာစကားသင်ကြားရေးဆရာအချင်းချင်း ရင်းနှီးကျွမ်းဝင်သည့် ကွန်ယက်တစ်ခုကိုတည်ဆောက်ရန် 

 

■အကြောင်းအရာ 

Session 1     ဖွင့်ပွဲ၊ Orientation၊ အတန်းကို လက်တွေ့တက်ရောက်ကြည့်ခြင်း၊ သင်ခန်းစာ၏အသွားအလာ 

Session 2  သင်ခန်းစာမိတ်ဆက်ခြင်းတွင် ပြုလုပ်ရမည့် လုပ်ဆောင်ချက်များ၊ အခြေခံလေ့ကျင့်ခြင်း ၁ 

Session 3  အခြေခံလေ့ကျင့်ခြင်း ၂  

Session 4  လက်တွေ့လေ့ကျင့်ခြင်း 

Session 5  အစမ်းသင်ကြားခြင်းအတွက် ပြင်ဆင်ခြင်း 

Session 6  အစမ်းသင်ကြားခြင်းအတွက် ပြင်ဆင်ခြင်း(Online) 

Session 7  အစမ်းသင်ကြားခြင်း 

Session 8  အစမ်းသင်ကြားခြင်း 

Session 9  သင်တန်းတစ်ခုလုံး၏ အချုပ်၊ သင်တန်းဆင်းပွဲ၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ နှီးနှောဖလှယ်ခြင်း  အစီအစဉ်  

 

■အချိန်    

စုစုပေါင်း ၉ ကြိမ်၊  

 

・၈ကြိမ် (အပြင်တန်း):အပတ်စဉ် စနေနေ့၊ နေ့လည် ၁:၀၀ မှ ၄:၀၀ (ကြားတွင် ၁၅မိနစ် နားချိန်ပါရှိသည်)  

 

အောက်တိုဘာလ ၁၀ရက်၊ အောက်တိုဘာလ ၁၇ရက်၊ အောက်တိုဘာလ ၃၁ရက်၊ နိုဝင်ဘာလ ၇ရက်၊ နိုဝင်ဘာလ ၁၄ရက်၊ နိုဝင်ဘာလ ၂၈ရက်၊ ဒီဇင်ဘာလ ၁၂ရက်၊ ဒီဇင်ဘာလ ၁၉ရက်၊  

・၁ ကြိမ် (Online):နေ့ရက်နှင့် အချိန်ကို သင်ကြားမည့်ဆရာများနှင့် ပြန်လည်ဆွေးနွေးသတ်မှတ်ပါမည်။ 

 

*အောက်တိုဘာလ ၂၄ရက် နှင့် ဒီဇင်ဘာလ ၅ရက်နေ့ အတန်းနားပါသည်။ 

 

■နေရာ 

ဂျပန်ဖောင်းဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ  

အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့  

https://maps.app.goo.gl/QwUwnFms7dwBZzGw8 

အနီးဆုံးဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင် 

ဘတ်စ်ကားနံပါတ်  :၄၃၊ ၆၄၊ ၈၀ 

 

■သင်တန်းကြေး 

အခမဲ့ 

 

■ လျှောက်ထားရန် လိုအပ်ချက်များ 

・JLPT N3အထက်ရှိပြီး ဂျပန်ဘာသာဖြင့် ပို့ချသော အတန်းကို နားလည်သဘောပေါက်နိုင်သူများ  

・(၈)ကြိမ်လုံး ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သို့ ကိုယ်တိုင်လာရောက်တက်ရောက်နိုင်သူများ 

・Online ဖြင့် ပြုလုပ်သော အစမ်းသင်ကြားခြင်းအတွက် ၁ ကြိမ်ဆွေးနွေးခြင်း တက်ရောက်နိုင်သူများ  

・ဂျပန်ဘာသာ အခြေခံအဆင့်သင်ကြားရေးနည်းစနစ်သင်တန်းကို တက်ရောက်ဖူးခြင်းမရှိသူများ 

・မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေသူများ 

・သင်တန်းပြီးဆုံးပြီးနောက်တွင်လည်း မြန်မာနိုင်ငံတွင် ဂျပန်ဘာသာစကားသင်ကြားရေးကို ဆက်လက်လုပ်ကိုင်မည့်သူများ 

 

*ဦးရာသူစနစ်မဟုတ်ပါ။ လျှောက်လွှာဖောင်ပါအကြောင်းအရာများအား ထည့်သွင်းသုံးသပ်ပြီးမှ တက်ရောက်ခွင့်ရရှိသူများအား ရွေးချယ်မည်ဖြစ်ပါသည်။ 

* သင်ကြားရေးနည်းစနစ်သင်တန်းတွင် ယခင်က ပါဝင်တက်ရောက်ဖူးခြင်းမရှိသူများအား လျှောက်လွှာတင်သွင်းပြီးနောက်တွင် တာဝန်ခံမှ လျှောက်လွှာတွင်ရေးသားထားသော အကြောင်းအရာများနှင့်ပတ်သက်ပြီး ဂျပန်ဘာသာစကားကျွမ်းကျင်မှုနှင့် သင်တန်းအားတက်ရောက်လိုသည့် အကြောင်းပြချက်များကို ဖုန်းဖြင့်မေးမြန်းခြင်းများ ရှိပါမည်။  

 

■သတ်မှတ်ဦးရေ 

၁၆ ဦး 

 

■ဖတ်စာအုပ် 

ပို့ချသူမှ ပြင်ဆင်ထားသော စာရွက်စာတမ်းများ၊『国際交流基金 日本語教授法シリーズ9 初級を教える』 

 

■သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate) 

အောက်ဖော်ပြပါအချက်အလက်များကို လိုက်နာသူများအား သင်တန်းဆင်းလက်မှတ် ထုတ်ပေးပါမည်။  

၁) သင်တန်း ၉ ကြိမ်အနက် ၈ ကြိမ်နှင့်အထက် တက်ရောက်ရန်  

၂) သင်တန်းမှပေးအပ်သော assignment များနှင့် ကိုယ်တိုင်ပြန်လည်သုံးသပ်ချက်များအားလုံးကို မပျက်မကွက်တင်သွင်းရန် 

၃) အစမ်းသင်ကြားခြင်းနှင့်ပတ်သက်၍ ၄ကြိမ် (session 5 -8) အားလုံးကို ပါဝင်ရန် 

 

■ လျှောက်ထားရန် 

အောက်ပါURLမှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။ 

https://forms.cloud.microsoft/r/QUZVY87HzJ?origin=lprLink 

 

■ ဖောင်ပိတ်ရက်       

၂၀၂၆ခုနှစ် စက်တင်ဘာလ ၃၀ရက် (ဗုဒ္ဓဟူး) နေ့လည် ၁၂နာရီ 

 

■တက်ရောက်ခွင့်ရရှိသူများအား ဆက်သွယ်မည့်ရက် 

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ရက် (တနင်္လာ) မနက် ၉ နာရီနောက်ပိုင်း 

 

■ စုံစမ်းမေးမြန်းရန်   : 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ 

Email nihongo.jfyg@jpf.go.jp 

ဖုန်း  09-891055553 

တာဝန်ခံ KD Sunday Seng Htoi Khawn Taung 

(တနင်္လာနေ့ မှ သောကြာနေ့အထိ မနက် 9:30 မှ ညနေ 4:00အထိ ဆက်သွယ်စုံစမ်းနိုင်ပါသည်။) 

  

လျှောက်ထားမှုများကို စောင့်မျှော်နေပါမည်။ 

Notice & Announcements

View All