ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်

ကိုဗစ်-၁၉ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကို ကြိုတင်ကာကွယ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်တော်၊ နိုင်ငံတော်သမ္မတရုံးမှ မတ်လ (၁၃) ရက် ရက်စွဲပါ ထုတ်ပြန်ကြေငြာချက်အရ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲတော်များကို ဧပြီလ (၃ဝ) မတိုင်ခင်အထိ မပြုလုပ်ပါရန်ညွန်ကြားထားပြီး မတ်လ (၁၈) ရက်စွဲပါ ထုတ်ပြန်ကြေညာချက်တွင်လည်း ထပ်မံ၍ အသေးစိတ်လိုက်နာရန် ညွှန်ကြားတားမြစ်ချက်များကို ထုတ်ပြန်ထားသောကြောင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာအား မတ်လ (၂၇)ရက်နေ့မှ ဧပြီလ (၃ဝ) ရက်နေ့အထိ ပိတ်ထား၍ ပြုလုပ်ကျင်းပလျက်ရှိသော ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များနှင့်ပွဲများကို ဖျက်သိမ်းရပ်နားထားပါကြောင်း အသိပေးအပ်ပါသည်။ အပြောင်းအလဲရှိပါက ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ လူမှုကွန်ယက် စာမျက်နှာများမှတစ်ဆင့် ကြေညာသွားမည်ဖြစ်ပါသည်။

Notice & Announcements

View All