Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ

  • Sep 11, 2026 ~ Sep 11, 2026
  • မြန်မာစံတော်ချိန် ည (6:30~8:00) အထိ
  • Online (Zoom)

အားလုံးပဲ မင်္ဂလာပါ။ 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံသို့သွားရောက်ကြမည့်သူများအတွက် ကွက်တိအထောက်အကူပြုမည့် ဂျပန်ယဥ်ကျေးမှုအစီအစဥ် “Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”ဆိုတဲ့ အစီအစဥ်လေးကို လစဥ်ပြုလုပ်ပေးနေပါတယ်။ ဒီအစီအစဥ်လေးမှာဆိုရင် ဂျပန်နိုင်ငံမှာနေထိုင်စဥ်အတွင်း သိထားလျှင်အထောက်အကူဖြစ်နိုင်မည့် နေ့စဥ်နေထိုင်မှုဘဝနှင့်ပတ်သက်သည့် ယဥ်ကျေးမှုများကို ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မှာဖြစ်ပါတယ်။ 

ပဥ္စမအကြိမ်မြောက်ခေါင်းစဥ်လေးကတော့ ငလျင်နှင့် ဆူနာမီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဖြစ်ပြီး စက်တင်ဘာလ ၁၁ရက်နေ့ (သောကြာနေ့)ညနေ(၆)နာရီခွဲမှစ၍ Online (Zoom)မှတဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။  

အားလုံးပဲသိထားကြတဲ့အတိုင်း ဂျပန်နိုင်ငံဟာ ငလျင်ဖြစ်ပွားမှုများပြားပေမယ့် သေချာကြိုတင်ကာကွယ်ပြီး သင့်လျော်တဲ့လုပ်ဆောင်ချက်တွေကို ပြုလုပ်ခြင်းအားဖြင့် အသက်ပေါင်းများစွာကိုလည်းကယ်တင်နိုင်သလို၊ ထိခိုက်ပျက်စီးမှုတွေကိုလည်း အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ပါတယ်။ 

ဂျပန်ကိုသွားတဲ့အခါ ဘေးအန္တရာယ်ကင်းရှင်းစွာ ဘဝကိုဖြတ်သန်းနိုင်စေရန် ဂျပန်မသွားခင်ကတည်းက ငလျင်နှင့် ဆူနာမီအန္တရာယ် ကြိုတင်ကာကွယ်ရေးတွေကို လေ့လာထားကြရအောင်နော်။ 

ဂျပန်ဘာသာ၊ မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဂျပန်ဘာသာစကားမှာ ယုံကြည်မှုသိပ်မရှိသူများလည်း ပါဝင်နိုင်တာမလို့ အားလုံးဆက်ဆက် ပါဝင်ပေးကြပါဦးနော်။ 

နေ့ရက် နှင့် အချိန်၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်နေ့ (သောကြာနေ့)၊ မြန်မာစံတော်ချိန် (6:30~8:00) အထိ 

နေရာOnline (Zoom) 

ပါဝင်ကြေးအခမဲ့    

ပါဝင်နိုင်သူများမြန်မာလူမျိုးဂျပန်ဘာသာစကားလေ့လာနေသူများအားလုံး (မည်သည့်levelမဆို ပါဝင်နိုင်ပါတယ်။) 

အသုံးပြုမည့်ဘာသာစကားဂျပန်ဘာသာစကား နှင့် မြန်မာဘာသာစကား 

လျှောက်ထားရန်အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်လွှာတင်ပေးပါ။     

はっけん!日本の生活文化 第5回 「地震・津波の防災」 申し込みフォーム – Fill out form 

လျှောက်လွှာပိတ်ချိန်၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၉ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ 

သတ်မှတ်ဦးရေ၅၀ ဦး။  

ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခြင်းမျိုးပြုလုပ်သွားမည်မဟုတ်သည့်အတွက် ပွဲနေ့မတိုင်ခင်Mailမှပို့ပေးမည့်Zoom linkမှတဆင့် ပါဝင်တက်ရောက်ပေးပါ။   

※Mailမရောက်တဲ့အခါမျိုးတွင် Spam folderကိုလည်း စစ်ဆေးကြည့်ပေးပါ။ 

Available in 日本語.

Notice & Announcements

View All