ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)မှ ပြုလုပ်သော ဆွေးနွေးပွဲများတွင် အစဥ်အမြဲ ပါဝင်ပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
JFYGတွင် 「IRODORI သင်ကြားနည်းသင်တန်း」ကို ထပ်မံဖွင့်လှစ်မှာပဲ ဖြစ်ပါတယ်။『IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』သင်ထောက်ကူ၏ တွေးပုံတွေးနည်း၊ သင်ကြားနည်းတို့ကို နားလည်သဘောပေါက်ပြီး၊ Communication စွမ်းရည်ကို တိုးတက်လာစေနိုင်သည့် Can-do ကို ဦးတည်ချက်အဖြစ်ထားသောသင်တန်းကို သင်ကြားနိုင်မည့် ဆရာ၊ဆရာမများကို လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ထားခြင်းပဲ ဖြစ်ပါတယ်။ သင်ယူသူရှုထောင့်မှ အတန်းတက်ရောက်လေ့လာကြည့်ခြင်း၊ သင်တန်းပို့ချခြင်း၊ အဖွဲ့တစ်ဖွဲ့ချင်းစီ သရုပ်ပြသင်ကြားခြင်းတို့မှတစ်ဆင့် ထိရောက်မှုရှိသော သင်ကြားရေးပုံစံကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဤအခွင့်အရေးကို အသုံးချပြီး ယုံကြည်မှုရှိစွာဖြင့် 『IRODORI』ကို သင်ကြားနိုင်မည့် ဆရာတစ်ယောက်ဖြစ်လာချင်သူများအတွက် အထူးသင့်လျော်ပါတယ်။ အားလုံးရဲ့ ပါဝင်တက်ရောက်မှုကို စောင့်မျှော်လျှက်ရှိပါတယ်။
■နေ့ရက်:၂၀၂၆ခုနှစ် ဩဂုတ်လ ၂၉ရက် (စနေနေ့) မှ အောက်တိုဘာလ ၁၇ရက် (စနေနေ့) အထိ၊ နံနက် (၉:၀၀~၁၂:၀၀)
အပတ်စဉ် စနေနေ့တိုင်း၊ တစ်ချိန်–၃နာရီ (နားချိန် ၁၅မိနစ်)ဖြင့် စုစုပေါင်း ၈ကြိမ်=၂၂နာရီ
・ပထမအကြိမ် ဩဂုတ်လ ၂၉ရက် (စနေနေ့) ၉:၀၀–၁၂:၀၀
・ဒုတိယအကြိမ် စက်တင်ဘာလ ၅ရက် (စနေနေ့) ၉:၀၀–၁၂:၀၀
・တတိယအကြိမ် စက်တင်ဘာလ ၁၂ရက် (စနေနေ့) ၉:၀၀–၁၂:၀၀
・စတုတ္ထအကြိမ် စက်တင်ဘာလ ၁၉ရက် (စနေနေ့) ၉:၀၀–၁၂:၀၀
・ပဉ္စမအကြိမ် စက်တင်ဘာလ ၂၆ရက် (စနေနေ့) ၉:၀၀–၁၂:၀၀
・ဆဋ္ဌမအကြိမ် အောက်တိုဘာလ ၃ရက် (စနေနေ့) ၉:၀၀–၁၂:၀၀
・သတ္တမအကြိမ် အောက်တိုဘာလ ၁၀ရက် (စနေနေ့) ၉:၀၀–၁၂:၀၀
・အဋ္ဌမအကြိမ် အောက်တိုဘာလ ၁၇ရက် (စနေနေ့) ၉:၀၀–၁၂:၀၀
■သင်တန်းပုံစံ:အပြင်သင်တန်း
■နေရာ
ဂျပန်ဖောင်းဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
https://maps.app.goo.gl/QwUwnFms7dwBZzGw8
အနီးဆုံးဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်
ဘတ်စ်ကားနံပါတ် :၄၃၊ ၆၄၊ ၈၀
■သင်တန်းကြေး:အခမဲ့
■သတ်မှတ်ချက်များ:အောက်ပါအချက်များနှင့် ကိုက်ညီသော မြန်မာလူမျိုး ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများ
・ဂျပန်စာသင်ကြားရေး အတွေ့အကြုံရှိသူ
・IRODORI သင်ထောက်ကူကို အသုံးပြုပြီး သင်ကြားနေသောသူ၊ အခုကစပြီး IRODORI ကို အသုံးပြုပြီး သင်ကြားရန်အစီအစဉ်ရှိသူ
・JLPT N2 အထက်
・သင်တန်း ၈ကြိမ်လုံး တက်ရောက်နိုင်သူ
■သတ်မှတ်ဦးရေ :၂၀ ဦး
■အသုံးပြုမည့်စာအုပ်:『IRODORI ဂျပန်နိုင်ငံတွင် နေထိုင်မှုအတွက် ဂျပန်ဘာသာစကား အခြေခံအဆင့်(၁) A2』
※တက်ရောက်သူများကို ဖတ်စာအုပ်ပုံနှိပ်များ ပေးဝေမည်
※သင်တန်းပြီးဆုံးသူများအား 『IRODORI 入門 A1』 နှင့် 『IRODORI 初級2 A2』 ကို ထပ်မံပေးအပ်မည်ဖြစ်ပါသည်
■သင်ကြားပို့ချမည့်သူ:JFYGမှ ဂျပန်လူမျိုးဆရာ၊ဆရာမ(၂)ဦး
■သင်တန်းပြီးဆုံးကြောင်းလက်မှတ်:
သင်တန်းစုစုပေါင်း ၈ ကြိမ်အနက် ၇ ကြိမ်နှင့်အထက် တက်ရောက်ပြီး၊ သရုပ်ပြသင်ကြားမှု (模擬授業) တွင် ပါဝင်ကာ နောက်ဆုံးစစ်တမ်းကို ဖြေဆိုပြီးသူများအား ပေးအပ်မည်။
■သင်တန်းလျှောက်လွှာ:အောက်တွင်ပေးထားသော URLမှတစ်ဆင့် လျှောက်လွှာတင်ပေးရန်
■လျှောက်လွှာ URL:https://forms.cloud.microsoft/r/8anQAYPuyi
■လျှောက်လွှာ နောက်ဆုံးပိတ်ရက်:ဩဂုတ်လ ၂၃ ရက် (တနင်္ဂနွေနေ့) ည ၁၁ နာရီ ၅၉ မိနစ်
※ ဦးရာသူစနစ်မဟုတ်ပါ။ လျှောက်ထားရသည့် ရည်ရွယ်ချက်နှင့် စာသင်ကြားမှုအတွေ့အကြုံ၊ IRODORI အသုံးပြုမှုအတွေ့အကြုံစသည်တို့အပေါ် မူတည်၍ ရွေးချယ်သွားမည်ဖြစ်ပါသည်။ စိစစ်ရွေးချယ်နေစဥ်အတောအတွင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှ ဖုန်းဖြင့်ဆက်သွယ်အတည်ပြုခြင်းများ ရှိနိုင်ပါသည်။
ရွေးချယ်မှုရလဒ်ကို ဩဂုတ်လ ၂၆ ရက်နေ့တွင် Email မှတစ်ဆင့် အကြောင်းကြားပေးမည်ဖြစ်ပါသဖြင့် Email ကို ပုံမှန်စစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ရံဖန်ရံခါ Spam Mail ထဲသို့ ရောက်ရှိနေတတ်ပါသဖြင့် သတိပြုပေးပါရန်။
ဝင်ရောက်ပါဝင်လျှောက်လွှာတင်ကြဖို့ကို စောင့်မျှော်နေပါသည်။
31/07/2026
📢 “Japan Culture & Education Fair 2026 ကျင်းပမည့် အစီအစဉ်နှင့် JFYG စင်တာ ပိတ်ရက်များအား အသိပေးကြေညာခြင်း”📢19/06/2026
Kyoshin Japanese Language Academy Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!16/06/2026
ဝန်ထမ်းခေါ်ယူခြင်း ပြည်သူ့ဆက်ဆံရေးနှင့် စာကြည့်တိုက်စီမံခန့်ခွဲရေးလက်ထောက် ဝန်ထမ်း15/06/2026
📢 အသိပေးကြေညာချက်10/06/2026
📢『IRODORI ဂျပန်နိုင်ငံနေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』၏29/05/2026
IBB Japanese Language Schoolမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!30/04/2026
【မင်္ဂလာပါ Sensei (၂၈)ကြိမ်မြောက် :ဆရာမ 能勢理子(NOSE Michiko)】24/04/2026
EAJS 2026 ခရီးစဉ်ထောက်ပံ့မှုအစီအစဉ်အတွက် လျှောက်လွှာခေါ်ယူခြင်း23/04/2026
Yangon JM Japanese Language Schoolမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!22/04/2026
တဒို့ခု၏လူကြိုက်အများဆုံးစာအုပ်များ21/04/2026
📖JFYG၏ယခုလအတွက် အကြံပြုသောစာအုပ် 📖09/04/2026
【မြန်မာနှစ်သစ်ကူးနှင့်သင်္ကြန်ပွဲတော်ရုံးပိတ်ရက် အသိပေးကြေညာခြင်း】01/04/2026
📣 “Irodori ဂျပန်နိုင်ငံနေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား” ၏ Pre-intermediate (A2/B1 level) ထွက်ရှိလာပြီဖြစ်ကြောင်း အသိပေးခြင်း✨24/03/2026
စင်တာပိတ်ရက်အပြောင်းအလဲအားအသိပေးကြေညာချက်21/03/2026
(၁၀)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကို အသုံးပြုပြီး စကားပြော(kaiwa)ပိုမိုကျယ်ပြန့်လာအောင် လုပ်ကြရအောင်】ကို ကျင်းပခဲ့ခြင်း။11/03/2026
ZA Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!07/03/2026
မင်္ဂလာပါ Sensei (၂၇)ကြိမ်မြောက် :ဆရာမဝင်းသိင်္ဂီကျော်03/03/2026
အဖွဲ့လိုက်လေ့လာရေးခရီး “Visit JFYG” အတွက် လျှောက်လွှာများ လက်ခံနေပါသည် (၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ)18/02/2026
Kira Kira Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!17/02/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း17/02/2026
Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။11/02/2026
စင်တာပိတ်ရက် အသိပေးကြေညာခြင်း04/02/2026
Waku Waku Nihongo ❝Challenge with Erin!❞ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း24/01/2026
(၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။16/01/2026
၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း15/01/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း14/01/2026
Akafuji Vocational Training Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!09/01/2026
Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ!02/01/2026
ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း26/12/2025
နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း30/12/2025
မင်္ဂလာပါ Sensei (၂၆)ကြိမ်မြောက် :ဆရာမ ရွှန်းလဲ့နဒီမောင်26/12/2025
Folded Heritage: Japanese Origami Workshop14/12/2025
ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် “CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ” ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီးခြင်း03/12/2025
Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!06/11/2025
ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater05/11/2025
AIMI Japanese Language Center မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!01/10/2025
SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!04/04/2025
မန္တလေးမြို့တွင် ကျင်းပမည့် JFT-Basic စာမေးပွဲအား ဖျက်သိမ်းကြောင်း ကြေငြာခြင်း13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)