ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲ  

  • Aug 21, 2026 ~ Aug 21, 2026
  • 6.00 pm
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

အားလုံးပဲ မင်္ဂလာပါ။  

မြန်မာနိုင်ငံ ဂျပန်ဘာသာဆရာများအသင်းနှင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) မှ ပူးပေါင်း၍ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲကို ပုံမှန်ကျင်းပလျက်ရှိပါတယ်။ သြဂုတ်လမှာတော့ “ခန်းဂျိသင်ကြားခြင်းအတွက် အကြံဉာဏ်ကောင်းများ” အနေနဲ့ အလွတ်ကျက်မှတ်တဲ့ လေ့လာနည်းမဟုတ်တဲ့ ခန်းဂျိသင်ကြားနည်းကို လေ့လာကြမှာဖြစ်ပါတယ်။ ဟောပြောပို့ချပေးသွားမှာကတော့ Sensei S လို့ လူသိများကြတဲ့ ဆရာမ စန္ဒာပြုံးဖြစ်ပါတယ်။ မြန်မာလူမျိုးတွေနဲ့ ကိုက်ညီမယ့် ခန်းဂျိသင်ကြားနည်းကို အတူတူစဉ်းစားကြည့်ကြရအောင်။  

အားလုံးပဲ ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါရစေ။  

၂၀၂၆ ခုနှစ် သြဂုတ်လ ၂၁ရက် (သောကြာနေ့) ည ၆ နာရီ~ 

※zoomဖြင့် အွန်လိုင်းမှကျင်းပသွားမှာဖြစ်ပါတယ်။ ပါဝင်တက်ရောက်ရန် QR code သို့မဟုတ် အောက်ပါလင့်မှ နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။ 

https://docs.google.com/forms/d/e/1FAIpQLScllJ1UI5UXjzUVE9PECxMx0PwcSx7rSjXiCQTrBTxT1wanrA/viewform 

ဆရာအများအပြား ပါဝင်တက်‌ရောက်ကြသည်ကို စောင့်မျှော်နေပါတယ်။ 💪 

Available in 日本語 and English.

Notice & Announcements

View All