Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ

  • Oct 1, 2026 ~ Oct 1, 2026
  • နံနက် (10:00~11:30) အထိ
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

အားလုံးပဲ မင်္ဂလာပါ။ 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံသို့သွားရောက်ကြမည့်သူများအတွက် ကွက်တိအထောက်အကူပြုမည့် ဂျပန်ယဥ်ကျေးမှုအစီအစဥ် “Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”ဆိုတဲ့ အစီအစဥ်လေးကို လစဥ်ပြုလုပ်ပေးနေပါတယ်။ ဒီအစီအစဥ်လေးမှာဆိုရင် ဂျပန်နိုင်ငံမှာနေထိုင်စဥ်အတွင်း သိထားလျှင်အထောက်အကူဖြစ်နိုင်မည့် နေ့စဥ်နေထိုင်မှုဘဝနှင့်ပတ်သက်တဲ့ ယဥ်ကျေးမှုတွေကို ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မှာဖြစ်ပါတယ်။ 

(၆)ကြိမ်မြောက်ခေါင်းစဥ်လေးကတော့ “နေမကောင်းဖြစ်ခဲ့သော်…”ဖြစ်ပြီး၊ အောက်တိုဘာလ (၁)ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (10:00~11:30)အထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။  

နိုင်ငံခြားမှာနေထိုင်တဲ့အခါ နာမကျန်းဖြစ်တာမျိုးတွေလည်းရှိနိုင်တာမလို့ ဂျပန်မှာနေမကောင်းဖြစ်တဲ့အခါ ဘယ်လိုလုပ်ကြမလဲ? ဂျပန်နိုင်ငံကိုရောက်ပြီးမှ အခက်မတွေ့ရလေအောင် အတူတူပျော်ပျော်ရွှင်ရွှင်လေ့လာကြည့်ကြရအောင်။ 

ဂျပန်ဘာသာ၊ မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဂျပန်ဘာသာစကားမှာ ယုံကြည်မှုသိပ်မရှိသူများလည်း ပါဝင်နိုင်တာမလို့ အားလုံးဆက်ဆက် ပါဝင်ပေးကြပါဦးနော်။ 

■နေ့ရက် နှင့် အချိန်:၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ (ကြာသပတေးနေ့)၊ မြန်မာစံတော်ချိန် နံနက် (10:00~11:30) အထိ 

■နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG) 

        အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ 

■အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။ 

■ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။ 

■ပါဝင်ကြေး:အခမဲ့။    

■ပါဝင်နိုင်သူများ:မြန်မာလူမျိုးဂျပန်ဘာသာစကားလေ့လာနေသူများအားလုံး (မည်သည့်levelမဆို ပါဝင်နိုင်ပါတယ်။) 

■အသုံးပြုမည့်ဘာသာစကား:ဂျပန်ဘာသာစကား နှင့် မြန်မာဘာသာစကား။ 

■လျှောက်ထားရန်:အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်လွှာတင်ပေးပါ။ 

https://forms.cloud.microsoft/r/VQeZ0eYw2S 

■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့ (အင်္ဂါနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ။ 

■သတ်မှတ်ဦးရေ:၃၀ ဦး။  

 

Notice & Announcements

View All