ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Jun 26, 2026 ~ Jun 26, 2026
(①10:00~11:30AM ②2:00~3:30PM)

【ဇွန်လSura Suraတဒို့ခုစာဖတ်ပွဲနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း】
ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင်  လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း "Sura Sura တဒို့ခုပွဲ” ကို ကျင်းပလျက်ရှိပါတယ်။ ”တဒို့ခု”(多読)...

Venue : The Japan Foundation, Yangon  
No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

Jun 20, 2026 ~ Jun 20, 2026
(18:00~)

ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲ
အားလုံးပဲ မင်္ဂလာပါ။ မြန်မာနိုင်ငံ ဂျပန်ဘာသာဆရာများအသင်းနှင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) မှ ပူးပေါင်း၍ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲကို ပုံမှန်ကျင်းပလျက်ရှိပါတယ်။ ဇွန်လမှာ “ကျွမ်းကျင်မှုကိုပျိုး‌ထောင်ပေးမည့်ဂျပန်ဘာသာသင်ဆရာဖြစ်လာစေရန် အကြံပြုချက်များ”...

Venue : zoomဖြင့် အွန်လိုင်း

Jun 26, 2026 ~ Jul 24, 2026
(ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့ မြန်မာစံတော်ချိန် ညနေ ၆နာရီမှ ၈နာရီအထိ※ဇူလိုင် ၃ရက် (သောကြာ)သည် JLPT စာမေးပွဲမတိုင်မီဖြစ်သောကြောင့် သင်တန်းနားပါသည်။ (စုစုပေါင်း ၈ကြိမ်))

【ဂျပန်ဘာသာစကား သီးခြားစွမ်းရည် သင်ကြားရေးနည်းစနစ်သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးခြင်း】
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှ ကျင်းပပြုလုပ်သော ဆွေးနွေးပွဲနှင့် နှီးနှောဖလှယ်ပွဲများမှာ ပါဝင်တက်ရောက်ပေးကြသော ဆရာ၊ ဆရာမများအားလုံးအား ကျေးဇူးအထူးတင်ရှိပါတယ်။ ယခုတစ်ကြိမ်တွင်တော့ "အသံထွက်ကို သင်ကြားပေးမယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ သီးခြားစွမ်းရည်...

Venue : Online (Zoom)

Notice & Announcements

View All