【Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ】(၈)ကြိမ်မြောက်

  • Nov 20, 2026 ~ Nov 20, 2026
  • မြန်မာစံတော်ချိန် နေ့လည် (2:00~4:00) အထိ
  • ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)

    အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အားလုံးပဲ မင်္ဂလာပါ။ 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံသို့သွားရောက်ကြမည့်သူများအတွက် ကွက်တိအထောက်အကူပြုမည့် ဂျပန်ယဥ်ကျေးမှုအစီအစဥ် “Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”ဆိုတဲ့ အစီအစဥ်လေးကို လစဥ်ပြုလုပ်ပေးနေပါတယ်။ ဒီအစီအစဥ်လေးမှာဆိုရင် ဂျပန်နိုင်ငံမှာနေထိုင်စဥ်အတွင်း သိထားလျှင်အထောက်အကူဖြစ်နိုင်မည့် နေ့စဥ်နေထိုင်မှုဘဝနှင့်ပတ်သက်တဲ့ ယဥ်ကျေးမှုတွေကို ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မှာဖြစ်ပါတယ်။ 

(၈)ကြိမ်မြောက်ခေါင်းစဥ်လေးကတော့ “ဆောင်းရာသီကိုဖြတ်သန်းနည်း”ဖြစ်ပြီး၊ နိုဝင်ဘာလ (၂၀)ရက်နေ့ (သောကြာနေ့)၊ နေ့လည် (2:00~4:00)အထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။  

ဂျပန်မှာက ရာသီဥတု(၄)မျိုးရှိပြီး၊ အဲဒီ့အထဲမှာမှ ဆောင်းရာသီဟာအရမ်းအေးတယ်ဆိုတာ အားလုံးလည်း သိထားပြီးသားဖြစ်ကြမှာပါ။ ဆောင်းရာသီကိုဖြတ်သန်းဖို့ ဘာတွေသတိထားသင့်သလဲဆိုတာရော သိကြပါသလား? ဂျပန်နိုင်ငံကိုရောက်ပြီးမှ အခက်မတွေ့ရလေအောင် အတူတူပျော်ပျော်ရွှင်ရွှင်လေ့လာကြည့်ကြရအောင်။ 

ဂျပန်ဘာသာ၊ မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဂျပန်ဘာသာစကားမှာ ယုံကြည်မှုသိပ်မရှိသူများလည်း ပါဝင်နိုင်တာမလို့ အားလုံးဆက်ဆက် ပါဝင်ပေးကြပါဦးနော်။ 

ထို့အပြင် ဒီတစ်ကြိမ်တွင်  “Zenzai”ဆိုတဲ့ ဆောင်းရာသီမှာစားရသော ပူပူနွေးနွေးအချိုပွဲလေးတစ်ခုကိုလည်း စမ်းစားသုံးကြည့်လို့ရအောင်ပြင်ထားပေးမှာမလို့ ပိတ်ရက်မတိုင်ခင် ဆက်ဆက်ပါဝင်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ 

 

■နေ့ရက် နှင့် အချိန်:၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ (သောကြာနေ့)၊ မြန်မာစံတော်ချိန် နေ့လည် (2:00~4:00) အထိ 

■နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG) 

        အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ 

■အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။ 

■ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။ 

■ပါဝင်ကြေး:အခမဲ့။    

■ပါဝင်နိုင်သူများ:မြန်မာလူမျိုးဂျပန်ဘာသာစကားလေ့လာနေသူများအားလုံး (မည်သည့်levelမဆို ပါဝင်နိုင်ပါတယ်။) 

■အသုံးပြုမည့်ဘာသာစကား:ဂျပန်ဘာသာစကား နှင့် မြန်မာဘာသာစကား။ 

■လျှောက်ထားရန်:အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်လွှာတင်ပေးပါ။ 

はっけん!日本の生活文化 第8回 「冬の過ごし方」 申し込みフォーム – Fill out form 

■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် နေ့လည် (၁၂)နာရီ။ 

■သတ်မှတ်ဦးရေ:၃၀ ဦး။  

 ※လျှောက်ထားသူများပြားသောအခါမျိုးတွင် လျှောက်လွှာဖောင်ကိုစော၍ ပိတ်ခြင်းမျိုးလည်းရှိနိုင်ပါတယ်။ 

Notice & Announcements

View All