ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

date

ဂျပန်နိုင်ငံ၏နေထိုင်မှုဘဝအကြောင်းကို လေ့လာကြည့်ရအောင်
အပိုင်း(၅) : ❝စက်ဘီးစီးတဲ့အခါ လိုက်နာရမယ့်စည်းမျဉ်းများ❞ [video width="1080" height="1920" mp4="https://yg.jpf.go.jp/wp-content/uploads/2026/04/日本の生活を見てみよう!-第5回-自転車のルール.mp4"][/video] အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်း (JF)က ထုတ်လုပ်ထားသော ဂျပန်ဘာသာစကားသင်ကြားရေးသင်ထောက်ကူတစ်ခုဖြစ်သည့်『IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက်...

Apr 8, 2026 ~ Apr 8, 2026
(午前10:00~11:30 )

N5 ကစပြီး ပါဝင်နိုင်မယ့် ❝WAKU WAKU NIHONGO「アニメ・マンガの日本語でゲームをしよう!」❞ (အနီမဲ၊ မန်ဂထဲက ဂျပန်စကားနဲ့ ဂိမ်းကစားကြမယ်)
သင်ဟာ anime ကြည့်ရတာကို နှစ်သက်တဲ့သူဖြစ်ပါသလား။ manga ဖတ်တာကို ဝါသနာပါတဲ့သူ ဖြစ်ပါသလား။ anime, manga တွေထဲက ဇာတ်ကောင်တွေအတိုင်း လိုက်ပြောကြည့်ရင်း ဂျပန်စကားကို တိုးတက်အောင်ကြိုးစားကြည့်ချင်တယ်လို့...

Venue : 国際交流基金 ヤンゴン日本文化センター(JFYG)
(No -70, Nat Mauk Lane (1), Bahan Township, Yangon)

Mar 27, 2026 ~ Mar 27, 2026
(10:00~11:30)

Sura Suraတဒို့ခုစာဖတ်ပွဲ
ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာတွင်  လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း「Sura Sura တဒို့ခုပွဲ」ကို ကျင်းပလျက်ရှိပါတယ်။「တဒို့ခု」ဆိုသည်မှာ လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာဖြင့်ရေးထားသားသည့် စာအုပ်များကို...

Venue : The Japan Foundation, Yangon                 
No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

Notice & Announcements

View All