ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

လှုပ်ရှားမှုများ

Oct 16, 2026 ~ Oct 16, 2026
(နေ့လယ် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ )

ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “ဒေသိယစကားများ”
ဂျပန်စာလေ့လာနေတာကြာနေပြီဆိုပေမယ့် ဂျပန်လိုပြောမထွက်ဘူး... ဂျပန်လူမျိုးနဲ့ ဂျပန်လိုပြောဆိုဆက်ဆံတဲ့အခါမှာ ပြောနေတာကို အကုန်နားလည်ပေမယ့် ဂျပန်လို အကြောင်းပြန်ဖို့  မထွက်လာဘူး ဆိုတဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသလား။   ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)သည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့...

Venue : The Japan Foundation, Yangon
No.70 Nat Mauk Lane(1), Bahan Township, Yangon, Myanmar

Oct 17, 2026 ~ Oct 17, 2026
(မနက် ၁၀ နာရီမှ ၁၂ နာရီ )

ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် အောက်တိုဘာလဆွေးနွေးပွဲ  
အားလုံးပဲ မင်္ဂလာပါ။   မြန်မာနိုင်ငံ ဂျပန်ဘာသာဆရာများအသင်းနှင့် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) မှ ပူးပေါင်း၍ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် ဆွေးနွေးပွဲကို ပုံမှန်ကျင်းပလျက်ရှိပါတယ်။ အောက်တိုဘာလတွင် JFYG ၌...

Venue : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)

အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

Oct 14, 2026 ~ Oct 14, 2026
(မနက် ၁၀ နာရီမှ ၁၁ နာရီခွဲ )

၂၀၂၇ ဘဏ္ဍာရေးနှစ် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများအတွက် သင်တန်းအစီအစဉ်များနှင့်ပတ်သက်သည့်ရှင်းလင်းပွဲ 
ဂျပန်ဖောင်ဒေးရှင်း(JF)သည် ဂျပန်နိုင်ငံရှိ The Japan Foundation Japanese-Language Institute, Urawa တွင် နိုင်ငံရပ်ခြားရှိဂျပန်ဘာသာသင်နိုင်ငံခြားသားဆရာများ ဂျပန်ဘာသာသင်ကြားနည်းနှင့် ဂျပန်ဘာသာ၊ ဂျပန်ယဉ်ကျေးမှုစသည်တို့ကို လေ့လာသင်ယူနိုင်သည့်သင်တန်းအစီအစဉ်များကို နှစ်စဉ်ပြုလုပ်လျက်ရှိပါသည်။...

Venue : Hybrid (JFYG / Zoom)

Notice & Announcements

View All