japanese language

ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

Activities

Dec 16, 2023 ~ Dec 16, 2023
(9:30-11:30 )

သတ္တမအကြိမ်မြောက်မြန်မာလူမျိုးဂျပန်ဘာသာသင်ဆရာ၊ ဆရာမများအတွက် ပုံမှန်ပြုလုပ်သွားမည့် ဂျပန် ဘာသာသင်ကြားရေးနှင့် ပတ်သက်သည့်ဆွေးနွေးပွဲ
ဆွေးနွေးပွဲအကြောင်းအရာ - Irodori ရဲ့ အခြားသင်ထောက်ကူများကိုလေ့လာကြရအောင်။ ဂျပန်ဘာသာသင်ကြားနေသောဆရာ၊ ဆရာမများအားလုံးပဲမင်္ဂလာပါ။ ပြီးခဲ့တဲ့လတွေမှာမလုပ်ဖြစ်ခဲ့တဲ့ ဆွေးနွေးပွဲကို ဒီလမှာပြန်လည်ကျင်းပသွားပါမယ်။ သတ္တမအကြိမ်မြောက်ရဲ့ ခေါင်းစဥ်ကတော့ Irodori ရဲ့ အခြားသင်ထောက်ကူများကိုလေ့လာကြရအောင်  ဖြစ်ပါသည်။ Irodori ဝက်ဘ်ဆိုဒ်မှာရှိတဲ့ 「付属教材・資料အခြားသင်ထောက်ကူများ」https://yg.jpf.go.jp/irodori_category/other-resources/ ကို ကြည့်ဖူး ကြလား? အဲ့ဒီဝက်ဘ်ဆိုဒ်မှာ Irodori ကိုအသုံးပြုချိန်မှာ အသုံးဝင်မယ့် သင်ထောက်ကူတွေ၊ အချက် အလက်တွေကို လေ့လာနိုင်ပြီး ဂျပန်ဖောင်ဒေးရှင်းမှ မူရင်းသင်ထောက်ကူများလည်းပါဝင်ပါတယ်။ Irodori သင်ကြားပုံသင်ကြားနည်းတွေကိုလိုချင်တယ်၊ Minnano...

Venue :

View More

Dec 5, 2023 ~ Jan 5, 2024

၂၀၂၄ ခုနှစ်  မြန်မာနိုင်ငံ ဂျပန်ဘာသာဆရာဖြစ်မွမ်းမံသင်တန်းပရိုဂရမ်၏  အွန်လိုင်းညဘက်အတန်းအတွက် သင်တန်းသားများခေါ်ယူခြင်း
2024日本語教師育成プログラム オンライン平日夜コース 申し込み受付開始! 国際交流基金ヤンゴン日本文化センターが2018年より開始し、第6回となる日本語教師育成プログラムです。日本語教師として必要な知識や理論、実践スキルを身につけるだけでなく、コース修了後も成長し続けられる教師となることを目指します。 今回は、これまでのコースよりも短い期間で集中的に基礎を学ぶコースとなっています。また、オンラインコースでは初めての平日の夜の開催となっていますので、これまで参加が難しかった方もぜひご応募ください!   1. プログラム概要 (1)期間:2024年1月29日(月)~2024年5月30日(木)(全30回) (2)時間:月曜日と木曜日 18:00~20:00 (3)内容: 日本語や日本語教授法に関する基礎的な知識、理論を学び、オンラインでコミュニカティブに実践できる能力の育成を目指します。 基礎・教授法理論などの授業・・・約32時間 模擬授業や関連授業・・・約20時間  ※そのほか、講師との面談や試験などがあります。 (4)定員:約20名 (5)申請資格: ・ミャンマー国籍を有し、コース終了までミャンマーで受講できること。 ・JLPTのN2レベル以上であること。 ・パソコンで受講し、授業中に問題なく日本語入力ができること。 ※日本語指導経験の有無、年数は問いません。 (6)受講料:無料 (7)証明書: 出席、授業への取り組み、試験、提出物、模擬授業等を総合的に評価し、合格点を満たした受講者には、国際交流基金ヤンゴン日本文化センターより修了証明書(Certificate)が発行されます。   2. 申請方法  ・申請方法は、下記の申請要領をダウンロードしてご確認ください。  申請要領 ・申請書は下記のファイルをダウンロードしてお使いください。 申請書(Word) 申請書(PDF) ※上記の2つのファイルは同じ内容のものです。Wordファイルが開かない場合は、PDFファイル版の申請書をお選びください。   3. 提出期限...

Venue :

View More

date

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာမှပြုလုပ်သော အဖွဲ့အစည်းများထံသို့ သွားရောက်တွေ့ဆုံခြင်း၊စစ်တမ်းကောက်ယူခြင်းဆိုင်ရာနှင့်ပတ်သက်ပြီး မေတ္တာရပ်ခံချက်
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာမှ ပြုလုပ်သောစစ်တမ်းများနှင့် ပတ်သက်ပြီး အမြဲလိုလိုကူညီပေးသည့် ဂျပန်ဘာသာပညာရေးအဖွဲ့အစည်းများနှင့် အလုပ်သမားအေဂျင်စီများအား  အထူးပင် ကျေးဇူးတင်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဥ်ကျေးမှုစင်တာသည် မြန်မာနိုင်ငံရှိ ဂျပန်ဘာသာဆရာ၊ ဆရာမများ၏ ယခုလက်ရှိအခြေအနေများကို သိရှိနားလည်နိုင်ရန်နှင့် ဆရာ၊ ဆရာမများ၏စကားသံများကို အမြဲလိုလို နားစွင့်လိုသည့်အတွက် ယခုနှစ်တွင် Online မှတစ်ဆင့် ဂျပန်ပညာရေးအဖွဲ့အစည်းများကို စစ်တမ်းကောက်ယူခြင်းများကို ပြုလုပ်လျှက်ရှိပါသည်။ စစ်တမ်းကောက်ယူခြင်းတွင် ကူညီပါဝင်အားဖြည့်ပေးခဲ့သော အဖွဲ့အစည်းများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ နောက်နောင်များတွင်လည်း Online အပြင် အဖွဲ့အစည်းများသို့ ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး စစ်တမ်းကောက်ယူသွားရန် စီစဥ်လျှက်ရှိပါသည်။...

Venue :

View More

Notice & Announcements

View All