Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ

  • Oct 30, 2026 ~ Oct 30, 2026
  • မြန်မာစံတော်ချိန် ည (6:30~8:00) အထိ
  • Online (Zoom)

အားလုံးပဲ မင်္ဂလာပါ။ 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံသို့သွားရောက်ကြမည့်သူများအတွက် ကွက်တိအထောက်အကူပြုမည့် ဂျပန်ယဥ်ကျေးမှုအစီအစဥ် “Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”ဆိုတဲ့ အစီအစဥ်လေးကို လစဥ်ပြုလုပ်ပေးနေပါတယ်။ ဒီအစီအစဥ်လေးမှာဆိုရင် ဂျပန်နိုင်ငံမှာနေထိုင်စဥ်အတွင်း သိထားလျှင်အထောက်အကူဖြစ်နိုင်မည့် နေ့စဥ်နေထိုင်မှုဘဝနှင့်ပတ်သက်သည့် ယဥ်ကျေးမှုများကို ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မှာဖြစ်ပါတယ်။ 

(၇)ကြိမ်မြောက်ရဲ့ ခေါင်းစဉ်ကတော့ “လုပ်ငန်းခွင်၊ အချိန်ပိုင်းအလုပ်” ဖြစ်ပြီး အောက်တိုဘာလ ၃၀ရက်နေ့ (သောကြာနေ့) ညနေ ၆နာရီခွဲတွင် အွန်လိုင်းမှ ကျင်းပသွားမှာဖြစ်ပါတယ်။ အများစုကတော့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ချင်တယ်၊ ကျောင်းတက်ချင်တယ်လို့ စဉ်းစားနေတဲ့သူတွေ ဖြစ်ကြမယ်ထင်ပါတယ်။ ဂျပန်နိုင်ငံမှာ အလုပ်လုပ်တဲ့အချိန်မှာ သတိထားရမယ့်အရာတွေ၊ သိထားသင့်တဲ့အရာတေွက ဘာတွေဖြစ်မလဲ? အားလုံးပဲအတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့လာကြည့်ကြရအောင်။ ဂျပန်ဘာသာ၊ မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဂျပန်ဘာသာစကားမှာ ယုံကြည်မှုသိပ်မရှိသူများလည်း ပါဝင်နိုင်တာမလို့ အားလုံးဆက်ဆက် ပါဝင်ပေးကြပါဦးနော်။ 

■နေ့ရက် နှင့် အချိန်:၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့ (သောကြာနေ့)၊ မြန်မာစံတော်ချိန် ည (6:30~8:00) အထိ 

■နေရာ:Online (Zoom) 

■ပါဝင်ကြေး:အခမဲ့။    

■ပါဝင်နိုင်သူများ:မြန်မာလူမျိုးဂျပန်ဘာသာစကားလေ့လာနေသူများအားလုံး (မည်သည့်levelမဆို ပါဝင်နိုင်ပါတယ်။) 

■အသုံးပြုမည့်ဘာသာစကား:ဂျပန်ဘာသာစကား နှင့် မြန်မာဘာသာစကား။ 

■လျှောက်ထားရန်:အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်လွှာတင်ပေးပါ။     

https://forms.cloud.microsoft/r/4ACiUfc8PJ 

■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၂၈ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ။ 

■သတ်မှတ်ဦးရေ:၅၀ ဦး။  

※ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခြင်းမျိုးပြုလုပ်သွားမည်မဟုတ်သည့်အတွက် ပွဲနေ့မတိုင်ခင်Mailမှပို့ပေးမည့်Zoom linkမှတဆင့် ပါဝင်တက်ရောက်ပေးပါ။   

※Mailမရောက်တဲ့အခါမျိုးတွင် Spam folderကိုလည်း စစ်ဆေးကြည့်ပေးပါ။  

Notice & Announcements

View All