japanese language

ဂျပန်ဘာသာစကားသင်ကြားရေး

“ဂျပန်ဘာသာစကားကို သင်ယူသူများလာလေလေ ဂျပန်အကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာလေလေ”

ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ထိုဘာသာစကား၏ ယဉ်ကျေးမှုနှင့် ပိုမိုရင်းနှီးပြီး ယဉ်ကျေးမှုကို ပိုမိုနားလည်လာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှ ဂျပန်ဘာသာစကားသင်ကြားသူတိုင်း အရည်အချင်းပြည့်မီပြီး သင့်တင့်လျောက်ပတ်သော သင်ကြားရေးရရှိအောင် ဂျပန်ဘာသာသင်ကြားရေးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ဂျပန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပြုလုပ်ပေးလျက်ရှိသော ဂျပန်ဘာသာစကားပရိုဂရမ်များမှာ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (Japanese-Language Proficiency Test –JLPT)၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထောက်ပံ့ပေးခြင်း၊ ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမများအတွက် သင်တန်းများစီစဉ်ပေးခြင်းနှင့် ကမ္ဘာပေါ်ရှိ ဂျပန်ဘာသာစကားသင်ယူနေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်တမ်းများကို ကမ္ဘာအနှံ့တွင် ကောက်ယူခြင်းတို့ ဖြစ်သည်။

Activities

May 15, 2024 ~ May 15, 2024
(10:00 am - 11:30 am )

ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင် “好きな映画”
(日本語は下にあります) ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသည် ဂျပန်ဘာသာစကားလေ့လာနေသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဂျပန်အကြောင်းစတာတွေကို ဂျပန်လူမျိုးနဲ့ ဂျပန်လို ပျော်ပျော်ရွှင်ရွှင် နှီးနှော ဖလှယ်နိုင်မယ့် “ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောရအောင်” ဆိုတဲ့ အစီအစဉ်လေးကို ပြုလုပ်ပေးလျက်ရှိပါတယ်။  ဒီတစ်ခေါက်မှာတော့ “好きな映画” ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ဂျပန်လူမျိုးများနဲ့ နှီးနှောဖလှယ်ပြောကြားသွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ  အောက်ပါ‌ဖောင်ကို ဖြည့်စွက်ပြီး နာမည်စာရင်းပေးနိုင်ပါတယ်။  ဒီတခေါက်အစီအစဉ်ကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ https://forms.office.com/r/5g3VMx1GdX နေ့ရက်နှင့်အချိန်။ ။ ၂၀၂၄ ခုနှစ် မေလ...

Venue : ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

View More

May 18, 2024 ~ Jul 13, 2024

2024ခုနှစ် Irodori သင်ကြားရေးသင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အကြောင်းကြားခြင်း
国際交流基金ヤンゴン日本文化センター 2024いろどり教師養成コース開講のお知らせ (ミャンマー語の後に日本語が続きます) ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှ ပြုလုပ်သော ဆွေးနွေးပွဲများတွင် ပါဝင်ပေးသောကြောင့် ကျေးဇူးတင်ရှိပါသည်။ ယခုတစ်ကြိမ်တွင် ရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာမှ “Irodori ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား” ၏ တွေးပုံတွေးနည်း၊ သင်ကြားနည်းတို့ကို နားလည်သဘောပေါက်ပြီး Can do ကို ဦးတည်ချက်အဖြစ်ထားသောသင်တန်းကို သင်ကြားနိုင်မည့် ဆရာများကို လေ့ကျင့်ပေးသည့်သင်တန်းကို ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ သင်ယူသူရှုထောင့်မှ အတန်းတက်ရောက်လေ့လာကြည့်ခြင်း၊ သင်တန်းပို့ချခြင်း၊ သရုပ်ပြသင်ကြားခြင်း တို့မှတစ်ဆင့် ထိရောက်မှုရှိသော သင်ကြားရေးပုံစံကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဤအခွင့်အရေးကို အသုံးချပြီး ယုံကြည်မှုရှိစွာဖြင့်...

Venue : The Japan Foundation,Yangon
No.70 Nat Mauk Lane(1), Bahan Township, Yangon   

View More

Feb 17, 2024 ~ Feb 17, 2024
(10:00 am - 11:45 am)

၁၅ ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲ
(ミャンマー語の後に日本語が続きます) အားလုံးပဲ မင်္ဂလာပါ။ ၁၅ ကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲကို အွန်လိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ ဒီတစ်ခေါက်မှာတော့ “e-learning” အကြောင်းကိုအဓိကထားဆွေးနွေးသွားမှာဖြစ်ပြီး Japan Faountion က ထုတ်လုပ်ထားတဲ့ Online Course၊ Website၊ Application အစရှိတဲ့ e-learning သင်ထောက်ကူအမျိုးမျိုးနှင့် ပတ်သက်ပြီး မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများအတွက် ကိုယ်တိုင်လေ့လာနိုင်ဖို့ သင်ထောက်ကူအဖြစ်၊ သို့မဟုတ် သင်ကြားရေးမှာအသုံးပြုနိုင်ရန် သင်ထောက်ကူအဖြစ် “e-learning” အကြောင်းလေ့လာကြရအောင်။ ပါဝင်တတ်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။...

Venue :

View More

Notice & Announcements

View All