art and culture exchange

ယဉ်ကျေးမှုနှင့် အနုပညာဖလှယ်ခြင်း

အနုပညာနှင့် နေ့စဉ်လူနေမှုဘဝများမှတစ်ဆင့် လေးနက်သော ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးနှင့် လူမှုအသိတရား စံနှုန်းထားများကို လေ့လာနိုင်မည့် အခွင့်အရေးများကို ဖန်တီးပေးခြင်း

စက္ခုဆိုင်ရာ ရသအာရုံများ ပေးစွမ်းသော fine arts ပန်းချီ၊ ဓာတ်ပုံ ဖန်တီးမှုများ၊ သဘင်၊ စာပေ၊ ရုပ်ရှင်၊ အစားအသောက်၊ ဖက်ရှင် အစရှိသည့် အနုပညာနှင့် ယဉ်ကျေးမှုသည် မတူညီသော တန်ဖိုးများ၊ အတွေးအခေါ်များကို ဖြစ်ပေါ်လာစေသည်။ ၄င်းတို့သည် လူတို့ မည်သို့မည်ပုံ ပြုမူတွေးခေါ်ကြသည်၊ မတူညီသော ဘာသာစကားနှင့် အစွဲများကို ကျော်လွန်ပြီး အပြန်အလှန်နားလည်မှုကို မည်သို့ တည်ဆောက်ကြသည်ကို သိမြင်စေသည်။ ဂျပန်ဖောင်ဒေးရှင်းသည် ကမ္ဘာတစ်ဝှမ်းမှလူများ ဂျပန်ယဉ်ကျေးမှုနှင့် အနုပညာကို သိမြင်ခံစားနိုင်စေရန်အတွက် အနုပညာရှင်များကို ထောက်ပံ့ပေးခြင်း၊ အနုပညာလက်ရာများကို ပြသခြင်းနှင့် နိုင်ငံတကာ အနုပညာကွန်ယက်များနှင့် ချိတ်ဆက်ခြင်းတို့ဖြင့် များစွာသော အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိပါသည်။

Activities

Sep 30, 2023 ~ Sep 30, 2023

Okinawa Month
ကာရာတေး မွေးဖွားရာ အိုကီနာဝါ (Okinawa: The Birthplace of Karate) အိုကီနာဝါရဲ့ ရိုးရာကိုယ်ခံပညာက ဘာလဲဆိုတာ သိပါသလား? ကာရာတေး (空手) ဖြစ်ပါတယ်။ ဂျပန်မှာ ကာရာတေးကို “ဟေးဝ နို ဘူ” (平和の武) (ငြိမ်းချမ်းရေး ကိုယ်ခံပညာ) လို့ ခေါ်ကြပြီး ကမ္ဘာတစ်ဝှမ်း ကာရာတေးပညာရပ်ကို လေ့လာလေ့ကျင့်နေသူ လူဉီးရေ ၁၃၀ သိန်းရှိပါတယ်။ ကာရာတေး ကိုယ်ခံပညာက အိုကီနာဝါကနေ ဖြစ်လာတယ်ဆိုတာ...

Venue :

View More

Sep 23, 2023 (10 am, 2pm )

Okinawa month
အိုကီနာ၀ါနဲ့ အဲအိဆာ(エイサー)ခွဲခြားလို့မရတဲ့အရာ၊ အိုကီနာ၀ါ အဲအိဆာအကသည် ဂျပန်တွင်သာမက အပြည်ပြည်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားများကြားတွင်လဲ ကျော်ကြားသောအကတစ်ခုဖြစ်သည်။ အီယာဆာဆာ(イーヤーサーサー)နဲ့ ဟာအီယာ(ハーイーヤー) သံပြိုင်ထွက်သည့် ညာသံနှင့်အတူ အားမာန်အပြည်နှင့် စည်ကြီး၊စည်ငယ် အသွယ်သွယ် မှ ညီညာတီးခတ် ပဲ့တင်သံနှင့်အတူ စီတန်းလှည့်လည်လေ့ရှိသော အဲအိဆာအကသည် လျူးကျူးခေတ်မှ ယနေ့အထိတိုင် အိုကီနာ၀ါ၏ ထင်ရှားသော ယဥ်ကျေးမှုပြယုဂ် ပွဲတော်တစ်ခုဖြစ်သည်။ ဂျပန်ပြည်မ ရှိ ဒေသအချို့နဲ့ မတူ၊ မူကွဲသော အိုဘုန်းပွဲတော်တွင် တီးခတ်ကပြဖျော်ဖြေလေ့ရှိပြီး၊ ပွဲတော်ကျင်းပချိန် နွေရာသီတွင်...

Venue :

View More

Sep 16, 2023 ~ Sep 16, 2023
(10 am, 2pm )

Okinawa Month
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ယဥ်ကျေးမှုစင်တာ မှာ မပြုလုပ်တာကြာပြီဖြစ်တဲ့ Origami Workshop အစီအစဥ်လေးကို ဒီတစ်ခေါက် Okinawa Month မှာထည့်သွင်းပြုလုပ် စီစဥ်ထားပါတယ်။ ခေါက်ရမဲ့ စက္ကူအရုပ်လေးတွေကတော့ အိုကီနာ၀ါရိုးရာ Shīsā, シーサー (ရှီဆာခြင်္သေ့) အိုခီနာ၀ါကျွန်းပတ်လည် ပင်လယ်ပြင်တွင် နေထိုင်ကျက်စားသော Whale shark (ジンベエザ) ဝေလငါး နှင့် အိုကီနာ၀ါကျွန်းတွင် ပွင့်လေ့ရှိသော Hibiscus (ハイビスカス)ခေါင်ရမ်းပန်းတို့ ဖြစ်ပါတယ်။ Level ကတော့ Beginner နဲ့...

Venue :

View More

ဗီဒီယိုများ

“ ဂျပန်သံအမတ်ကြီး မစ္စတာ မာရုယာမာနှင့် ဂျပန်လိုပြောကြရအောင်” ဗွီဒီယို အစအဆုံး / オンライン交  流イベント「丸山大使と日本語で話そう!」完全ヴァージョン

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ သည် ၂၀၂၀ခုနှစ် ဇွန်လ ၃၀ရက်နေ့ (အင်္ဂါနေ့)တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး မစ္စတာ မာရုယာမ အိချိရောနှင့် ဂျပန်ဘာသာလေ့လာသင်ယူနေသူ ၁၁ဦးတို့ပါဝင်သော အွန်လိုင်းမှ နှီးနှောဖလှယ်သည့် “ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမနဲ့ ဂျပန်လိုပြောကြရအောင်” အစီအစဥ်အား ကျင်းပခဲ့ပါသည်။ ထိုအစီအစဉ်အား မြန်မာစာတန်းထိုးဖြင့် တင်ဆက်ပေးသွားပါမည်။ ၁ နာရီ ၁၉ မိနစ်ကြာ အစီအစဉ်အစအဆုံးအား ကြည့်ရှုခံစားနိုင်ပါသည်။

“ Gagaku” ဂျပန်နန်းတွင်းတေးဂီတအကြောင်းမိတ်ဆက် Video

ဂီတကို လူသားတွေရဲ့ စိတ်နှလုံးဝိညာဥ်ဟု တင်စားခေါ်ဆိုကြလျှင် “Gagaku” (ဂဂခု) လို့ခေါ်တဲ့ ဂျပန်နန်းတွင်းတေးဂီတကို ရှေးခေတ်ဂျပန်ပြည်၏ နှလုံးသည်းပွတ် စိတ်နှလုံးဝိညာဥ်ဟုခေါ်ရမည် ဖြစ်ပါသည်။ ဂျပန်နန်းတွင်းဂီတအကြောင်းကို အောက်ပါ video တွင် ကြည့်ရှုနားဆင်ကြရအောင်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သည် “Gagaku” ဂျပန်နန်းတွင်းဂီတ ပညာရှင် မစ္စတာ ယာမဒါ ဖုမိဟိကိုနှင့် အဖွဲ့ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် မြန်မာသို့ ဖိတ်ခေါ်ခဲ့ပါသည်။ နန်းတွင်းဂီတအဖွဲ့သည် Myanm/art တွင် “The sound of thousand years” အမည်ဖြင့် ဂျပန်နန်းတွင်းတေးဂီတဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပြီး ရန်ကုန်အမျိုးသားအနုပညာတက္ကသိုလ်တွင် “ယနေ့ခေတ်တွင် ရိုးရာတေးဂီတကို ဖျော်ဖြေတီးခတ်ခြင်း” ခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ယခု video တွင် မစ္စတာ ယာမဒါနှင့် ဂျပန်နန်းတွင်းဂီတအဖွဲ့မှ “Gagaku” နန်းတွင်းဂီတအကြောင်း၊ နန်းတွင်းဂီတတီးခတ်ရာတွင် အသုံးပြုသော တူရိယာများနှင့် ၄င်းတို့၏ သမိုင်းကြောင်းကို အကျဥ်းချုံး မိတ်ဆက်ရှင်းပြသွားမှာ ဖြစ်ပါတယ်။

ယခုမိတ်ဆက် video အပြီး နောက်ပိုင်းမှာ မစ္စတာ ယာမဒါနှင့်အဖွဲ့ တီးခတ်ဖန်တီးထားသည့် နန်းတွင်းတေးဂီတ သီချင်းအချို့ကိုလည်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Facebook page တွင် တင်ဆက်ဝေမျှပေးသွားမည်ဖြစ်ပါသဖြင့် စောင့်မျှော်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

Notice & Announcements

View All