ဩဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ကျင်းပမည့် Japan Culture & Education Fair 2026 မှာ ဂျပန်အငွေ့အသက်လေးတွေကို အတူတူခံစားကြရ‌အောင်!

  • Aug 1, 2026 ~ Aug 2, 2026
  • 10:00am~3:30pm (Last entry 15:00)
  • Meliá Yangon (Inya Ballroom及びFunction Room 1)

The Japan Foundation Yangon (JFYG) သည် License Academy Co., Ltd.၊ မြန်မာနိုင်ငံ ဂျပန်ပြန်ကျောင်းသားဟောင်းများအသင်း (MAJA) တို့နှင့် ပူးပေါင်းပြီး Japan Culture & Education Fair 2026 ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂျပန်နွေရာသီပွဲတော်ယဉ်ကျေးမှုကို  ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခံစားနိုင်မယ့် KIRA KIRA☆ဂျပန်နွေရာသီပွဲတော် နဲ့အတူ  ဂျပန်နိုင်ငံမှ လာရောက်ပြသကြမည့် တက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းကောလိပ်များ၊ ဂျပန်ဘာသာစကားကျောင်းများနှင့် ပညာသင်ဆု/ပညာရေးဆိုင်ရာ အကြံဉာဏ်များ ရယူနိုင်မယ့် ဂျပန်ပညာ‌တော်သင်ဆွေးနွေးပွဲ နှစ်ခုစလုံးကို နေရာတစ်ခုတည်းမှာ တစ်ပြိုင်နက်တည်း ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။

Cosplayer များရဲ့ စင်မြင့် ဖျော်ဖြေတင်ဆက်မှုများ၊ ကန်ဒို (Kendo) နှင့် ကရာတေး (Karate) ပြသပွဲများ၊ ဂျပန်ယဉ်ကျေးမှုကို လေ့လာနိုင်မယ့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဂိမ်းကစားနည်း အစီအစဉ်များ၊ ယုကတ (Yukata) ဝတ်ဆင်မှု အတွေ့အကြုံများနှင့် ဂျပန်ပညာတော်သင် အကြံပေးကောင်တာများ စသည့် ပျော်ရွှင်စရာကောင်းပြီး ဂျပန်ယဉ်ကျေးမှုကို အခမဲ့ ထိတွေ့လေ့လာနိုင်မယ့် အစီအစဉ်များစွာကိုလည်း  ပြင်ဆင်ပေးထားပါတယ်။

✨ပွဲအစီအစဉ်အကျဉ်းချုပ်✨

🏮 နေ့ရက် ။      ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက် (စနေနေ့) နှင့် ၂ ရက် (တနင်္ဂနွေနေ့)

🎆အချိန် ။          ။ မနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲ (last entry time ညနေ ၃ နာရီ)

🏮နေရာ ။          ။ Melia Yangon (Inya Ballroom, Function Room 1)

🎆ကြီးမှူးကျင်းပမည့်အဖွဲ့အစည်းများ ။     ။

[KIRA KIRA☆ဂျပန်နွေရာသီပွဲတော်]

The Japan Foundation, Yangon (JFYG), Myanmar Association of Japan Alumni (MAJA)

[ဂျပန်ပညာ‌တော်သင်ဆွေးနွေးပွဲ]

Licence Academy

🏮ပူးပေါင်းပါဝင်ကူညီသည့်အဖွဲ့အစည်းများ။         ။ Myanmar Japan Center (MJC)၊ Okayama University Japan Educational Information Center (OJEIC)

🎆 Sponsor ကုမ္ပဏီများ။            ။ MUFG Bank, Ltd., Yangon Branch, All Nippon Airways (ANA) Yangon Branch, Marubeni Yangon Branch, MIYAKO FOOD MYANMAR Co., Ltd

🏮ပံ့ပိုးကူညီမှု ။               ။မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး

🎆 Study in Japan ပြပွဲတွင် ပါဝင်ပြသမည့် အဖွဲ့အစည်းများ။         ။

TAMA University, Kyoto Tachibana University, Kyoshin Language Academy, Kyoto Language Academy, SYONAN JAPANESE ACADEMY HAMAMATSU CAMPUS, Yu Language Group, Global Innovation Consulting, License Academy Inc.

🏮 ဝင်ကြေး။                   ။ အခမဲ့

🎆စုံစမ်းမေးမြန်းရန်။                     ။

KIRA KIRA☆ဂျပန်နွေရာသီပွဲတော် အတွက်

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (ဖုန်း 01-43920/1၊ မေးလ် info_JFYG@jpf.go.jp)

ဂျပန်ပညာ‌တော်သင်ဆွေးနွေးပွဲ အတွက်

Nice Myanmar (ဖုန်း 09-409122212/09-897408617၊ မေးလ်  information@nicemyanmartravel.com)

ဂျပန်ပညာ‌တော်သင်ဆွေးနွေးပွဲကို လာရောက်ကြမယ့်သူများ အောက်ပါလင့်ကနေ ကြိုတင်နာမည်စာရင်းပေးသွင်းထားရပါမယ်။ KIRA KIRA☆ဂျပန်နွေရာသီပွဲတော်ကို လာရောက်ကြသူတွေကြတော့ ကြိုတင်နာမည်စာရင်း ပေးစရာမလိုပါဘူး။

https://forms.gle/ZMUPyXr5gbdNN2qJ8

Notice & Announcements

View All