ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများ ငှားရမ်းဝန်ဆောင်မှု

ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာသည် မြန်မာနိုင်ငံအတွင်း ဂျပန်ယဉ်ကျေးမှုကို မိတ်ဆက်ပေးရန်ကို အဓိကရည်ရွယ်၍ စင်တာ၏ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများကို ငှားရမ်းပေးလျက်ရှိပါသည်။

  • လျှောက်ထားခြင်းမတိုင်မီ အသုံးပြုစည်းမျဉ်းများကို မဖြစ်မနေ ဖတ်ရှုပါရန်တောင်းဆိုပါသည်။1.JFYG Terms and Conditions for Cultural Items Rental (April 2026)
  • ငှားရမ်းနိုင်သော ပစ္စည်းများကို ဤနေရာမှ စစ်ဆေးနိုင်ပါသည်။2.JFYG Cultural Items Rental List(2026)
  • လျှောက်လွှာပုံစံကို ဤနေရာမှ ဒေါင်းလုဒ်လုပ်ပါရန် တောင်းဆိုပါသည်။Cultural items Rental Application Form(2026)
ငှားရမ်းနိုင်သော အဖွဲ့အစည်းများ

ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများကို ဂျပန်ဘာသာသင်ကျောင်းများနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ (ပညာရေးအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများ စသည်) အတွက်သာ ငှားရမ်းပေးပါသည်။ ကိုယ်ပိုင်တစ်ဦးချင်းအတွက်မငှားရမ်းပေးပါ။
အကျိုးအမြတ်ရရှိရန် ရည်ရွယ်သော လုပ်ငန်းများ၊ ကုန်ပစ္စည်းရောင်းချမှုကို အဓိကထားသော စီးပွားရေးဆိုင်ရာ အခမ်းအနားများအတွက် မငှားရမ်းပေးပါ။

ငှားရမ်းကာလ

ငှားရမ်းနိုင်သောကာလသည် အများဆုံး ၂ ပတ်အထိ ဖြစ်ပါသည်။

ငှားရမ်းခ

ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများအားလုံးကို အခမဲ့ ငှားရမ်းပေးပါသည်။ သို့သော် လျှော်ရန်လိုအပ်သော ပစ္စည်းများ (ဥပမာ ယုကာတ) အတွက်တော့ ပြန်လည်မအပ်နှံမှီ လျှော်စက်ဆိုင်တွင် သန့်ရှင်းရေး ပြုလုပ်ပြီးမှ ပြန်ပေးရန် လိုအပ်ပါသည်။ သန့်ရှင်းရေးကုန်ကျစရိတ်ကို ငှားရမ်းသူမှ ကိုယ်တိုင်ပေး‌ဆောင်ရမည်ဖြစ်ပါသည်။

လျှောက်ထားနည်းနှင့် သတ်မှတ်ရက်

ငှားရမ်းလိုသော အဖွဲ့အစည်းများသည် စည်းမျဉ်းများကို ဂရုတစိုက် ဖတ်ရှုပြီးနောက် လျှောက်လွှာကို ငှားလိုသည့်ရက်မတိုင်မီ အနည်းဆုံး ၁ ပတ်ကြိုတင်၍ [info.jfyg@jpf.go.jp] သို့ အီးမေးလ်ဖြင့် ပို့ရန် လိုအပ်ပါသည်။ အီးမေးလ်ကို လက်ခံရရှိပြီးနောက် စင်တာတာဝန်ရှိသူမှ ဆက်သွယ်ပေးမည်ဖြစ်ပါသည်။

လက်ခံခြင်းနှင့် ပြန်လည်အပ်နှံခြင်း

ပစ္စည်းများကို လက်ခံသည့်အခါနှင့် ပြန်လည်အပ်နှံသည့်အခါတွင် လျှောက်ထားသူကိုယ်တိုင် စင်တာသို့ တိုက်ရိုက်လာရောက်ဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။ ပို့ဆောင်ပေးခြင်း (သို့မဟုတ်) စာတိုက်မှတစ်ဆင့်ပို့ဆောင်ပေးခြင်းမျိုး မဆောင်ရွက်နိုင်သဖြင့် ကြိုတင် နားလည်ပေးပါရန် တောင်းဆိုအပ်ပါသည်။

 အသုံးပြုမှုအစီရင်ခံစာ (report) ပေးပို့ခြင်း/ တင်ပြခြင်း

ငှားရမ်းထားသောပစ္စည်းများ၏အသုံးပြုပုံအသေးစိတ်ပါသည့် အသုံးပြုမှုအစီရင်ခံစာကို ပစ္စည်းပြန်အပ်သည့်နေ့မှ တစ်ပတ်အတွင်း တင်ပြပေးရန်တောင်းဆိုပါသည်။

အီးမေးလ်ပို့ရန် နမူနာ

လက်ခံသူလိပ်စာ:info.jfyg@jpf.go.jp

ခေါင်းစဉ်           :ယဉ်ကျေးမှုဆိုင်ရာပစ္စည်း ငှားရမ်းတောင်းခံမှု (အဖွဲ့အစည်းအမည်)

စာသား             :ငှားလိုသော ပစ္စည်းများ၊ ငှားလိုသောကာလ၊ အသုံးပြုရည်ရွယ်ချက်၊ အဖွဲ့အစည်းအမည်၊ တာဝန်ခံအမည်၊ ဆက်သွယ်ရန်အချက်အလက် စသည်

ပူးတွဲပါဖိုင်         :လျှောက်လွှာ

ဆက်သွယ်ရန်

အီးမေးလ်:info.jfyg@jpf.go.jp

ဖုန်း:01-430920၊ 01-430921

တာဝန်ခံ:အဆောက်အဦနှင့် ယဉ်ကျေးမှုဆိုင်ရာပစ္စည်း တာဝန်ခံ

Notice & Announcements

View All