ရန်ကုန်ရှိ ဂျပန်ဖောင်ဒေးရှင်းစင်တာသည် ပြည်သူ့ဆက်ဆံရေးနှင့် စာကြည့်တိုက်စီမံခန့်ခွဲရေး လုပ်ငန်းများဆောင်ရွက်ရန် လက်ထောက်ဝန်ထမ်းရာထူးအတွက် ဝန်ထမ်းအသစ်တစ်ဦး ခေါ်ယူလျှက်ရှိပါသည်။အသေးစိတ်အချက်အလက်များကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။
ခေါ်ယူမည့် ဝန်ထမ်းဦးရေ-(၁)ဦး
[စာချုပ်သက်တမ်းနှင့် အမျိုးအစား]: အများဆုံး (၁)နှစ်အထိ စာချုပ်သက်တမ်း ထားရှိမည် ဖြစ်ပြီး လုပ်ကိုင်နိုင်စွမ်းနှင့် နှစ်ဦးသဘောတူညီချက်ပေါ်မူတည်၍ စာချုပ်သက်တမ်းတိုးခြင်းကို ဆုံးဖြတ်မည် ဖြစ်သည်။
ပြည်သူ့ဆက်ဆံရေးနှင့် စာကြည့်တိုက်စီမံခန့်ခွဲရေးလက်ထောက်ဝန်ထမ်းသည် အထက်လူကြီး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်အောက်ဖော်ပြပါ တာဝန်များ (အလုပ်လိုအပ်ချက်အရ လုပ်ငန်းများ)အား လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်သည်။
-ဂျပန်ဖောင်ဒေးရှင်းစင်တာရန်ကုန်မှပြုလုပ်ဆောင်ရွက်သောအနုပညာနှင့်ယဉ်ကျေးမှုဖလှယ်ခြင်း လုပ်ငန်း၊ ဂျပန်ဘာသာ သင်ကြားခြင်း၊ ဂျပန်စာ လေ့လာရေးနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် ပရိုဂရမ်များ အတွက်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆောင်တာ တွင်အသုံးပြုသောပစ္စည်းများ ဖြစ်သည့် (ပိုစတာ၊လက်ကမ်းစာစောင်များ၊ဗီဒီယိုများ) အစရှိသည့် လုပ်ငန်းများကို စီမံဖန်တီးပြုလုပ်ခြင်း။
– ဂျပန်ဖောင်ဒေးရှင်းစင်တာရန်ကုန်၏ ဝက်ဆိုဒ်၊ SNS (Facebook, Instagram and Telegram)စာမျက်နှာများနှင့်YoutubeChannelများတွင်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆောင်တာများအတွက် ဖန်တီးထားသော အရာများကို မျှဝေခြင်းနှင့် စီမံဖြေရှင်းခြင်း။
-စီမံခန့်ခွဲရေးဆိုင်ရာ အီးမေးလ်များအား ပေးပို့/လက်ခံခြင်း။
-လစဉ် ဂျပန်ဖောင်ဒေးရှင်းစင်တာရန်ကုန်၏ သတင်းမီဒီယာများနှင့် ဆက်သွယ်လုပ်ကိုင်ခြင်း။
– ဂျပန်ဖောင်ဒေးရှင်းစင်တာရန်ကုန်၏လစဉ်ပြုလုပ်ကျင်းပသောပြခန်းများအတွက်အဖွဲ့အစည်းများ ချိတ်ဆက်ခြင်းနှင့် လုပ်ငန်းဆောင်တာများအားစီမံခန့်ခွဲခြင်း။
-စာကြည့်တိုက်လုပ်ငန်းဆောင်တာများ၊ စာအုပ်များနှင့် ပစ္စည်းကိရိယာများ စီမံခန့်ခွဲခြင်း။
[လစာနှင့် အကျိုးခံစားခွင့်]: လုပ်ငန်းခွင် အတွေ့အကြုံနှင့် အရည်အချင်းပေါ် မူတည်၍ ပေးအပ်မည် ဖြစ်သည်။
[အလုပ်ဆင်းရက်]:တနင်္လာနေ့ မှ သောကြာနေ့ အထိ(စနေနေ့၊ တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်များ)ပိတ်မည်။
[အလုပ်ချိန်]: နံနက် ၈ နာရီ ၃၀မိနစ် မှ ညနေ ၅ နာရီ အထိ။
[လိုအပ်သောအရည်အချင်းများ]:
-မြန်မာနိုင်ငံသားဖြစ်ရမည်။
-မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်စွာ ရေးနိုင်၊ ပြောဆိုနိုင်ရမည်ဖြစ်ပြီး ဂျပန်ဘာသာအဆင့် JLPT-N4 ရှိရမည်။
-အဖွဲ့အစည်းများနှင့် ကောင်းမွန်သောဆက်ဆံရေး ကို တည်ဆောက်ဖန်တီးနိုင်စွမ်းရှိရမည်။
ကွန်ပျူတာနှင့် ဒီဇိုင်းဆော့ဖ်ဝဲများ (Canva, Adobe acrobat, Adobe Photoshot, etc.) အသုံးပြု၍ စီမံခန့်ခွဲနိုင်သည့် စွမ်းရည်ရှိရမည်၊ ဝက်ဘ်ဆိုဒ်နှင့် SNSများတွင် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများလုပ်ဆောင်နိုင်သည့်အတွေ့အကြုံရှိရမည်။(ပြည်သူ့ဆက်ဆံရေးလုပ်ငန်းဆောင်တာများ၊ Web Marketingအတွေ့အကြုံရှိလျှင် ဦးစားပေးမည်။
-ကျင်းပပြုလုပ်သော ပွဲများအား ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေရန်နှင့် လာရောက်လေ့လာသူ ပိုမိုများပြားစေရန် ဖန်တီးနိုင်စွမ်းနှင့် စီမံခန့်ခွဲမှုဗျူဟာရေးဆွဲနိုင်စွမ်းရှိရမည်။
-ဂျပန်ယဉ်ကျေးမှုကို နှံ့စပ်စွာစိတ်ပါဝင်စားမှုရှိပြီး အတိုင်းအတာ တစ်ခုအထိ နားလည်သဘော ပေါက်ရမည်။
[လျှောက်ထားရန်]:
အောက်ဖော်ပြပါ စာရွက်စာတမ်းများကို စာတိုက် မှ သို့မဟုတ် အီးမေလ်းမှ တစ်ဆင့် အချိန်မီ ပေးပို့ပေးရပါမည်။ စာရွက်စာတမ်းများကိုစီစစ်အကဲဖြတ်ပြီး အောင်မြင်သူများကိုသာ အင်တာဗျူးအဆင့် နှင့် Canva ကိုအသုံးပြု၍ ပြည်သူ့ဆက်ဆံရေးနှင့်သက်ဆိုင်သောလုပ်ငန်းအားစစ်ဆေးမှုတွင်ပါဝင်ခွင့်ရမည်ဖြစ်ပါသည်။သင့်တော်သူအား အတည်ပြုပြီးသည်နှင့် ထိုရာထူးအတွက် ဝန်ထမ်းခေါ်ယူမှုကို ရပ်ဆိုင်းမည်ဖြစ်သည်။
-အလုပ်လျှောက်လွှာ (ပတ်စပို့ပုံပါရှိရမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာ သို့မဟုတ် ဂျပန်ဘာသာဖြင့်ရေးသားနိုင်သည်။
-မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်မိတ္တူ
-ဘွဲ့လက်မှတ် မိတ္တူ
-လျှောက်ထားလိုသည့်အကြောင်းအရင်း ( ဂျပန်ဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် A4စာမျက်နှာတစ်မျက်နှာခန့်)
-ဘာသာစကားကျွမ်းကျင်မှုလက်မှတ်မိတ္တူ (ရှိပါက)
-မိမိကိုယ်တိုင်ဖန်တီးပြုလုပ်ထားသော PR materials သို့မဟုတ် Design Software (မည်သည့်အကြောင်းအရာမဆို)
[ဆက်သွယ်မေးမြန်းရန်]:
ဒေါ်သွန်းလဲ့ဉာဏ်ဝင်း
[အမှတ်]-၇၀၊ နတ်မောက်လမ်းသွယ်(၁)၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့
[ဆက်သွယ်ရန်ဖုန်းနံပါတ်]- ၀၁-၄၃၀၉၂၀၊၀၁-၄၃၀၉၂၁၊၀၉ -၂၅၆၉၁၄၀၈၃
[အီးမေးလ်]- admin.jfyg@jpf.go.jp
19/06/2026
Kyoshin Japanese Language Academy Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်! 🤗💕16/06/2026
ဝန်ထမ်းခေါ်ယူခြင်း ပြည်သူ့ဆက်ဆံရေးနှင့် စာကြည့်တိုက်စီမံခန့်ခွဲရေးလက်ထောက် ဝန်ထမ်း15/06/2026
📢 အသိပေးကြေညာချက်10/06/2026
📢『IRODORI ဂျပန်နိုင်ငံနေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』၏29/05/2026
IBB Japanese Language Schoolမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!30/04/2026
【မင်္ဂလာပါ Sensei (၂၈)ကြိမ်မြောက် :ဆရာမ 能勢理子(NOSE Michiko)】24/04/2026
EAJS 2026 ခရီးစဉ်ထောက်ပံ့မှုအစီအစဉ်အတွက် လျှောက်လွှာခေါ်ယူခြင်း23/04/2026
Yangon JM Japanese Language Schoolမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!22/04/2026
တဒို့ခု၏လူကြိုက်အများဆုံးစာအုပ်များ21/04/2026
📖JFYG၏ယခုလအတွက် အကြံပြုသောစာအုပ် 📖09/04/2026
【မြန်မာနှစ်သစ်ကူးနှင့်သင်္ကြန်ပွဲတော်ရုံးပိတ်ရက် အသိပေးကြေညာခြင်း】01/04/2026
📣 “Irodori ဂျပန်နိုင်ငံနေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား” ၏ Pre-intermediate (A2/B1 level) ထွက်ရှိလာပြီဖြစ်ကြောင်း အသိပေးခြင်း✨24/03/2026
စင်တာပိတ်ရက်အပြောင်းအလဲအားအသိပေးကြေညာချက်21/03/2026
(၁၀)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကို အသုံးပြုပြီး စကားပြော(kaiwa)ပိုမိုကျယ်ပြန့်လာအောင် လုပ်ကြရအောင်】ကို ကျင်းပခဲ့ခြင်း။11/03/2026
ZA Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!07/03/2026
မင်္ဂလာပါ Sensei (၂၇)ကြိမ်မြောက် :ဆရာမဝင်းသိင်္ဂီကျော်03/03/2026
အဖွဲ့လိုက်လေ့လာရေးခရီး “Visit JFYG” အတွက် လျှောက်လွှာများ လက်ခံနေပါသည် (၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ)18/02/2026
Kira Kira Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!17/02/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း17/02/2026
Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။11/02/2026
စင်တာပိတ်ရက် အသိပေးကြေညာခြင်း04/02/2026
Waku Waku Nihongo ❝Challenge with Erin!❞ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း24/01/2026
(၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။16/01/2026
၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း15/01/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း14/01/2026
Akafuji Vocational Training Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!09/01/2026
Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ!02/01/2026
ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း26/12/2025
နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း30/12/2025
မင်္ဂလာပါ Sensei (၂၆)ကြိမ်မြောက် :ဆရာမ ရွှန်းလဲ့နဒီမောင်26/12/2025
Folded Heritage: Japanese Origami Workshop14/12/2025
ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် “CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ” ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီးခြင်း03/12/2025
Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!06/11/2025
ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater05/11/2025
AIMI Japanese Language Center မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!01/10/2025
SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!04/04/2025
မန္တလေးမြို့တွင် ကျင်းပမည့် JFT-Basic စာမေးပွဲအား ဖျက်သိမ်းကြောင်း ကြေငြာခြင်း13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)