Yakishime and Washoku

  • Jul 22, 2023 ~ Jul 22, 2023
  • 2 pm

လက်ရှိဂျပန်ဖောင်ဒေးရှင်းရန်ကုန်တွင် ပြုလုပ်ကျင်းပရန်စီစဉ်ထားသော ယာကိရှိမဲ မြေထည်လက်ရာပြပွဲအစီအစဉ်၏ ခေါင်းစဉ်ကွဲတစ်ခုဖြစ်သော Yakishime And Washoku ခေါင်းစဉ်အောက်တွင် ဂျပန်၏ထင်ရှားသော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် ဝရှောခု ဟင်းလျာများကို တည်ခင်းရာတွင် အသုံးပြုသော ယာကီရှိမဲ မြေထည် ပန်းကန်ခွက်ယောက်များကိုလည်း ထည့်သွင်းပြသထားပါသည်။ အဆိုပါ မြေအိုးနှင့် ပန်းကန်တို့ကို အသုံးပြုပြီး Hayami san မှ ဂျပန်ဟင်းလျာများကို ချက်ပြုတ်ခြင်းနှင့် ပတ်သတ်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး ဂျပန်ရိုးရာ dobin mushi ဟင်းရည်ကိုလည်း ချက်ပြုတ်ပြသသွားမည်ဖြစ်ပါသည်။

ဂျပန်နိုင်ငံ၏ စားသောက်ဆိုင်လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့် ဂျပန်ဟင်းလျာများကို တည်ခင်းရာတွင် အသုံးပြုသော ယာကီရှိမဲ အိုးခွက်ပန်းကန်များနှင့် ပတ်သတ်၍ ဗဟုသုတများစွာရရှိစေမည့် အစီအစဉ်ဖြစ်ပါသည်။

အစီအစဉ် အသေးစိတ်

အချိန် ။ ။ နေ့လည် ၂ နာရီမှ ၄ နာရီအထိ
နေ့ရက် ။ ။ ဇူလိုင်လ ၂၂ ရက်နေ့ (စနေနေ့)၊ ၂ဝ၂၃

နေရာ ။ ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ

အမှတ် (၇ဝ)၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလင့်မှတစ်ဆင့်ကြိုတင်စာရင်းပေးသွင်းသွားရမည်ဖြစ်ပါသည်။

https://forms.gle/LDhvmkawhZh5hQke9

Notice & Announcements

View All