Let’s Fold Japanese Autumn: Origami Workshop

  • Oct 17, 2026 ~ Oct 17, 2026
  • နေ့လည် ၂ နာရီမှ ၄ နာရီ
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

စက္ကူတွေကို အရုပ်မျိုးစုံ ပုံပေါ်လာအောင် ခေါက်ချိုးရတဲ့ Origami (折り紙) ပညာဟာ ဂျပန်ရိုးရာယဉ်ကျေးမှု အနုပညာတစ်ခု ဖြစ်ပါတယ်။ Origami Workshop သီးသန့် မလုပ်ရတာလည်း ကြာပြီမို့ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့ (စနေနေ့)မှာတော့ ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ Origami  ပွဲလေးတစ်ခု ရှိပါတယ်။ ဒီတစ်ခါမှာတော့ ဂျပန်ဆောင်းဦးရဲ့ သင်္ကေတဖြစ်တဲ့ မိုမိဂျိအရွက်ကလေးတွေလုပ်ပြီး အလှဆင်ပစ္စည်းလေးလုပ်ကြမှာပဲဖြစ်ပါတယ်။ 

ဒီပွဲလေးမှာ Albee’s Art & Craft Supplies & Studio ကနေ ပူးပေါင်းပါဝင်ပေးသွားမှာ ဖြစ်ပြီး တက်ရောက်နိုင်တဲ့ လူဦးရေ “၃၀” ဦးသာ ကန့်သတ်ထားပါတယ်။ အမှန်တကယ် ပါဝင်လိုသူတွေသာ စာရင်းပေးဖို့ မေတ္တာရပ်ခံပြီး အောက်ပါလင့်မှာ အခမဲ့စာရင်းပေးနိုင်ပါတယ်။ တက်ရောက်ဖို့ ရွေးချယ်ခံရသူတွေကို ဖုန်းဖြင့် ပြန်လည်ခေါ်ဆိုပေးသွားပါ့မယ်။ 

 

လူဦးရေ – ၃၀ ဦးသာ  

နေ့စွဲ – အောက်တိုဘာလ ၁၇ ရက်နေ့ (စနေနေ့) 

အချိန် – နေ့လည် ၂ နာရီမှ ၄ နာရီ 

နေရာ – ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။  

ဗျိုင်းရေအိုးစင်မှတ်တိုင်အနီး။ ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။  

လူဦးရေ – ၃၀ ဦးသာ 

စာရင်းပေးရန် – Let’s fold Japanese Autumn: Origami Workshop – Fill out form 

မှတ်ချက် – ကားပါကင်မရှိပါ။ 

Notice & Announcements

View All