JFYG Monthly Gallary Decoration: Teru Teru Bozu

  • Jun 6, 2026 ~ Jun 30, 2026
  • 9:30~15:30
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane (1) Bahan Township, Yangon

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်၏ယဥ်ကျေးမှုနှင့်ပတ်သက်ပြီး လစဥ်ပြခန်း၊ပြပွဲကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီတစ်ခေါက်ရဲ့ပြခန်း၊ ပြပွဲလေးမှာတော့ အားလုံးကို Teru Teru Bozuအကြောင်းမိတ်ဆက်ပေးချင်ပါတယ်။

“ Teru Teru Bozu” (တဲရုတဲရု ဘိုးဇု)သည် ဂျပန်အဲဒိုခေတ် လယ်သမားလူတန်းစားများကြားတွင် ပေါ်ပေါက်လာခဲ့သည့် အဖြူရောင် စက္ကူ သို့မဟုတ် အဝတ်စဖြင့် ပြုလုပ်ထားသည့် ရိုးရာလက်လုပ် အဆောင်အရုပ် (weather charm) တစ်ခုဖြစ်ပြီး မိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကို တားဆီးရန် ဂျပန်လယ်သမားများက ၎င်းတို့၏ ပြတင်းပေါက်အပြင်ဘက်တွင် ကြိုးဖြင့်ချိတ်ဆွဲထားကြသည့် ရိုးရာဓလေ့ ရှိခဲ့ပါတယ်။ ယနေ့ခေတ်တွင် Tsuyu ဟုခေါ်သော မိုးရာသီရောက်တိုင်း ဂျပန်လူမျိုးများ (အထူးသဖြင့် ကလေးများသည်) တဲရုတဲရုဘိုးဇု အရုပ်များကို အဆောင်အနေဖြင့် ချိတ်ဆွဲပြီး နောက်တစ်နေ့တွင် ရာသီဥတုသာယာစေရန် ဆုတောင်းကြပါတယ်။

ရိုးရာအစဥ်အလာအရ ရာသီဥတုကောင်းမွန်အောင်၊ မိုးရွာတိတ်အောင် အစဥ်အလာအရ ပြုလုပ်ဆုတောင်းခဲ့ကြသော တဲရုတဲရုဘိုးဇု အရုပ်လေးများသည် ယနေ့ခေတ်ထိတိုင်ကလေးသူငယ်များနှင့် ဆယ်ကျော်သက်လူငယ်များကြားတွင် ရေပန်းစားလျက်ရှိပြီး မိုးရာသီ အဆောင်တစ်ခု၊ ဖက်ရှင်တစ်ခု၊ မိုးရာသီကို ကိုယ်စားပြုသော Mascot အရုပ်တစ်ခုအဖြစ် အာနီးမဲရုပ်ရှင်များ၊ ထီးများနှင့် အိမ်ပြုတင်းပေါက်များတွင် အလှဆင်သော Fancy အရုပ်လေးများအဖြစ်တွေ့ ရှိရပြီး၊ ယနေ့ခေတ် ဂျပန် Kawai Culture အစိတ်အပိုင်းတစ်ခုအနေဖြင့် တွေ့ ရှိရလေ့ရှိပါတယ်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင်လည်း အမှတ်တရ တဲရုတဲရုဘိုးဇု အရုပ်လေးများ လာရောက်ပြုလုပ်နိုင်ကြပြီး Tsuyuခေါ် မိုးရာသီ တစ်ရာသီတည်းပွင့်သောပန်းဖြစ်တဲ့ AJISAI(ခြောက်လပန်း) လေးတွေနဲ့လည်း အမှတ်တရဓာတ်ပုံလေးများ လာရိုက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ဂျပန်ယဉ်‌ကျေးမှုစင်တာ(JFYG)

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်

ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀

စင်တာဖွင့်လှစ်ချိန် – အပတ်စဉ်အင်္ဂါ၊ ကြာသပတေး၊ သောကြာနှင့်  စနေနေ့ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲ

Notice & Announcements

View All