JFF Plus: Online Festival

  • Jan 13, 2021 ~ Jan 22, 2021
ဇန်နဝါရီ ၁၃ရက်ကနေ ၂၂ရက်အထိ ကျင်းပမယ့် JFF Plus: Online Festival ဂျပန်ရုပ်ရှင်ပွဲတော်ကို မကြာခင်မှာ အွန်လိုင်းကနေ ကြည့်ရှုခံစားရတော့မှာ ဖြစ်ပါတယ်။
ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၃ရက်နေ့ နံနက် ၁၁:၃၀ မှာ “Japanese Myanmar Film Festival” Facebook Page ကနေ တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
JFF Plus: Online Festival မှာ ပြသမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကားတွေကို ဇန်နဝါရီ ၁၃ရက် မွန်းတည့် ၁၂နာရီကနေ စတင်ပြီး https://watch.jff.jpf.go.jp/page/myanmar/ မှာ အခမဲ့ ကြည့်ရှုနိုင်မှာပါ။ ပြသမယ့် ရုပ်ရှင်အားလုံးမှာ မြန်မာစာတန်းထိုး ပါဝင်မှာဖြစ်ပြီး ဝက်ဘ်ဆိုက်မှာ အကောင့်ဖွင့်ရုံနဲ့ စတင်ပြသချိန်ကနေ ၂၄နာရီအတွင်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပြသမယ့် ဇာတ်ကားတွေရဲ့ အကြောင်းနဲ့ ပြသချိန်တို့ကိုလည်း အထက်ပါ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို “Japanese Myanmar Film Festival” Facebook Page ကနေလည်း အချိန်နဲ့ တပြေးညီ ဖော်ပြပေးနေပါတယ်။
JFF Plus : Online Festival ဂျပန်ရုပ်ရှင်ပွဲတော်ရဲ့ ရုပ်ရှင်ကားတွေကို အိမ်မှာနေရင်း အွန်လိုင်းကနေ ကြည့်ရှုအားပေးကြပါစို့။

Notice & Announcements

View All