📸 မန္တလေးမြို့မှာ ပြသမည့် “ Tokyo Before/After ဓာတ်ပုံပြပွဲ” 🗼

  • Jun 6, 2026 ~ Jun 27, 2026
  • 10:00 to 17:00 (from Wednesday to Friday), 9:00 to 17:00 (Saturday) (Closed on Sundays, Mondays, Tuesdays, and June 19)
  • Jefferson Center Mandalay (JCM), No. 53, Corner of 26th and 71st Streets, Chan Aye Thar San Township, Mandalay.

“Welcome to the Jefferson Center Mandalay (JCM) June 6 to 27 to see the Japan Foundation traveling exhibition “ Tokyo Before/After,” and learn about Japanese photographers and their American stories.”

The Japan Foundation, Yangon နှင့် American Center တို့ ပူးပေါင်းကျင်းပသည့် “Tokyo Before/After” ဓာတ်ပုံပြပွဲကို မန္တလေးမြို့ရှိ Jefferson Center Mandalay (JCM) တွင် ၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြသသွားမည်ဖြစ်ပါသည်။

ဤပြပွဲကို ၂၀၂၀ တိုကျိုအိုလံပစ်ကာလအတွင်း ဖန်တီးခဲ့ပြီး ၁၉၃၀ နှင့် ၁၉၄၀ ခုနှစ်များတွင် ရိုက်ကူးထားသော တိုကျိုမြို့၏ ပုံရိပ်များကို ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ထပ်မံရိုက်ကူးထားသော ပုံရိပ်များနှင့် ယှဉ်တွဲပြသထားပါသည်။

ဂျပန်ဓာတ်ပုံဆရာများ၏ စိတ်ကူးစိတ်သန်းများမှတဆင့် မတူကွဲပြားသော မျက်နှာများစွာကို ပိုင်ဆိုင်ထားသည့် တိုကျိုမြို့တော်၏ ပုံရိပ်များကို ဒီပြပွဲမှတဆင့် မြင်တွေ့ခံစားနိုင်မည်ဟု မျှော်လင့်ပါသည်။

ထို့ပြင် ဒိုင်တို မိုရိယာမ၊ နိုဘူရောရှိ အရာကိ အစရှိသည့် နာမည်ကျော် ဂျပန်ဓာတ်ပုံဆရာများ၏ လက်ရာများကို တနေရာတည်းတွင် လေ့လာနိုင်မည်ဖြစ်ပါသည်။ ၄င်းတို့၏ ဇာတ်လမ်းများက အမေရိကန် ယဉ်ကျေးမှုနှင့် မည်သို့ဆက်စပ်နေသည်ကို လေ့လာရှာဖွေကြပါစို့။

ပြပွဲကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး လာရောက်သူများအနေဖြင့် မှတ်ပုံတင်၊ ကျောင်းသားကတ် သို့မဟုတ် ID Card တစ်မျိုးမျိုး ယူဆောင်လာရန် လိုအပ်ပါသည်။

 

📍 ပြခန်းနေရာ – Jefferson Center Mandalay (JCM)၊ အမှတ် ၅၃၊ ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

📅 ဖွင့်ရက် – ဇွန်လ ၆ ရက်မှ ၂၇ ရက်နေ့ထိ

(အပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနေ့များနှင့် ဇွန်လ ၁၉ ရက် ပိတ်ပါသည်)။

🕘ဖွင့်ချိန် – ၁၀း၀၀ နာရီမှ ၁၇း၀၀ နာရီထိ (ဗုဒ္ဓဟူးမှ သောကြာ)၊ ၉း၀၀ နာရီမှ ၁၇း၀၀ နာရီထိ (စနေနေ့)။

🎫 ဝင်ကြေး – အခမဲ့

✏ ကြိုတင်စာရင်းပေးရန်မလိုဘဲ လာရောက်ကြည့်ရှုနိုင်ပါသည်။

Notice & Announcements

View All