【ယခုလမှစတင်၍ Sura Suraတဒို့ခုစာဖတ်ပွဲအား ၂ကြိမ်ခွဲ၍ ကျင်းပပေးသွားပါမည်။】

  • Apr 24, 2026 ~ Apr 24, 2026
  • ①10:00~11:30AM ②14:00~15:30PM
  • 国際交流基金ヤンゴン日本文化センター(JFYG)
    No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင်  လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း ”Sura Sura တဒို့ခုပွဲ” ကို ကျင်းပလျက်ရှိပါတယ်။ ”တဒို့ခု”(tadoku) ဆိုသည်မှာ လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာဖြင့်ရေးထားသားသည့် စာအုပ်များကို ပျော်ပျော်ရွှင်ရွှင်နှင့် အများအပြားဖတ်ရှုသည့် လေ့လာနည်းတစ်ခုပဲ ဖြစ်ပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်သည့် Readingအတန်းချိန်နှင့်မတူဘဲ တဒို့ခုမှာဆိုရင် မိမိတို့နှစ်သက်တဲ့စာအုပ်ကို လွတ်လပ်စွာ ဖတ်ရှုနိုင်ပါတယ်။ N5 levelမှ N1 Levelအထိ မည်သူမဆို ပါဝင်ဖတ်ရှုနိုင်ပါတယ်။ ပါဝင်သူများကို “ တဒို့ခုစာဖတ်ကဒ်” ပြုလုပ်ပေးမှာ ဖြစ်ပြီး စာဖတ်ကဒ်တွင် အမှတ်၃ခုပြည့်တိုင်း တစ်ကြိမ်စီလက်ဆောင်ပစ္စည်းလေးတွေကို ထုတ်ယူနိုင်ပါတယ်။ 🎁 ပထမဆုံးအကြိမ်လာရောက်မည့်သူများကို နွေးထွေးစွာကြိုဆိုလျှက်ရှိပါတယ်။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှာ ဂျပန်ဘာသာစာအုပ်များကို  အများအပြားဖတ်ရှုနိုင်ရန် အသင့်ပြင်ဆင်ပြီး စောင့်မျှော်လျှက်ရှိပါတယ်။ အတူတူ ပျော်ပျော်ရွှင်ရွှင် ဂျပန်ဘာသာစကားကို လေ့လာကြည့်ကြရအောင်!

 

အောက်ပါLinkမှတဆင့် ပထမအကြိမ် မှ ပဥ္စမအကြိမ်မြောက်အထိ ကျင်းပခဲ့သော တဒို့ခုရဲ့ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/v/16etkeorVu/

 

※ယခုလမှစတင်ပြီး Sura Sura တဒို့ခုစာဖတ်ပွဲအား တစ်နေ့တည်း(၂)ကြိမ်ခွဲ၍ ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်လိုသူများအနေဖြင့် မိမိတို့နှစ်သက်ရာ အချိန်တစ်ခုအားရွေး၍ဖြစ်စေ၊ ၂ကြိမ်လုံးတက်ရောက်လိုသူများအနေဖြင့် ၂ကြိမ်လုံးတွင်ပါဝင်တက်ရောက်နိုင်ပါတယ်။

 

ကျင်းပမည့်နေ့ရက် :  ၂၀၂၆ခုနှစ်၊ ဧပြီလ၊ ၂၄ရက်နေ့ (သောကြာနေ့)

ကျင်းပမည့်အချိန် : ①နံနက် ၁၀နာရီ မှ ၁၁နာရီခွဲအထိ

②နေ့လည် ၂နာရီ မှ ၃နာရီခွဲအထိ

ကျင်းပမည့်နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ

အမှတ်(၇၀) ၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။

ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။

ပါဝင်ကြေး :  အခမဲ့။

လျှောက်ထားနိုင်သည့်သူများ :  ဂျပန်ဘာသာစကားလေ့လာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ။

လျှောက်ထားရမည့်ပုံစံ : အောက်ဖော်ပြပါ Microsoft Form မှတဆင့် လျှောက်ထားပေးပါ။

Surasuraတဒို့ခုစာဖတ်ပွဲ လျှောက်လွှာဖောင် (24, April, 2026)  – Fill out form

လျှောက်လွှာပိတ်ချိန် : ၂၀၂၆ခုနှစ်၊ ဧပြီလ၊ ၂၂ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန်  နေ့လည် (၁၂)နာရီ။

သတ်မှတ်ဦးရေ : ၃၀ဦး

*လျှောက်ထားသူများပြားသောအချိန်မျိုးတွင် လျှောက်လွှာဖောင်ကို စော၍ ပိတ်ခြင်းမျိုးလည်းရှိနိုင်ပါသဖြင့် နား လည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

※ယခုတစ်ခါတွင် ဖုန်းဖြင့်ထပ်မံဆက်သွယ်ခြင်းမျိုးမရှိသည့်အတွက် လျှောက်ထားသူမည်သူမဆိုပါဝင်တက်ရောက်နိုင်ပါတယ်။

Notice & Announcements

View All