【ဂျပန်ဘာသာစကား သီးခြားစွမ်းရည် သင်ကြားရေးနည်းစနစ်သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးခြင်း】

  • Jun 26, 2026 ~ Jul 24, 2026
  • ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့ မြန်မာစံတော်ချိန် ညနေ ၆နာရီမှ ၈နာရီအထိ※ဇူလိုင် ၃ရက် (သောကြာ)သည် JLPT စာမေးပွဲမတိုင်မီဖြစ်သောကြောင့် သင်တန်းနားပါသည်။ (စုစုပေါင်း ၈ကြိမ်)
  • Online (Zoom)

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှ ကျင်းပပြုလုပ်သော ဆွေးနွေးပွဲနှင့် နှီးနှောဖလှယ်ပွဲများမှာ ပါဝင်တက်ရောက်ပေးကြသော ဆရာ၊ ဆရာမများအားလုံးအား ကျေးဇူးအထူးတင်ရှိပါတယ်။ ယခုတစ်ကြိမ်တွင်တော့ “ အသံထွက်ကို သင်ကြားပေးမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သီးခြားစွမ်းရည် သင်ကြားရေးနည်းစနစ်သင်တန်း (အွန်လိုင်းအတန်း) ကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ဒီသင်တန်းမှာတော့ စာသင်သားများအတွက် “ တစ်ဖက်သားနားလည်စေမယ့် ဂျပန်ဘာသာစကား” ကို ပျိုးထောင်ဖို့အတွက် အသံထွက်ကိုလေ့လာခြင်းဆိုင်ရာနှင့် လေ့ကျင့်သင်ကြားနည်းများကို လေ့လာပြီး နောင်သင်ကြားသွားမယ့် အတန်းများမှာ လက်တွေ့အသုံးချနိုင်တဲ့ သင်ကြားနည်းများကို ရရှိသွားမှာဖြစ်ပါတယ်။

“ အသံထွက်” လို့ပြောလိုက်ရင် “ ခက်မယ့်ပုံပဲ” ၊ “ ငါတော့ မလုပ်နိုင်လောက်ဘူး” လို့ တွေးမိတဲ့ ဆရာ၊ ဆရာမတွေ ရှိကြမယ်လို့ထင်ပါတယ်။ ဒီသင်တန်းမှာတော့ အသံထွက်ပိုင်းကို လေ့ကျင့်ပေးခြင်းပညာရပ်ကို အခုမှ စလေ့လာမယ့်ဆရာတွေအတွက်လည်း နားလည်ရလွယ်ကူစေမယ့် အခြေခံကစတင်ပြီး သင်ကြားပေးမှာဖြစ်လို့ စိတ်ကိုပေါ့ပေါ့ပါးပါးထားပြီး လျှောက်ဖြစ်အောင် လျှောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

အသံထွက်ပိုင်းကို လေ့ကျင့်ပေးခြင်းကို စိတ်ပါဝင်စားတဲ့ ဆရာ၊ ဆရာမများကို ဒီသင်တန်းလေးမှာ တွေ့ဆုံရဖို့ကို စောင့်မျှော်နေပါမယ်။

■သင်တန်းအမည်: ဂျပန်ဘာသာ သီးခြားစွမ်းရည် သင်ကြားမှုနည်းစနစ်သင်တန်း

■ခေါင်းစဉ်:အသံထွက်ကို သင်ကြားပေးမယ်

■အကြောင်းအရာ:

(1)ဂျပန်ဘာသာစကား၏ အသံထွက်နှင့်ပတ်သက်ပြီး သိထားသည်များကို ပြန်လည်စိစစ်ခြင်း

(2)အသံထွက်ပိုင်းကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပတ်သက်ပြီး ပိုမိုနက်ရှိုင်းစွာ နားလည်စေခြင်း

(3)အသံထွက်လေ့ကျင့်ခြင်း၏ နည်းလမ်းများကို သင်ယူတတ်မြောက်ပြီး မိမိတို့၏ သင်တန်းများတွင် လက်တွေ့အသုံးချနိုင်ခြင်း

■သင်တန်းကာလ:

၂၀၂၆ခုနှစ် ဇွန်လ ၂၆ရက်(သောကြာ)မှ ဇူလိုင်လ ၂၄ရက်(သောကြာ)အထိ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့ မြန်မာစံတော်ချိန် ညနေ ၆နာရီမှ ၈နာရီအထိ

ဇွန်လ ၂၆ရက် (သောကြာ)၊ ဇူလိုင် ၁ရက် (ဗုဒ္ဓဟူး)၊ ဇူလိုင် ၈ရက်(ဗုဒ္ဓဟူး)၊ ဇူလိုင် ၁၀ရက် (သောကြာ)၊ ဇူလိုင် ၁၅ရက် (ဗုဒ္ဓဟူး)၊ ဇူလိုင် ၁၇ရက် (သောကြာ)၊ ဇူလိုင် ၂၂ရက် (ဗုဒ္ဓဟူး)၊ ဇူလိုင် ၂၄ရက် (သောကြာ)

※ဇူလိုင် ၃ရက် (သောကြာ)သည် JLPT စာမေးပွဲမတိုင်မီဖြစ်သောကြောင့် သင်တန်းနားပါသည်။ (စုစုပေါင်း ၈ကြိမ်)

■နေရာ:

Online (Zoom)

■ကန့်သတ်လူဦးရေ:၃၀ ဦး

■သင်တန်းကြေး:အခမဲ့

■ လျှောက်ထားရန် သတ်မှတ်ချက်များ:

(၁) JLPT N2နှင့်အထက်ရှိပြီး ဂျပန်ဘာသာဖြင့်ပို့ချသော သင်တန်းအကြောင်းအရာများကို နားလည်နိုင်သူ

※ လျှောက်ထားပြီးနောက် အကြောင်းအရာနှင့် ဂျပန်ဘာသာစကားအရည်အချင်းနှင့်ပတ်သက်ပြီး တာဝန်ခံဆရာမှ ဂျပန်ဘာသာဖြင့် အင်တာဗျူးမေးခြင်းများ ရှိနိုင်ပါသည်။

※ မိခင်ဘာသာစကားအနေဖြင့် ဂျပန်ဘာသာစကားကို အသုံးပြုသူများလည်း လျှောက်ထားမှုကို ဖိတ်ခေါ် ပါသည်။

(၂) မြန်မာနိုင်ငံတွင်နေထိုင်နေသူဖြစ်ပြီး မြန်မာလူမျိုးများကို ၁နှစ်အထက် ဂျပန်ဘာသာသင်ကြားပေးဖူးသူ

(၃) သင်တန်းပြီးဆုံးပြီးနောက်တွင်လည်း မြန်မာနိုင်ငံအတွင်းတွင် ဂျပန်ဘာသာသင်ကြားရေးဆရာအဖြစ် ဆက်လက်လုပ်ကိုင်မည့်သူ

(၄) သင်တန်း ၈ကြိမ်အား မပျက်မကွက် တက်ရောက်နိုင်သူ

(၅) လက်တော့ကွန်ပျူတာဖြင့် တက်ရောက်နိုင်ပြီး သင်တန်းချိန်အတွင် ကင်မရာဖွင့်ထားနိုင်သူ

■ဖတ်စာအုပ်:သင်တန်းဆရာမှ ပြင်ဆင်ထားသော စာရွက်စာတမ်းများ

■သင်တန်းဆင်းလက်မှတ်:သင်တန်းတက်ရောက်သည့် အကြိမ်အရေအတွက်၊ assignmentတင်သွင်းခြင်း၊ သင်တန်းဆင်းစာမေးပွဲစသည့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို ပေးအပ်သွားပါမည်။

※ဇူလိုင်လ ၂၂ရက် (ဗုဒ္ဓဟူး) တွင် စာမေးပွဲကို ကျင်းပသွားပါမည်။

■လျှောက်ထားရန်:အောက်ပါ URLမှတဆင့် လျှောက်ထားနိုင်ပါသည်။

https://forms.cloud.microsoft/r/gPndA89bXQ?origin=lprLink

■လျှောက်လွှာဖောင်ပိတ်ရက်:၂၀၂၆ခုနှစ် ဇွန်လ ၁၇ရက် (ဗုဒ္ဓဟူး) နေ့လည် ၁၂နာရီ (မြန်မာစံတော်ချိန်)

■တက်ရောက်ခွင့်ရသူများအား အကြောင်းကြားခြင်း:၂၀၂၆ခုနှစ် ဇွန်လ ၂၂ရက် (တနင်္လာ) မနက်ပိုင်း

■စုံစမ်းမေးမြန်းရန်:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ

Email nihongo.jfyg@jpf.go.jp

ဖုန်း  09-891055553

တာဝန်ခံ KD Sunday Seng Htoi Khawn Taung

တနင်္လာနေ့မှ သောကြာနေ့အထိ(9:30-15:30)ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Notice & Announcements

View All