အစားအစာပြုန်းတီးမှုကိုလျှော့ချဖို့ JFYG နဲ့အတူ ရုပ်ရှင်ကြည့်ရင်း လေ့လာစို့

  • Nov 22, 2025 ~ Nov 22, 2025
  • 13:30~15:30
  • The Japan Foundation, Yangon (Hall)
    No. 70, Nat Mauk Lane 1, Bahan Township

“အစားအစာပြုန်းတီးမှုကိုလျှော့ချဖို့ JFYG နဲ့အတူ ရုပ်ရှင်ကြည့်ရင်း လေ့လာစို့”

ဂျပန်ဖောင်ဒေးရှင်းကနေ တင်ဆက်လျက်ရှိတဲ့ အခမဲ့ အွန်လိုင်းရုပ်ရှင်ပလက်ဖောင်း JFF Theater မှာတော့ အစားအစာ လေလွင့်မှုကို ကာကွယ်ဖို့ စားဖိုချောင်ကနေ စတင်ရန် နည်းလမ်းတွေကို ဖော်ပြတိုက်တွန်းထားတဲ့ “Mottainai Kitchen” ဆိုတဲ့ ရုပ်ရှင်ကားလေးကို လက်ရှိပြသလျက်ရှိပါတယ်။ JFF Theater ကြည့်ရှုရန် – https://en.jff.jpf.go.jp/

ဒီကားလေးကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာမှာ လာမယ့် နိုဝင်ဘာလ ၂၂ ရက် (စနေနေ့)မှာ အတူတူကြည့်ရှုရင်း “Bokashi Myanmar” မှ တာဝန်ရှိသူတွေက စားစရာ အလေအလွင့်တွေကို ဘယ်လိုအသုံးဝင်အောင် ပြုလုပ်နိုင်သလဲ ဆိုတာကိုပါ လေ့လာနိုင်မယ့် ပွဲလေး တစ်ခုရှိပါတယ်။ ပါဝင်တက်ရောက်ဖို့ စိတ်ပါဝင်စားသူတွေက အောက်ပါ လင့်မှာ အခမဲ့စာရင်းပေးသွင်းနိုင်ပါတယ်။ (သတိပြုရန် – ဂျပန်ဖောင်ဒေးရှင်းမှ ဖုန်းဖြင့် ပြန်လည် အတည်ပြုပေးသူများသာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်) စာရင်းပေးရန် – “အစားအစာပြုန်းတီးမှုကိုလျှော့ချဖို့ JFYG နဲ့အတူ ရုပ်ရှင်ကြည့်ရင်း လေ့လာစို့” – Fill out form

နေ့စွဲ – ၂၂ နိုဝင်ဘာ ၂၀၂၅ (စနေနေ့)

အချိန် – နေ့လည် ၁ နာရီခွဲ မှ ၃ နာရီခွဲထိ

လူဦးရေ – ၅၀ ဦး

နေရာ – ဂျပန်ဖောင်ဒေးရှင်းရန်ကုန် (Hall)၊ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်။

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင် ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀

မှတ်ချက်။ ။ ကားပါကင်မရှိပါ။

Available in English and 日本語.

Notice & Announcements

View All