ဘော့စတွန်မြို့တွင် ကျင်းပမည့်2020 AAS Annual Conferenceသို့ တက်ရောက်လိုသော ပညာရှင်များအား ခရီးစရိတ်ထောက်ပံ့ခြင်း အစီအစဉ်

  • Sep 10, 2019 ~ Oct 10, 2019
  • The Japan Foundation, Yangon

Association for Asian Studies မှ နှစ်စဉ်ကျင်းပလေ့ရှိသော AAS Annual Conference ကို ၂၀၂၀ခုနှစ် မတ်လ ၁၉ရက်နေ့မှ ၂၂ရက်နေ့အထိ အမေရိကန်ဘော့စတွန်မြို့တွင် ကျင်းပမည် ဖြစ်ပါသည်။ ထိုဆွေးနွေးပွဲသို့တက်ရောက်လိုသော ပညာရှင်များ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၏ ခရီးစရိတ်ထောက်ပံ့သည့် အစီအစဉ်ကို လျှောက်ထားနိုင်ပြီဖြစ်ပါသည်။

လျှောက်လွှာလျှောက်ထားရန်လိုအပ်သည့် အရည်အချင်းနှင့် လျှောက်လွှာဖောင်ကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၁. လျှောက်လွှာလျှောက်ရန် လိုအပ်သည့် အရည်အချင်း
၂. လျှောက်လွှာဖောင်

ထပ်မံသိရှိလိုသည်များနှင့် လျှောက်လွှာတင်လိုသူများ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာသို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
အီးမေးလ် info@jpf-mm.org
ဖုန်း         01-430920

ဘော့စတွန်မြို့တွင် ကျင်းပမည့် 2020 AAS Annual Conference

https://conference.asian-studies.org/conference/

 

Notice & Announcements

View All