ဒုတိယအကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနည်းစနစ်မွမ်းမံသင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း

  • Mar 22, 2026 ~ Mar 22, 2026
  • 9:30am~12:00pm
  • MAJA教育センター MAJA Education Center
    No. 440(b), Zayya 14th Street, 10th ward, south okkalapa tsp, yangon 
    https://maps.app.goo.gl/VikVU2mHEkRA4vRb6 

“အခြေခံအဆင့်အတန်းများအတွက် ဘယ်လိုပြင်ဆင်ရင်ကောင်းမလဲ” 

“ပုံမှန်သင်နေကြအတန်းများတွင် အနည်းငယ်ပြောင်းလဲပြင်ဆင်ထားတာတွေ ထည့်သုံးချင်တယ်”ဆိုတဲ့ ဆရာ၊ဆရာမတို့အတွက် အကြံပြုချင်တဲ့အတန်းလေးတစ်ခုရှိပါတယ်။ 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)မှ MAJA Education Centerဖြင့်ပူးပေါင်း၍ 【ဂျပန်ဘာသာသင်ကြားရေးနည်းစနစ်မွမ်းမံသင်တန်း】များ ပြုလုပ်ပေးလျက်ရှိပါတယ်။ ပထမအကြိမ်မြောက်တွင် များပြားစွာသောဆရာ၊ဆရာမများမှ ပါဝင်တက်ရောက်ပေးခဲ့ပြီး အလွန်ကောင်းမွန်တဲ့တုံ့ပြန်မှုများကို ရရှိခဲ့ပါတယ်။ 

ဒုတိယအကြိမ်မြောက်မှာတော့ ဆရာWalar Tun Sheinကို ပို့ချသူအဖြစ်ဖိတ်ကြားကာ「WaraWaraအခြေခံအဆင့်နည်းစနစ်~ အခြေခံအဆင့်သင်ကြားရန်ပြင်ဆင်မှု ~」ကို ခေါင်းစဉ်အဖြစ်ထား၍ ကျင်းပမည်ဖြစ်ပါသည်။ 

အတန်းကို အဆင်ပြေပြေသင်နိုင်ပါ့မလားဆိုတာက “အတန်းမစခင်ပြင်ဆင်မှုအပိုင်း”အပေါ်မှာ အလွန်မူတည်ပါတယ်။ ယခုအကြိမ်သင်တန်းမှာတော့ 『Minna no Nihongo』ကို နမူနာထားကာ အတန်းအတွက်ပြင်ဆင်မှုရဲ့ အဓိကအချက်တွေကိုလေ့လာပြီး တကယ့်လက်တွေ့ နမူနာအတန်းချိန်ကိုလည်း ကိုယ်တိုင်တွေ့ကြုံလေ့လာနိုင်မှာဖြစ်ပါတယ်။ 

「WaraWaraနည်း」မှာဆိုရင် နေ့စဥ်အတန်းများတွင် ချက်ချင်းအသုံးချနိုင်တဲ့အကြံဉာဏ်ကောင်းတွေ အများအပြားပါဝင်ပါတယ်။ ဆက်ဆက်လာရောက်လေ့လာပြီး 『ကိုယ်ပိုင်စတိုင်ဖြင့်အတန်းသင်ကြားနည်း』ကို ရှာဖွေကြည့်ကြရအောင်။  

✅ ဂျပန်ဘာသာသင်ကြားရေးဆရာအဖြစ်အတွေ့အကြုံနည်းသေးသူများ
✅ အခြေခံအဆင့်အတန်း သင်ကြားနည်းတွင် အခက်အခဲရှိသူများ
✅ အတွေးအမြင်အသစ် နဲ့ အကြံဉာဏ်အသစ်တွေ ရရှိချင်သူများ
✅ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ ဆရာမများအချင်းချင်း ရင်းနှီးဖလှယ်ချင်သူများ 

ဒီလို ဆရာ၊ဆရာမများထံ အကြံပြုပေးချင်ပါတယ်။ လွတ်လပ်စွာပါဝင်တက်ရောက်နိုင်ပါတယ်။ 

*********** 

■သင်တန်းအမည်: ဒုတိယအကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနည်းစနစ်မွမ်းမံသင်တန်း  

■ခေါင်းစဉ်:「WaraWaraအခြေခံအဆင့်နည်းစနစ်~ အခြေခံအဆင့်သင်ကြားရန်ပြင်ဆင်မှု ~」 

■အကြောင်းအရာ:・『Minna no NihongoⅠ』ကို အသုံးပြုထားသည့် အတန်းတွင်းပြင်ဆင်မှုအတွက် အဓိကအချက်များ (မြန်မာဘာသာဖြင့် ပို့ချပါမည်။) 

・ပို့ချသူဆရာ၏ နမူနာအတန်းချိန်
・အဖွဲ့လိုက် ဆွေးနွေးခြင်း 

■အသုံးပြုမည့် ဘာသာစကား:မြန်မာဘာသာစကား(တစိတ်တပိုင်းမှာ ဂျပန်ဘာသာစကား) 

■ပို့ချမည့်ဆရာ:Walar Tun Shein(Akafuji Vocational Training Center) 

■နေ့ရက် နှင့် အချိန်:၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက်နေ့ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် (၉း၀၀ မှ ၁၂း၀၀)အထိ  

■နေရာ:MAJA Education Center  

No. 440(b), Zayya 14th Street, 10th ward, south okkalapa tsp, yangon 

https://maps.app.goo.gl/VikVU2mHEkRA4vRb6  

■သင်တန်းကြေး:အခမဲ့  

■ကန့်သတ်လူဦးရေ:၂၅ ဦး 

■လျှောက်ထားရန်:အောက်ပါ URLမှတဆင့် လျှောက်ထားနိုင်ပါသည်။
https://forms.office.com/r/mCbtcx0ZiQ 

■လျှောက်လွှာဖောင်ပိတ်ရက်:၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် ၁၂နာရီ 

■တက်ရောက်ခွင့်ရသူများအား အကြောင်းကြားခြင်း:၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် (သောကြာနေ့)   

ဆရာ၊ ဆရာမများ၏ ပါဝင်ပေးမှုကို ဆက်ဆက်စောင့်မျှော်နေပါတယ်။ 

■စုံစမ်းမေးမြန်းရန်:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ  

 Email nihongo.jfyg@jpf.go.jp 

 ဖုန်း  01-430920 

 တာဝန်ခံ KD Sunday Seng Htoi Khawn Taung 

   တနင်္လာနေ့မှ သောကြာနေ့အထိ(9:30-15:30)ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။  

Available in 日本語 and English.

Notice & Announcements

View All