ဂျပန် – မြန်မာဘာသာပြန်စာပေကို ဦးဆောင်ခဲ့သူ ဆရာရဲမြလွင် အမှတ်တရ Tribute Event

  • Oct 16, 2026 ~ Oct 16, 2026
  • နေ့လည် ၁ နာရီခွဲမှ ၃ နာရီထိ 
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

ဂျပန်ဘာသာကနေ မြန်မာဘာသာကို တိုက်ရိုက်ပြန်ဆိုတဲ့ စာအုပ်ဆိုရင် ဆရာကြီး ဦးရဲမြလွင်ကို အရင်ဆုံး သတိရမိကြမှာပါ။ ဆရာကြီးဟာ ၁၉၉၅ ခုနှစ် အမျိုးသားစာပေဆု (ဘာသာပြန်)ကို ရရှိခဲ့တဲ့ သူ့ရဲ့ “ဘော့ကျန်” စာအုပ်ကနေပြီး ကွယ်လွန်ခါနီးထိ ဂျပန်စာပေပေါင်းများစွာကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ရန် ဝါသနာကြီးစွာနဲ့ ပြန်ဆိုရေးသားထုတ်ဝေခဲ့သူဖြစ်ပါတယ်။ 

  

ယခု ၂၀၂၆ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ဆရာကြီး ကွယ်လွန်သွားခဲ့တာက ဂျပန်-မြန်မာ ဘာသာပြန်စာပေယဉ်ကျေးမှုလောကအတွက် ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့ သောကြာနေ့မှာ ဆရာရဲမြလွင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းအထိန်းအမှတ် ပွဲလေးတစ်ခု ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲလေးမှာတော့ ဆရာကြီးရဲ့ ဘဝ၊ ဂျပန်-မြန်မာ ဘာသာပြန်စာရေးဆရာအဖြစ်သို့ ရောက်ရှိလာပုံနဲ့ သူ့ရဲ့ လက်ရာမွန်တွေအကြောင်းကို အမှတ်တရ ဆွေးနွေးသွားကြမှာပါ။  

  

ဒီပွဲလေးကို အခမဲ့တက်ရောက်နိုင်ပြီး လူဦးရေအကန့်အသတ်ရှိတာကြောင့် တက်ရောက်လိုသူတွေအနေနဲ့ အောက်ပါလင့်ကနေ ကြိုတင်စာရင်းပေးဖို့ လိုအပ်ပါတယ်။  

  

စာရင်းပေးရန် – ဆရာကြီးရဲမြလွင် အမှတ်တရ Event   – Fill out form  

  

နေ့စွဲ – ၁၆ အောက်တိုဘာ ၂၀၂၆၊ သောကြာနေ့ 

အချိန် – နေ့လည် ၁ နာရီခွဲမှ ၃ နာရီထိ  

နေရာ – ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ Hall ခန်း၊ အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။ ဗျိုင်းရေအိုးစင်မှတ်တိုင်အနီး။ ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀။   

  

မှတ်ချက်။ ။ ကားပါကင် မရှိပါ။  

Notice & Announcements

View All