| စာမေးပွဲအကြောင်းအရာအသေးစိတ် | |||||||
| ရန်ကုန် | စာမေးပွဲကျင်းပမည့်နေရာ | စာမေးပွဲကျင်းပမည့်နေရာ (ရန်ကုန်မြို့တွင်း) အား ဖြေဆိုရန်စာရင်းပေးသွင်းပြီးလျှင် အကြောင်းကြားပါမည်။ | |||||
| စာမေးပွဲကျင်းပမည့်နေ့ | ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်၊ ၃ ရက် ~၁၉ ရက်
※ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်မှုအခြေအနေအရ ပြောင်းလဲခြင်းများရှိနိုင်ပါသည်။ |
||||||
| မန္တလေး | စာမေးပွဲကျင်းပမည့်နေရာ | စာမေးပွဲကျင်းပမည့်နေရာ (မန္တလေးမြို့တွင်း) အား ဖြေဆိုရန်စာရင်းပေးသွင်းပြီးလျှင် အကြောင်းကြားပါမည်။ | |||||
| စာမေးပွဲကျင်းပမည့်နေ့ | ၂၀၂၁ ခုနှစ် မတ်လ ၈ ရက် ~၁၂ ရက်
※ကိုရိုနာဗိုင်းရပ်ရောဂါကူးစက်မှုအခြေအနေအရ ပြောင်းလဲခြင်းများရှိနိုင်ပါသည်။ |
||||||
| စာမေးပွဲကြေး | USD 22 ဒေါ်လာနှင့်ညီမျှသည့် မြန်မာကျပ်ငွေဖြင့်သာပေးချေရမည်။ | ||||||
| စာမေးပွဲလျှောက်လွှာ
တင်သွင်းခြင်း |
၂၀၂၁ ခုနှစ် မတ်လမှစတင်၍ ပြုလုပ်မည့် စာမေးပွဲအတွက် လျှောက်လွှာတင်သွင်းခြင်းတွင်အသုံးပြုနိုင်သည့် စာမေးပွဲဖြေဆိုခွင့်လက်မှတ် (voucher) လျှောက်လွှာတင်သွင်းခြင်းများကို လက်ခံဆောင်ရွက်ပါမည်။ ※စာမေးပွဲကျင်းပမည့်နေရာများတွင် ဖြေဆိုခွင့်လက်မှတ် (voucher) ရောင်းချခြင်းနှင့် ၎င်းနှင့် ပတ်သက်သော အသိပေးခြင်းများမပြုလုပ်ပါ။ လျှောက်လွှာပုံစံ
⇓
⇓
⇓
⇓
|
||||||
| စာမေးပွဲနေ့တွင်ယူဆောင်လာရမည့်စာရွက်များ | ・အတည်ပြုစာ (Confirmation Letter)
・အောက်ပါကိုယ်ရေးမှတ်ပုံတင်စာရွက်စာတမ်းများထဲမှတစ်ခု
※Prometric IDပြုလုပ်ချိန်တွင်ထည့်သွင်းခဲ့သော အင်္ဂလိပ်ဘာသာဖြင့်နာမည်စာလုံးပေါင်းနှင့် ကိုယ်ရေးအချက်အလက်စီစစ်အတည်ပြုအထောက်အထား၏ အင်္ဂလိပ်ဘာသာပြန် နာမည်စာလုံးပေါင်းသည် တစ်ထပ်တည်းကျရန်လိုအပ်ပါသည်။ ※ID (NRC)ကို ကိုယ်ရေးအချက်အလက်စိစစ်အတည်ပြုအထောက်အထား အဖြစ် အသုံးပြုချိန်တွင် နိုတြီရုံးသို့တောင်းဆိုကာပြုလုပ်ဆောင်ရွက်ပေးလိုက်သော အင်္ဂလိပ်ဘာသာဖြင့်ဘာသာပြန်ဆိုထားသည့် ထောက်ခံစာ (Notary)ကိုယူဆောင်လာပါ။ |
||||||
| စာမေးပွဲဖြေဆိုသည့်နေ့အတွက် |
စာမေးပွဲမဖြေဆိုမီ စာမေးပွဲဖြေဆိုခြင်း ကို ဖတ်ရှုထားပါ | ||||||
| စာမေးပွဲဖြေဆိုခြင်းနှင့်
ပတ်သက်သော စုံစမ်းမေးမြန်းခြင်း |
・Prometric Customer Service Center
အင်္ဂလိပ်ဘာသာ/ ဂျပန်ဘာသာဖြင့်စုံစမ်းမေးမြန်းရန် မြန်မာဘာသာဖြင့်စုံစမ်းမေးမြန်းရန်
|
||||||
※ဖောင့်ထည့်သွင်းထားခြင်းမရှိသော ကွန်ပျူတာ၊ စမတ်ဖုန်းစသည်တို့တွင် မြန်မာဘာသာစကားမပေါ်သည်များလည်း ရှိနိုင်သည်။
JFT-Basic ဆိုသည်မှာ
၁။ စာမေးပွဲကျင်းပရခြင်းရည်ရွယ်ချက်
ဂျပန်ဖောင်ဒေးရှင်းဂျပန်ဘာသာအခြေခံစာမေးပွဲ (Japan Foundation Test for Basic Japanese၊ အတိုကောက်အခေါ်- JFT-Basic) သည် အဓိကအားဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့် နိုင်ငံခြားသားများအနေဖြင့် နေ့စဉ်နေထိုင်မှုဘဝတွင် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာ၍ “အတိုင်းအတာတစ်ခုအထိ နေ့စဉ်သုံးစကားပြောများ တတ်မြောက်ပြီး နေထိုင်မှုဘဝတွင် အခက်အခဲမရှိသည့် ဂျပန်ဘာသာစွမ်းရည်” ရှိမရှိကို အဆုံးအဖြတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်သည်။ ဤစာမေးပွဲသည် ဥရောပဘာသာစကားဆိုင်ရာ ဘုံရည်ညွှန်းချက်မူဘောင် (CEFR: Common European Framework of Reference for Languages: Learning, teaching, assessment) ၊ တစ်နည်အားဖြင့်၊ CEFR အတိုင်း ဂျပန်ဖောင်ဒေးရှင်းမှ “အပြန်အလှန် နားလည်ရန်အတွက် ဂျပန်ဘာသာစကား” အတွေးအခေါ်ကို အခြေခံသည့် ဂျပန်ဘာသာသင်ကြားရေးမူဘောင်အဖြစ် သတ်မှတ်ခဲ့သည့် “JF ဂျပန်ဘာသာစကားသင်ကြားမှုစံနှုန်း” (JF-Standard) အပေါ်အခြေခံ၍ “ ဂျပန်ဘာသာကိုအသုံးပြုပြီး မည်သည့်အရာကို မည်မျှလုပ်နိုင်သနည်း ” ဆိုသည်ကို တိုင်းတာမည်ဖြစ်ပါသည်။
JFT-Basic ကို ၂၀၁၉ခုနှစ် ဧပြီလ ၁ရက်နေ့မှ စတင်ခဲ့သည့် နေထိုင်ခွင့်ဗီဇာ (ကျွမ်းကျင်လုပ်သား အမှတ် ၁) ရရှိနိုင်ရန်အတွက် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာသည့် စာမေးပွဲအဖြစ်လည်း အသုံးပြုသည်။ကျွမ်းကျင်လုပ်သားစနစ်နှင့်ပတ်သက်သော အချက်အလက်များကို အောက်တွင် လေ့လာ နိုင်ပါသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် (မြန်မာဘာသာ)
အထူးကျွမ်းကျင်လုပ်သားအထွေထွေအထောက်အကူပြုဝက်ဘ်ဆိုဒ် (ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးအေဂျင်စီ)
၂။ စာမေးပွဲသတ်မှတ်ချက်
ဂျပန်ဘာသာသည် မိခင်ဘာသာစကားမဟုတ်သော နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ ဤစာမေးပွဲကို ကျင်းပခြင်းဖြစ်သည်။ အဓိကအားဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့် နိုင်ငံခြားသားများအတွက် ရည်ရွယ်ပါသည်။
၃။ စစ်ဆေးမည့်ပုံစံ
ဤစာမေးပွဲအား ကွန်ပျူတာစနစ်ကို အခြေခံသည့်ပုံစံ (CBT : Computer Based Testing)ဖြင့် ကျင်းပမည်ဖြစ်သည်။ နိုင်ငံအသီးသီးရှိ စာစစ်ဌာနများတွင် ကွန်ပျူတာကို အသုံးပြု၍ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေဆိုခြင်းများ ပြုလုပ်ပါမည်။ ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည့် မေးခွန်းနှင့် နားကြပ်မှတစ်ဆင့် ကြားရသည့်အသံများကို နားထောင်၍ ကွန်ပျူတာမျက်နှာပြင်ပေါ်မှတစ်ဆင့် ဖြေဆိုရမည်ဖြစ်သည်။

ပုံ ၁ CBT မျက်နှာပြင်ပုံရိပ်
ကွန်ပျူတာမျက်နှာပြင်အလယ်ဗဟိုဧရိယာတွင် မေးခွန်းနှင့် ရွေးချယ်ရမည့်အဖြေများကို ဖော်ပြထားပါသည်။ ထို့ပြင် ကွန်ပျူတာမျက်နှာပြင်တစ်ဝိုက်တွင် မေးခွန်းကဏ္ဍအမည်၊ စာမေးပွဲအမည်၊ ကျန်ရှိသောအချိန်နှင့် ဖြေဆိုမှုအခြေအနေ စသည်တို့ကို ဖော်ပြထားသည်။

ပုံ ၂ မေးခွန်းမျက်နှာပြင်ပုံရိပ်

ပုံ ၃ မိမိနိုင်ငံ၏ဘာသာစကားဖြင့်ဖတ်ရှုနိုင်သည့်ပုံရိပ်
ဤစာမေးပွဲတွင် မေးခွန်းအား အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသည်။ Your Language ခလုတ်ကို နှိပ်လိုက်ပါက *မိမိနိုင်ငံ၏ ဘာသာစကားဖြင့် မေးခွန်းကို ဖတ်ရှုနိုင်မည်ဖြစ်သည်။
မေးခွန်းအဓိပ္ပာယ်၊ အခြေအနေများကို သဘောပေါက်နားလည်အောင် သေချာစွာဖတ်၍ ဖြေဆိုပါ။ နားထောင်သဘောပေါက်ခြင်းကဏ္ဍတွင် Play ခလုတ် ကိုနှိပ်ပါက အသံထွက်ပေါ်လာမည်ဖြစ်ပြီး ၂ ကြိမ်အထိ နားထောင်နိုင်မည်ဖြစ်သည်။ ဖြေဆိုလိုသည့်အဖြေကို click နှိပ်၍ ရွေးချယ်ပါ။ ရွေးချယ်ထားသည့် အဖြေ သည် အရောင်ပြောင်းသွားမည်။
*မိမိနိုင်ငံ၏ဘာသာစကားဆိုသည်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Your Language 1 : အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ အင်ဒိုနီးရှားဘာသာ၊ ခမာဘာသာ၊ မွန်ဂိုဘာသာ၊ မြန်မာဘာသာ၊ နီပေါဘာသာ၊ ထိုင်းဘာသာ၊ ဗီယက်နမ်ဘာသာ
Your Language 2 : ဥဇဘက်ဘာသာ
(သက်ဆိုင်ရာအချက်အလက်များ)
စာမေးပွဲကွန်ပျူတာမျက်နှာပြင်အား အသုံးပြုပုံနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက အောက်တွင် လေ့လာနိုင်ပါသည်။
(မြန်မာဘာသာဖြင့်)
(ဂျပန်ဘာသာဖြင့်)
https://youtu.be/eU7IW4bc3y0
(အင်္ဂလိပ်ဘာသာဖြင့်)
https://youtu.be/WbKVWhxGdEQ
၄။ စာမေးပွဲဖွဲ့စည်းပုံ
ဤစာမေးပွဲတွင် စကားလုံးများနှင့်ဝေါဟာရများ၊ စကားပြောနှင့်ဖော်ပြချက်များ၊ နားထောင်သဘောပေါက်ခြင်း၊ ဖတ်ရှုသဘောပေါက်ခြင်း စသည့် အပိုင်း(၄)ပိုင်း ပါဝင်ပါမည်။ ဤစာမေးပွဲဖွဲ့စည်းပုံနှင့် မေးခွန်းအသီးသီး၏ ရည်ရွယ်ချက်မှာ ဇယား(၁)အတိုင်းဖြစ်သည်။
ဇယား(၁) စာမေးပွဲဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်
| မေးခွန်းကဏ္ဍ | မေးခွန်းကဏ္ဍများ၏ရည်ရွယ်ချက် | မေးခွန်းခေါင်းစဉ် | မေးခွန်းပုံစံ |
| စကားလုံးများ နှင့် ဝေါဟာရများ ( မေးခွန်း ၁၂ ခုခန့် ) |
နေ့စဉ်လူနေမှုဘဝတွင်အသုံးပြုရမည့် ဂျပန်ဘာသာ စကားလုံးများကို ဖတ်နိုင်ခြင်းရှိမရှိ၊ အခြေဝေါဟာရများကို သိရှိထားပြီးအသုံးချ နိုင်ခြင်းရှိမရှိကို စစ်ဆေးပါမည်။ |
စကားလုံးများ၏အဓိပ္ပာယ် | စကားလုံးများ၏ အဓိပ္ပာယ်ကိုမေးမြန်းခြင်း |
| စကားလုံးအသုံးများ | စကားလုံးအသုံးများကိုမေးမြန်းခြင်း | ||
| ခန်းဂျိအသံထွက် | ခန်းဂျိဖြင့်ရေးသားထားသောစကားလုံး၏အသံထွက်ကို
ဟိရဂနဖြင့်မေးမြန်းခြင်း |
||
| ခန်းဂျိ၏အဓိပ္ပာယ်နှင့်အသုံးများ | ခန်းဂျိဖြင့်ရေးသားထားသောစကားလုံး၏အဓိပ္ပာယ်နှင့်အသုံးများ
ကိုမေးမြန်းခြင်း |
||
| စကားပြောနှင့် ဖော်ပြချက်များ(မေးခွန်း ၁၂ ခုခန့်) |
နေ့စဉ်လူမှုဘဝ၏စကားပြောများတွင်လိုအပ်သည့်သဒ္ဒါနှင့် ဖော်ပြချက်များ အသုံးပြုနိုင်ခြင်းရှိမရှိ စစ်ဆေးပါမည်။ | သဒ္ဒါ | စကားပြောများ၏စကားဆက်များနှင့်ကိုက်ညီသည့်သင့်တော်သောသဒ္ဒါကိုအသုံးပြုနိုင်ခြင်းရှိမရှိမေးမြန်းခြင်း |
| ဖော်ပြချက် | စကားပြောများ၏စကားဆက်များနှင့် ကိုက်ညီသည့် သင့်တော်သောဖော်ပြချက်ကိုသုံးနိုင်ခြင်းရှိမရှိမေးမြန်းခြင်း | ||
| နားထောင် သဘောပေါက်ခြင်း ( မေးခွန်း ၁၂ ခုခန့် ) |
နေ့စဉ်လူနေမှုဘဝတွင် စကားပြောနှင့်ညွှန်ကြား ချက်များကိုနားထောင်ပြီး နားလည်သဘောပေါက်ခြင်း ရှိမရှိကိုစစ်ဆေးပါမည်။ |
အကြောင်းအရာကိုနားလည်ခြင်း(လူမှုဆက်ဆံရေးပြောစကားများ) | သတင်းအချက်အလက်များနှင့်လူမှုဆက်ဆံရေးပြောစကားများကို နားထောင်ပြီးအကြောင်းအရာကိုနားလည်ခြင်းရှိမရှိမေးမြန်းခြင်း |
| အကြောင်းအရာကို နားလည်ခြင်း(ဆိုင်နှင့်အများပြည်သူနှင့် ဆိုင်သောနေရာများတွင်ပြောသောစကားများ) | ဆိုင်နှင့်အများပြည်သူနှင့်ဆိုင်သောနေရာများတွင်ပြောသော စကားများကိုနားထောင်ပြီး အကြောင်းအရာကို နားလည်ခြင်း ရှိမရှိမေးမြန်းခြင်း | ||
| အကြောင်းအရာကို နားလည်ခြင်း(ညွှန်ကြားချက်နှင့် အသိပေးကြေညာချက်များ) | ညွှန်ကြားချက်နှင့်အသိပေးကြေညာချက်၊ အသံလွှင့်ခြင်းစသည်တို့ကိုနားထောင်ပြီး အကြောင်းအရာကို နားလည်ခြင်းရှိမရှိ မေးမြန်းခြင်း | ||
| ဖတ်ရှုသဘောပေါက်ခြင်း ( မေးခွန်း ၁၂ခုခန့် ) |
နေ့စဉ်လူနေမှုဘဝတွင် အသုံးပြုနေသည့် ပေးစာနှင့်ကြော်ငြာစာ၊ ရှင်းလင်းချက် စသည်တို့ကို ဖတ်ပြီး နားလည်သဘောပေါက်ခြင်းရှိမရှိ စစ်ဆေးပါမည်။ | အကြောင်းအရာကိုနားလည်ခြင်း | ပေးစာ၊ ပို့စာစသည့် တိုတောင်း၍လွယ်ကူသည့်စာကြောင်းများကို ဖတ်ပြီးအကြောင်းအရာကိုနားလည်ခြင်းရှိမရှိမေးမြန်းခြင်း |
| သတင်းအချက်အလက် ရှာဖွေခြင်း | နေ့စဉ်မြင်တွေ့နေကျဖြစ်သောဆိုင်းဘုတ်၊ကြော်ငြာစာ၊ စာရွက်စာတမ်း အစရှိသည်တို့မှလိုအပ်သောသတင်းအချက်အလက်များကိုရှာဖွေဖော်ထုတ်နိုင်ခြင်းရှိမရှိမေးမြန်းခြင်း |
မေးခွန်း ၅၀ ခုခန့် မေးထားမည်ဖြစ်ပြီး ဖြေဆိုချိန်မှာ မိနစ် ၆၀ ဖြစ်ပါသည်။ မေးခွန်းကဏ္ဍအလိုက် ဖြေဆိုမှုကြာချိန်ကို ကန့်သတ်ထားခြင်းမရှိပါ။ မေးခွန်းကဏ္ဍတစ်ခုတည်းအတွင်းတွင်ဖြစ်ပါက အချိန်မရွေး ပြင်ဆင်ခြင်း၊ ထပ်မံဖြေဆိုခြင်း ပြုနိုင်ပါသည်။ သို့သော် နောက်ထပ်မေးခွန်းကဏ္ဍတစ်ခုသို့ ပြောင်းလိုက်ပြီးပါက ရှေ့တွင်ဖြေဆိုခဲ့သော မေးခွန်းကဏ္ဍသို့ပြန်သွားပြီး ဖြေဆိုခြင်းမျိုး မပြုနိုင်တော့ပါ။ ထို့အပြင် နားထောင်သဘောပေါက်ခြင်းကဏ္ဍတွင် မေးခွန်းများကို ရှေ့နောက်ပြောင်းပြီး ပြင်ဆင်ခြင်း၊ ထပ်မံဖြေဆိုခြင်းများ မပြုလုပ်နိုင်ပါ။
၅။ စာမေးပွဲအဆင့်သတ်မှတ်ချက်
ဤစာမေးပွဲသည် JF Standard မှ ဂျပန်ဘာသာစွမ်းရည်အဆင့်သတ်မှတ်ချက်အဖြစ် အသုံးပြုနေသည့် CEFR ၏ မူဘောင်အတိုင်း “ ဂျပန်ဘာသာကိုအသုံးပြုပြီး မည်သည့်အရာကို မည်မျှလုပ်နိုင်သနည်း ” ဆိုသည့် လုပ်ဆောင်မှုစွမ်းရည်အဆင့်ကို ရည်ညွှန်းဖော်ပြပါသည်။ လုပ်ဆောင်မှုစွမ်းရည်ကို Can-do ( လုပ်နိုင်သည် ) ဆိုသည့် စာလုံးဖြင့်ဖော်ပြပြီး၊ A1၊ A2၊ B1၊ B2၊ C1၊ C2 ဟူ၍ အဆင့် ၆ ဆင့် သတ်မှတ်ထားသည်။
အဆင့်များပုံစံကို အောက်ပါပုံ၄တွင် လေ့လာနိုင်သည်။

ပုံ ၄ Can-do ၏ အဆင့်၆ဆင့်
ဤစာမေးပွဲတွင် CEFR ၊ JF Standard ၏ A1 ၊ A2 အဆင့်၏ Can-do ကို အခြေခံထားသည့် မေးခွန်းများ ပါဝင်မည်ဖြစ်ပြီး စကားလုံးများနှင့်ဝေါဟာရများ၊ စကားပြောနှင့်ဖော်ပြချက်များ၊ နားထောင်သဘောပေါက်ခြင်း၊ ဖတ်ရှုသဘောပေါက်ခြင်း စသည့် အပိုင်း(၄)ပိုင်းမှတစ်ဆင့် ယေဘုယျအားဖြင့် ဂျပန်နိုင်ငံတွင် နေထိုင်စဉ်ကာလအတွင်း နေ့စဉ်နေထိုင်မှုတွင် လိုအပ်သော ဂျပန်ဘာသာစွမ်းရည်ကို တိုင်းတာခြင်းဖြစ်သည်။ လုပ်ငန်းခွင်ဝင်ရောက်ရန်အတွက်လိုအပ်သော “ အတိုင်းအတာတစ်ခုအထိ နေ့စဉ်သုံးစကားပြောများ တတ်မြောက်ပြီး နေထိုင်မှုဘဝတွင် အခက်အခဲမရှိသည့် အနေအထား ” ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် A2 အဆင့်ရှိ ဂျပန်ဘာသာစွမ်းရည်ပိုင်ဆိုင်ထားခြင်း ရှိမရှိကို စစ်ဆေးဆုံးဖြတ်ပါမည်။
A2 အဆင့်သတ်မှတ်ချက်မှာ အောက်ပါဇယား၂ ၏ အလယ်တွင်ရှိပါသည်။
ဇယား ၂ A2 အဆင့်သတ်မှတ်ချက် (အခြားအဆင့်သတ်မှတ်ချက်များနှင့် နှိုင်းယှဉ်ပြခြင်း )
| အဆင့် | အဆင့်သတ်မှတ်ချက် |
| B1 |
|
| A2 |
|
| A1 |
|
CEFR၏ဘုံမူဘောင်ကိုးကားချက်အဆင့် : ယေဘုယျတိုင်းတာမှုအဆင့်
၆။ စာမေးပွဲရလဒ်အားအကြောင်းကြားခြင်း
စာမေးပွဲရလဒ်ကို ဖြေဆိုသူထံသို့ အောက်ပါအတိုင်း အကြောင်းကြားပါမည်။
| စာမေးပွဲဖြေဆိုသည့်နေ့ | စာမေးပွဲပြီးဆုံးပါက ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် စုစုပေါင်းရမှတ်နှင့် စာမေးပွဲရလဒ်ကို ဖော်ပြပါမည်။ |
| စာမေးပွဲပြီးနောက် ရုံးဖွင့်ရက် ၅ ရက်အတွင်း | ကြိုတင်စာရင်းသွင်းဝက်ဘ်ဆိုဒ်တွင် Log in ဝင်လိုက်ပါက တရားဝင်စာမေးပွဲရလဒ် အကြောင်းကြားစာပေါ်လာမည်ဖြစ်ပြီး ထိုအကြောင်းကြားစာကိုပရင့်ထုတ်ယူနိုင်ပါသည်။ |
စာမေးပွဲရလဒ်အကြောင်းကြားစာတွင် စုစုပေါင်းရမှတ်နှင့် ၎င်းရမှတ်ပေါ်တွင်အခြေခံဆုံးဖြတ်ထားသည့် စာမေးပွဲရလဒ် ပါရှိပါမည်။ စုစုပေါင်းရမှတ်သည် အဖြေမှန်အရေအတွက်အတိုင်း ရေတွက်ခြင်းမဟုတ်ဘဲ ပျမ်းမျှခြင်း ဟု ခေါ်သည့် စာရင်းအင်းတွက်ချက်မှုများဖြင့် တွက်ချက်ထားသည့် အတိုင်းအတာအမှတ်များဖြင့် ဖော်ပြပါမည်။ စုစုပေါင်းပေးမှတ်သည် ၁၀ မှတ် မှ ၂၅၀ မှတ် အထိ ဖြစ်သည်။ စုစုပေါင်းရမှတ်သည် ရလဒ်စံနှုန်းအမှတ် (အမှတ် ၂၀၀) အထက်ရရှိပါက “အတိုင်းအတာတစ်ခုအထိ နေ့စဉ်သုံးစကားပြောများ တတ်မြောက်ပြီး နေထိုင်မှုဘဝတွင် အခက်အခဲမရှိသည့် ဂျပန်ဘာသာစွမ်းရည်စံနှုန်းနှင့် ပြည့်မီသည်”ဟု သတ်မှတ်ပါသည်။ ထို့အပြင် ကိုးကားအချက်အလက်များအဖြစ် မေးခွန်းကဏ္ဍတစ်ခုချင်းစီ၏ အဖြေမှန်ကန်မှုနှုန်းကို ဖော်ပြသွားပါမည်။

ဇယား ၅ စာမေးပွဲရလဒ်အကြောင်းကြားစာပုံ
စာမေးပွဲရလဒ်အကြောင်းကြားစာ၏ ဒုတိယမြောက်စာမျက်နှာတွင် ဂျပန်ဘာသာစွမ်းရည်စံနှုန်း အချက်အလက်များ အကြောင်း ရှင်းပြထားပါသည်။ အသေးစိတ်အကြောင်းအရာကို ၅။ စာမေးပွဲအဆင့်သတ်မှတ်ချက် တွင် ကြည့်ရှုပါ။
၇။ မေးခွန်းနမူနာ
JFT-Basic ၏ မေးခွန်းနမူနာများကို လေ့လာနိုင်ပါသည်။ မေးခွန်းကဏ္ဍ ၄ ခု၏ ကဏ္ဍ ၁ ခုချင်းစီ ၏ ခေါင်းစဉ် ၁ ခုလျှင် မေးခွန်း ၁ ခုနှုန်းဖြင့် စုစုပေါင်း နမူနာမေးခွန်း ၁၁ ခုကို ဖော်ပြထားပါသည်။ ခေါင်းစဉ် အသီးသီး၏ မေးခွန်းပုံစံ၊ အကြောင်းအရာ၊ အဆင့်ပုံစံများကို လေ့လာနိုင်သည်။
※လက်တွေ့စာမေးပွဲ၏ မေးခွန်းမျက်နှာပြင်နှင့် ကွဲပြားခြားနားမှုရှိနိုင်ပါသည်။
၈။ စာမေးပွဲရှင်းလင်းချက်
အထက်ဖော်ပြပါ JFT-Basic ၏ အကြောင်းအရာများကို တစ်စုတစ်စည်းတည်း သိရှိနိုင်အတွက် Slide ပုံစံဖြင့် ပြုစုထားသော စာရွက်စာတမ်းဖြစ်ပါသည်။ (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ) လွတ်လပ်စွာ ဒေါင်းလုတ်ရယူနိုင်ပါသည်။
စာမေးပွဲရှင်းလင်းချက် စာရွက်စာတမ်း (PDF: 2.6MB)
စာမေးပွဲဖြေဆိုခြင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် (အင်္ဂလိပ်ဘာသာ/ ဂျပန်ဘာသာဖြင့်)
ဖုန်းနံပါတ် – 08008008032 (ခေါ်ဆိုမှုအခမဲ့)
မြန်မာဘာသာဖြင့်စုံစမ်းမေးမြန်းရန်
ဖုန်းနံပါတ် 09977532789 (ခေါ်ဆိုမှုအခမဲ့မဟုတ်ပါ)
အီးမေးလ် – customersupportenglishJLFW@prometric.com
မေးမြန်းနိုင်သည့်အချိန် – တနင်္လာနေ့ မှ သောကြာနေ့၊ မြန်မာစံတော်ချိန် မနက် ၉နာရီမှ ညနေ၅နာရီအထိ
(စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များမှအပ)
ဖုန်းခေါ်ဆိုမေးမြန်းသူများ ဖုန်းခေါ်ဆိုခကုန်ကျခြင်းမရှိပါ။
23/10/2026
🪔သီတင်းကျွတ်ပွဲတော် ရုံးပိတ်ရက် အသိပေးကြေညာခြင်း🪔15/10/2026
INVITATION TO BID FOR THE Purchase of Business Laptop Computers, Including Initial Setup and Delivery Services03/09/2026
📢 “အသိပေးကြေညာချက်”31/07/2026
📢 “Japan Culture & Education Fair 2026 ကျင်းပမည့် အစီအစဉ်နှင့် JFYG စင်တာ ပိတ်ရက်များအား အသိပေးကြေညာခြင်း”📢19/06/2026
Kyoshin Japanese Language Academy Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!16/06/2026
ဝန်ထမ်းခေါ်ယူခြင်း ပြည်သူ့ဆက်ဆံရေးနှင့် စာကြည့်တိုက်စီမံခန့်ခွဲရေးလက်ထောက် ဝန်ထမ်း15/06/2026
📢 အသိပေးကြေညာချက်10/06/2026
📢『IRODORI ဂျပန်နိုင်ငံနေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား』၏29/05/2026
IBB Japanese Language Schoolမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!30/04/2026
【မင်္ဂလာပါ Sensei (၂၈)ကြိမ်မြောက် :ဆရာမ 能勢理子(NOSE Michiko)】24/04/2026
EAJS 2026 ခရီးစဉ်ထောက်ပံ့မှုအစီအစဉ်အတွက် လျှောက်လွှာခေါ်ယူခြင်း23/04/2026
Yangon JM Japanese Language Schoolမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!22/04/2026
တဒို့ခု၏လူကြိုက်အများဆုံးစာအုပ်များ21/04/2026
📖JFYG၏ယခုလအတွက် အကြံပြုသောစာအုပ် 📖09/04/2026
【မြန်မာနှစ်သစ်ကူးနှင့်သင်္ကြန်ပွဲတော်ရုံးပိတ်ရက် အသိပေးကြေညာခြင်း】01/04/2026
📣 “Irodori ဂျပန်နိုင်ငံနေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကား” ၏ Pre-intermediate (A2/B1 level) ထွက်ရှိလာပြီဖြစ်ကြောင်း အသိပေးခြင်း✨24/03/2026
စင်တာပိတ်ရက်အပြောင်းအလဲအားအသိပေးကြေညာချက်21/03/2026
(၁၀)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကို အသုံးပြုပြီး စကားပြော(kaiwa)ပိုမိုကျယ်ပြန့်လာအောင် လုပ်ကြရအောင်】ကို ကျင်းပခဲ့ခြင်း။11/03/2026
ZA Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!07/03/2026
မင်္ဂလာပါ Sensei (၂၇)ကြိမ်မြောက် :ဆရာမဝင်းသိင်္ဂီကျော်03/03/2026
အဖွဲ့လိုက်လေ့လာရေးခရီး “Visit JFYG” အတွက် လျှောက်လွှာများ လက်ခံနေပါသည် (၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ)18/02/2026
Kira Kira Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!17/02/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း17/02/2026
Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။11/02/2026
စင်တာပိတ်ရက် အသိပေးကြေညာခြင်း04/02/2026
Waku Waku Nihongo ❝Challenge with Erin!❞ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း24/01/2026
(၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။16/01/2026
၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း15/01/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း14/01/2026
Akafuji Vocational Training Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!09/01/2026
Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ!02/01/2026
ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း26/12/2025
နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း30/12/2025
မင်္ဂလာပါ Sensei (၂၆)ကြိမ်မြောက် :ဆရာမ ရွှန်းလဲ့နဒီမောင်26/12/2025
Folded Heritage: Japanese Origami Workshop14/12/2025
ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် “CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ” ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီးခြင်း03/12/2025
Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!06/11/2025
ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater05/11/2025
AIMI Japanese Language Center မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!01/10/2025
SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!04/04/2025
မန္တလေးမြို့တွင် ကျင်းပမည့် JFT-Basic စာမေးပွဲအား ဖျက်သိမ်းကြောင်း ကြေငြာခြင်း13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)