【၂၀၂၆ခုနှစ် ဩဂုတ်လ မှ အောက်တိုဘာလ အထိ IRODORI သင်ကြားနည်းသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း】

  • Aug 29, 2026 ~ Oct 17, 2026
  • နံနက် (၉:၀၀~၁၂:၀၀)
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)မှ ပြုလုပ်သော ဆွေးနွေးပွဲများတွင် အစဥ်အမြဲ ပါဝင်ပေးကြသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။ 

 JFYGတွင် 「IRODORI သင်ကြားနည်းသင်တန်းကို ထပ်မံဖွင့်လှစ်မှာပဲ ဖြစ်ပါတယ်။『IRODORI ဂျပန်တွင်နေထိုင်မှုဘဝအတွက် ဂျပန်ဘာသာစကားသင်ထောက်ကူ တွေးပုံတွေးနည်း သင်ကြားနည်းတို့ကို နားလည်သဘောပေါက်ပြီး Communication စွမ်းရည်ကို တိုးတက်လာစေနိုင်သည့် Can-do ကို ဦးတည်ချက်အဖြစ်ထားသောသင်တန်းကို သင်ကြားနိုင်မည့် ဆရာ၊ဆရာမများကို လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ထားခြင်းပဲ ဖြစ်ပါတယ်။ သင်ယူသူရှုထောင့်မှ အတန်းတက်ရောက်လေ့လာကြည့်ခြင်း သင်တန်းပို့ချခြင်း အဖွဲ့တစ်ဖွဲ့ချင်းစီ သရုပ်ပြသင်ကြားခြင်းတို့မှတစ်ဆင့် ထိရောက်မှုရှိသော သင်ကြားရေးပုံစံကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ဤအခွင့်အရေးကို အသုံးချပြီး ယုံကြည်မှုရှိစွာဖြင့် 『IRODORI』ကို သင်ကြားနိုင်မည့် ဆရာတစ်ယောက်ဖြစ်လာချင်သူများအတွက် အထူးသင့်လျော်ပါတယ်။ အားလုံးရဲ့ ပါဝင်တက်ရောက်မှုကို စောင့်မျှော်လျှက်ရှိပါတယ်။ 

 နေ့ရက်၂၀၂၆ခုနှစ် ဩဂုတ်လ ၂၉ရက် (စနေနေ့) မှ အောက်တိုဘာလ ၁၇ရက် (စနေနေ့) အထိ နံနက် (:၀၀၁၂:၀၀) 

အပတ်စဉ် စနေနေ့တိုင်း တစ်ချိန်၃နာရီ (နားချိန် ၁၅မိနစ်)ဖြင့် စုစုပေါင်း ၈ကြိမ်၂၂နာရီ 

 ပထမအကြိမ် ဩဂုတ်လ ၂၉ရက် (စနေနေ့) :၀၀၁၂:၀၀ 

ဒုတိယအကြိမ် စက်တင်ဘာလ ၅ရက် (စနေနေ့) :၀၀၁၂:၀၀ 

တတိယအကြိမ် စက်တင်ဘာလ ၁၂ရက် (စနေနေ့) :၀၀၁၂:၀၀ 

စတုတ္ထအကြိမ် စက်တင်ဘာလ ၁၉ရက် (စနေနေ့) :၀၀၁၂:၀၀ 

ပဉ္စမအကြိမ် စက်တင်ဘာလ ၂၆ရက် (စနေနေ့) :၀၀၁၂:၀၀ 

ဆဋ္ဌမအကြိမ် အောက်တိုဘာလ ၃ရက် (စနေနေ့) :၀၀၁၂:၀၀ 

သတ္တမအကြိမ် အောက်တိုဘာလ ၁၀ရက် (စနေနေ့) :၀၀၁၂:၀၀ 

အဋ္ဌမအကြိမ် အောက်တိုဘာလ ၁၇ရက် (စနေနေ့) :၀၀၁၂:၀၀ 

 

သင်တန်းပုံစံအပြင်သင်တန်း 

 နေရာ 

ဂျပန်ဖောင်းဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) 

အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့  

https://maps.app.goo.gl/QwUwnFms7dwBZzGw8 

အနီးဆုံးဘတ်စ်ကားမှတ်တိုင်ဗျိုင်းရေအိုးစင်မှတ်တိုင် 

ဘတ်စ်ကားနံပါတ်  :၄၃၊ ၆၄၊ ၈၀ 

 

သင်တန်းကြေးအခမဲ့ 

 သတ်မှတ်ချက်များအောက်ပါအချက်များနှင့် ကိုက်ညီသော မြန်မာလူမျိုး ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများ 

 ဂျပန်စာသင်ကြားရေး အတွေ့အကြုံရှိသူ 

・IRODORI သင်ထောက်ကူကို အသုံးပြုပြီး သင်ကြားနေသောသူ အခုကစပြီး IRODORI ကို အသုံးပြုပြီး သင်ကြားရန်အစီအစဉ်ရှိသူ 

・JLPT N2 အထက် 

သင်တန်း ၈ကြိမ်လုံး တက်ရောက်နိုင်သူ 

 

သတ်မှတ်ဦးရေ၂၀ ဦး 

 အသုံးပြုမည့်စာအုပ်:『IRODORI ဂျပန်နိုင်ငံတွင် နေထိုင်မှုအတွက် ဂျပန်ဘာသာစကား အခြေခံအဆင့်() A2』 

 

တက်ရောက်သူများကို ဖတ်စာအုပ်ပုံနှိပ်များ ပေးဝေမည် 

သင်တန်းပြီးဆုံးသူများအား 『IRODORI 入門 A1』 နှင့် 『IRODORI 初級2 A2』 ကို ထပ်မံပေးအပ်မည်ဖြစ်ပါသည် 

 

သင်ကြားပို့ချမည့်သူ:JFYGမှ ဂျပန်လူမျိုးဆရာ၊ဆရာမ()ဦး 

 သင်တန်းပြီးဆုံးကြောင်းလက်မှတ် 

 သင်တန်းစုစုပေါင်း ကြိမ်အနက် ကြိမ်နှင့်အထက် တက်ရောက်ပြီး သရုပ်ပြသင်ကြားမှု (模擬授業) တွင် ပါဝင်ကာ နောက်ဆုံးစစ်တမ်းကို ဖြေဆိုပြီးသူများအား ပေးအပ်မည်။ 

 

သင်တန်းလျှောက်လွှာအောက်တွင်ပေးထားသော URLမှတစ်ဆင့် လျှောက်လွှာတင်ပေးရန် 

လျှောက်လွှာ URL:https://forms.cloud.microsoft/r/8anQAYPuyi 

လျှောက်လွှာ နောက်ဆုံးပိတ်ရက်ဩဂုတ်လ ၂၃ ရက် (တနင်္ဂနွေနေ့) ၁၁ နာရီ ၅၉ မိနစ် 

  ဦးရာသူစနစ်မဟုတ်ပါ။ လျှောက်ထားရသည့် ရည်ရွယ်ချက်နှင့် စာသင်ကြားမှုအတွေ့အကြုံ IRODORI အသုံးပြုမှုအတွေ့အကြုံစသည်တို့အပေါ် မူတည်၍ရွေးချယ်သွားမည်ဖြစ်ပါသည်။ စိစစ်ရွေးချယ်နေစဥ်အတောအတွင်း ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှ ဖုန်းဖြင့်ဆက်သွယ်အတည်ပြုခြင်းများ ရှိနိုင်ပါသည်။ 

ရွေးချယ်မှုရလဒ်ကို ဩဂုတ်လ ၂၆ ရက်နေ့တွင် Email မှတစ်ဆင့် အကြောင်းကြားပေးမည်ဖြစ်ပါသဖြင့် Email ကို ပုံမှနစစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ရံဖန်ရံခါ Spam Mail ထဲသို့ ရောက်ရှိနေတတ်ပါသဖြင့် သတိပြုပေးပါရန်။ 

ဝင်ရောက်ပါဝင်လျှောက်လွှာတင်ကြဖို့ကို စောင့်မျှော်နေပါသည်။ 

Available in English and 日本語.

Notice & Announcements

View All