သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အနုပညာလှုပ်ရှားမှု(စုပေါင်းဖန်တီးခြင်းအလုပ်ရုံပြပွဲ) အစီစဉ်၊

  • Mar 21, 2026 ~ Mar 22, 2026
  • MABA office, Mingalar Mandalay, water street, Ward-6. 3rd floor

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ လာမည် မတ်လ(၂၁- ၂၂) ရက်နေ့များတွင် မန္တလေးမြို့ၡိပြည်သူလူထုအတွက် “သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၏အရေးပါမှုကို အသိပညာပေးရန်နှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေရန် အနုပညာက မည်သို့ပါ၀င်လုပ်ဆောင်နိုင်မည်နည်း” ခေါင်းစဉ်ဖြင့် အနုပညာလှုပ်ရှားမှု(စုပေါင်းဖန်တီးခြင်းအလုပ်ရုံ)ပြပွဲကို ကျင်းပသွားမည်ဖြစ်ပါသည်။

 

ပြပွဲ၏ရည်ရွယ်ချက်။  ။ ဂျပန်နိုင်ငံတွင် ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး လူအများအပြားသေဆုံး/ပျောက်ဆုံးခဲ့ရသည့် Great Kanto Earthquake ငလျင်ကြီးနှင့်ဆက်စပ်၍ စက်တင်ဘာလကို သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလအဖြစ် သတ်မှတ်ကာ ထိုလတွင် သဘာ၀ဘေးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုများကို မြို့ရွာတိုင်းတွင်ပြုလုပ်ကြပါသည်။ ထိုနည်းတူ ၂၀၂၅ ခုနှစ် မတ်လက မြန်မာနိုင်ငံ စစ်ကိုင်းနှင့်မန္တလေးတွင် လှုပ်ခတ်ခဲ့သောငလျင်ကြီး၏ တစ်နှစ်အကြာကာလ သက်ရောက်မှုရှိခဲ့သောနေရာတွင် အလားတူ အသိပညာပေးအစီစဉ်များကို ကျင်းပရန် ရည်ရွယ်ပါသည်။

 

ဤအနုပညာလှုပ်ရှားမှုမှတဆင့် “သဘာဝဘေးအန္တရာယ်ကို မည်သို့ကာကွယ်ရမည်ကို သတိပေးရန် ပြန်လည်လေ့လာရန်နှင့် စိတ်ကျန်းမာရေးအကြောင်း အသိပညာမြှင့်တင်ရန် အနုပညာၡင်များက ပြန်လည်ထင်ဟပ်ဖန်တီးကြမည်ဖြစ်ပါသည်၊ ထို့ပြင် အနုပညာၡင်မဟုတ်သူများ ပါ၀င်လုပ်ဆောင်နိုင်သော စုပေါင်းအနုပညာအလုပ်ရုံအစီစဥ်ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါသည်။ ပြပွဲတွင် မန္တလေးမြို့ခံပန်းချီပန်းပုနှင့်ဓာတ်ပုံ၊(အင်စတော်လေးၡင်း) အနုပညာၡင်များကလည်း ပါ၀င်ဖန်တီးပြသကြမည်ဖြစ်ပါသည်။ ပြပွဲရက်တွင် အနုပညာရှင်များနှင့် ဂျပန်ဖောင်ဒေးရှင်း၊ ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာတို့မှ ပြပွဲအကြောင်းနှင့် ဖြစ်ပေါ်လာပုံတို့ကို စကားပြောပွဲတစ်ခုအသွင်ဖြင့်လည်း ရှင်းလင်းပြောကြားသွားမည် ဖြစ်ပြီး တက်ရောက်လိုသူများအနေနှင့် အောက်ပါဖောင်တွင် တပါတည်း ရွေးချယ်စာရင်းပေးနိုင်ပါသည်။

 

ဤပြပွဲကို မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး စုပေါင်းအနုပညာအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ရန်အတွက်ကိုမူ သီးသန့်စာရင်းပေးကာ တက်ရောက်ခွင့်ရသူများကို ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။ လူဦးရေအကန့်အသတ်ရှိပါသဖြင့် အရင်ဆုံးစာရင်းပေးသူများကို ဦးစားပေးဆက်သွယ်သွားပါမည်။

 

……

 

စုပေါင်းအနုပညာအလုပ်ရုံဆွေးနွေးပွဲ။  ။ ဂျပန်ဖောင်ဒေးၡင်း(ရန်ကုန်)က ကျွန်ုပ်တို့အတွက်(ပြန်လည်လေ့လာနိုင်သော) စုပေါင်းမှတ်တမ်း(collective memory) အနေဖြင့် ပြပွဲတွင်ထည့်သွင်းပြသရန်အတွက် (အခမဲ့) စုပေါင်းအနုပညာဖန်တီးခြင်း အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို စီစဥ်ထားပါသည်။ စိတ်ပါ၀င်စားသူ မန္တလေးမြို့ခံ လူငယ်လူကြီးအနုပညာချစ်သူများ ပါဝင်ဖန်တီးလိုပါက အောက်ပါ Google form ကိုဖြည့်သွင်းစာရင်းပေးနိုင်ပါကြောင်း ဝမ်းမြောက်စွာဖိတ်ကြားအပ်ပါသည်။ (အလုပ်ရုံဆွေးနွေးပွဲ အသေးစိတ်အချက်အလက်များကို Google form တွင်ဖေါ်ပြထားပါသည်)။

 

….

 

စုပေါင်းအနုပညာအလုပ်ရုံဆွေးနွေးပွဲ- မတ်လ 21 ရက်(စနေနေ့) မနက်(၁၀)နာရီ၊

ပြပွဲဖွင့်ပွဲ- မတ်လ 22 ရက်(တနဂ်နွေနေ့) နံနက်(၁၀)နာရီ-ညနေ(၅ နာရီထိ)၊  Talk session – 1:00 PM to 2:30 PM (1st Floor)။

နေရာ – MABA office, Mingalar Mandalay, water street, Ward-6. 3rd floor.

စာရင်း‌ပေးရန် –  Disaster Prevention & Mental Health Activities Through Art:  (Workshop Registration Form) – Fill out form

 

Curator/Workshop Conductor: Aung Myat Htay

Artist/Mental Health Workshop: Zun Ei Phyu

Artist Collective lead: Suu Myint Thein(Mr.), with participant young artist: Hlaing Kyaw Phyo, Ye Yint Win(Morris John)

Notice & Announcements

View All