“အခြေခံအဆင့်အတန်းများအတွက် ဘယ်လိုပြင်ဆင်ရင်ကောင်းမလဲ”
“ပုံမှန်သင်နေကြအတန်းများတွင် အနည်းငယ်ပြောင်းလဲပြင်ဆင်ထားတာတွေ ထည့်သုံးချင်တယ်”ဆိုတဲ့ ဆရာ၊ဆရာမတို့အတွက် အကြံပြုချင်တဲ့အတန်းလေးတစ်ခုရှိပါတယ်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)မှ MAJA Education Centerဖြင့်ပူးပေါင်း၍ 【ဂျပန်ဘာသာသင်ကြားရေးနည်းစနစ်မွမ်းမံသင်တန်း】များ ပြုလုပ်ပေးလျက်ရှိပါတယ်။ ပထမအကြိမ်မြောက်တွင် များပြားစွာသောဆရာ၊ဆရာမများမှ ပါဝင်တက်ရောက်ပေးခဲ့ပြီး အလွန်ကောင်းမွန်တဲ့တုံ့ပြန်မှုများကို ရရှိခဲ့ပါတယ်။
ဒုတိယအကြိမ်မြောက်မှာတော့ ဆရာWalar Tun Sheinကို ပို့ချသူအဖြစ်ဖိတ်ကြားကာ「WaraWaraအခြေခံအဆင့်နည်းစနစ်~ အခြေခံအဆင့်သင်ကြားရန်ပြင်ဆင်မှု ~」ကို ခေါင်းစဉ်အဖြစ်ထား၍ ကျင်းပမည်ဖြစ်ပါသည်။
အတန်းကို အဆင်ပြေပြေသင်နိုင်ပါ့မလားဆိုတာက “အတန်းမစခင်ပြင်ဆင်မှုအပိုင်း”အပေါ်မှာ အလွန်မူတည်ပါတယ်။ ယခုအကြိမ်သင်တန်းမှာတော့ 『Minna no Nihongo』ကို နမူနာထားကာ အတန်းအတွက်ပြင်ဆင်မှုရဲ့ အဓိကအချက်တွေကိုလေ့လာပြီး တကယ့်လက်တွေ့ နမူနာအတန်းချိန်ကိုလည်း ကိုယ်တိုင်တွေ့ကြုံလေ့လာနိုင်မှာဖြစ်ပါတယ်။
「WaraWaraနည်း」မှာဆိုရင် နေ့စဥ်အတန်းများတွင် ချက်ချင်းအသုံးချနိုင်တဲ့အကြံဉာဏ်ကောင်းတွေ အများအပြားပါဝင်ပါတယ်။ ဆက်ဆက်လာရောက်လေ့လာပြီး 『ကိုယ်ပိုင်စတိုင်ဖြင့်အတန်းသင်ကြားနည်း』ကို ရှာဖွေကြည့်ကြရအောင်။
✅ ဂျပန်ဘာသာသင်ကြားရေးဆရာအဖြစ်အတွေ့အကြုံနည်းသေးသူများ
✅ အခြေခံအဆင့်အတန်း သင်ကြားနည်းတွင် အခက်အခဲရှိသူများ
✅ အတွေးအမြင်အသစ် နဲ့ အကြံဉာဏ်အသစ်တွေ ရရှိချင်သူများ
✅ ဂျပန်ဘာသာသင်ကြားရေးဆရာ၊ ဆရာမများအချင်းချင်း ရင်းနှီးဖလှယ်ချင်သူများ
ဒီလို ဆရာ၊ဆရာမများထံ အကြံပြုပေးချင်ပါတယ်။ လွတ်လပ်စွာပါဝင်တက်ရောက်နိုင်ပါတယ်။
***********
■သင်တန်းအမည်: ဒုတိယအကြိမ်မြောက် ဂျပန်ဘာသာသင်ကြားရေးနည်းစနစ်မွမ်းမံသင်တန်း
■ခေါင်းစဉ်:「WaraWaraအခြေခံအဆင့်နည်းစနစ်~ အခြေခံအဆင့်သင်ကြားရန်ပြင်ဆင်မှု ~」
■အကြောင်းအရာ:・『Minna no NihongoⅠ』ကို အသုံးပြုထားသည့် အတန်းတွင်းပြင်ဆင်မှုအတွက် အဓိကအချက်များ (မြန်မာဘာသာဖြင့် ပို့ချပါမည်။)
・ပို့ချသူဆရာ၏ နမူနာအတန်းချိန်
・အဖွဲ့လိုက် ဆွေးနွေးခြင်း
■အသုံးပြုမည့် ဘာသာစကား:မြန်မာဘာသာစကား(တစိတ်တပိုင်းမှာ ဂျပန်ဘာသာစကား)
■ပို့ချမည့်ဆရာ:Walar Tun Shein(Akafuji Vocational Training Center)
■နေ့ရက် နှင့် အချိန်:၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက်နေ့ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် (၉း၀၀ မှ ၁၂း၀၀)အထိ
■နေရာ:MAJA Education Center
No. 440(b), Zayya 14th Street, 10th ward, south okkalapa tsp, yangon
https://maps.app.goo.gl/VikVU2mHEkRA4vRb6
■သင်တန်းကြေး:အခမဲ့
■ကန့်သတ်လူဦးရေ:၂၅ ဦး
■လျှောက်ထားရန်:အောက်ပါ URLမှတဆင့် လျှောက်ထားနိုင်ပါသည်။
https://forms.office.com/r/mCbtcx0ZiQ
■လျှောက်လွှာဖောင်ပိတ်ရက်:၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ရက် (ဗုဒ္ဓဟူးနေ့) နေ့လည် ၁၂နာရီ
■တက်ရောက်ခွင့်ရသူများအား အကြောင်းကြားခြင်း:၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် (သောကြာနေ့)
ဆရာ၊ ဆရာမများ၏ ပါဝင်ပေးမှုကို ဆက်ဆက်စောင့်မျှော်နေပါတယ်။
■စုံစမ်းမေးမြန်းရန်:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
Email nihongo.jfyg@jpf.go.jp
ဖုန်း 01-430920
တာဝန်ခံ KD Sunday Seng Htoi Khawn Taung
တနင်္လာနေ့မှ သောကြာနေ့အထိ(9:30-15:30)ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
11/03/2026
ZA Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!07/03/2026
မင်္ဂလာပါ Sensei (၂၇)ကြိမ်မြောက် :ဆရာမဝင်းသိင်္ဂီကျော်03/03/2026
အဖွဲ့လိုက်လေ့လာရေးခရီး “Visit JFYG” အတွက် လျှောက်လွှာများ လက်ခံနေပါသည် (၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ)18/02/2026
Kira Kira Japanese Language Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!17/02/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း17/02/2026
Employment for Skill Development Programဖြင့် ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများအတွက် ၂၀၂၆ခုနှစ်၊ ဩဂုတ်လမှစတင်၍ JFT-Basic စာမေးပွဲတွင် A1 နှင့် A2.1အဆင့်ဂျပန်ဘာသာစကားစွမ်းရည်ကိုလည်း အကဲဖြတ်ပေးပါတော့မည်။11/02/2026
စင်တာပိတ်ရက် အသိပေးကြေညာခြင်း04/02/2026
Waku Waku Nihongo ❝Challenge with Erin!❞ အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ခြင်း24/01/2026
(၉)ကြိမ်မြောက် IRODORIအသုံးပြုနည်းSeminar-【IRODORIကိုအသုံးပြုကြည့်ကြမယ်】 ကျင်းပပြီးစီးခဲ့ခြင်း။16/01/2026
၂၀၂၆ခုနှစ် ဂျပန်ရေးရာလေ့ရာရေးနယ်ပယ်ရှိ အရှေ့တောင်အာရှမှပညာရှင်များအတွက်နွေရာသီပရိုဂရမ်အား လျှောက်လွှာဖွင့်လှစ်ခြင်း15/01/2026
မင်္ဂလာပါဆန်းဆေး၏ ယခင်အပိုင်းများအား ပြန်လည်မျှဝေခြင်း14/01/2026
Akafuji Vocational Training Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!09/01/2026
Instagramအကောင့်ကို စတင်ဖွင့်လှစ်လိုက်ပါပြီ!02/01/2026
ဂျပန်လိုပျော်ပျော်ရွှင်ရွင် စကားပြောကြရအောင်)ကို ပြုလုပ်ကျင်းပပြီးစီးခဲ့ကြောင်း26/12/2025
နှစ်သစ်ကူးရုံးပိတ်ရက် အသိပေးကြေညာခြင်း30/12/2025
မင်္ဂလာပါ Sensei (၂၆)ကြိမ်မြောက် :ဆရာမ ရွှန်းလဲ့နဒီမောင်26/12/2025
Folded Heritage: Japanese Origami Workshop14/12/2025
ဂျပန်ဘာသာသင်ကြားရေးဆရာ၊ဆရာမများအတွက် “CLIL၏သီအိုရီ နှင့် လက်တွေ့အသုံးပြုပုံ” ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီးခြင်း03/12/2025
Global Education Centerမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!06/11/2025
ဂျပန်နိုင်ငံရဲ့ ကျောင်းသားဘဝနဲ့ အစားအသောက်ယဉ်ကျေးမှုကို ရုပ်ရှင်ကြည့်ရင်း လေ့လာရအောင် – JFF Theater05/11/2025
AIMI Japanese Language Center မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!01/10/2025
SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!04/04/2025
မန္တလေးမြို့တွင် ကျင်းပမည့် JFT-Basic စာမေးပွဲအား ဖျက်သိမ်းကြောင်း ကြေငြာခြင်း13/08/2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)02/04/2020
JFT-Basic စာမေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း25/03/2020
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ယဉ်ကျေးမှုအစီအစဉ်များကို ရပ်နားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်10/12/2019
“ Origami Workshop” စာရင်းပိတ်လိုက်ပါပြီ14/08/2019
၂၀၁၉ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)