intellectual exchange

ဂျပန်ရေးရာ လေ့လာရေးနှင့် အသိပညာနှီးနှောဖလှယ်ရေး

ဂျပန်နှင့် ကမ္ဘာ့ပညာရှင်များကို ပေါင်းစည်းခြင်းသည် ကျွန်ုပ်တို့အားလုံးကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းနိုင်မည့် သော့ချက်ဖြစ်သည်။

ဂျပန်အကြောင်းကို ပိုမိုနားလည်နိုင်ရန်နှင့် ဂျပန်နှင့် အခြားနိုင်ငံများအကြား ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် ဂျပန်နိုင်ငံတွင် သုတေသနပြုလုပ်နိုင်ရန် ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ ဂျပန်ပညာသင်ကြားရေးအဖွဲ့အစည်းများအတွက် အမျိုးအစားမတူသော ထောက်ပံ့ကြေးပေးအပ်သော အစီအစဉ်များကို ပြုလုပ်ပေးလျက်ရှိသည်။ နိုင်ငံတကာအဆင့်အထိ ချိတ်ဆက်နိုင်ရန်အတွက် ပြည်ပတွင် သုတေသနပြုလုပ်နေသူများနှင့် ဂျပန်ပညာရေးအဖွဲ့အစည်းများကို စစ်တမ်းကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် ကြုံတွေ့နေရသည့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နည်းလမ်းများကို အဖြေရှာရန် သုတေသနပူးတွဲလုပ်ဆောင်ခြင်းများ၊ အပြန်အလှန်ညှိနှိုင်းပြီး ဆွေးနွေးအဖြေရှာသော စီမံကိန်းများကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။

လှုပ်ရှားမှုများ

Sep 19, 2026 ~ Sep 19, 2026
(မနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲ)

သဘာဝဘေးအန္တရာယ်အရေး ကျွမ်းကျင်သူနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ Workshop “ဆိုင်ကလုန်းမုန်တိုင်းအတွက် ဘယ်လိုကြိုတင်ပြင်ဆင်မလဲ”
နှစ်စဉ် စက်တင်ဘာလ တစ်ရက်နေ့ဟာ ဂျပန်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနေ့ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ သဘာဝဘေးအန္တရာယ် မကြာခဏကျ‌ရောက်လေ့ရှိတဲ့ နိုင်ငံတွေဖြစ်ပြီး ငလျှင်၊ ဆိုင်ကလုန်းမုန်တိုင်း စတဲ့ ကပ်ဘေးတွေကို...

Venue : ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ Hall room, အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် ၁၊ ဗဟန်းမြို့နယ်။

Mar 21, 2026 ~ Mar 22, 2026

သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အနုပညာလှုပ်ရှားမှု(စုပေါင်းဖန်တီးခြင်းအလုပ်ရုံပြပွဲ) အစီစဉ်၊
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ လာမည် မတ်လ(၂၁- ၂၂) ရက်နေ့များတွင် မန္တလေးမြို့ၡိပြည်သူလူထုအတွက် “သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၏အရေးပါမှုကို အသိပညာပေးရန်နှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေရန် အနုပညာက မည်သို့ပါ၀င်လုပ်ဆောင်နိုင်မည်နည်း” ခေါင်းစဉ်ဖြင့် အနုပညာလှုပ်ရှားမှု(စုပေါင်းဖန်တီးခြင်းအလုပ်ရုံ)ပြပွဲကို ကျင်းပသွားမည်ဖြစ်ပါသည်။...

Venue : MABA office, Mingalar Mandalay, water street, Ward-6. 3rd floor

Mar 21, 2026 ~ Mar 22, 2026

သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အနုပညာလှုပ်ရှားမှု(စုပေါင်းဖန်တီးခြင်းအလုပ်ရုံပြပွဲ) အစီစဉ်
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ လာမည် မတ်လ(၂၁- ၂၂) ရက်နေ့များတွင် မန္တလေးမြို့ၡိ ပြည်သူလူထုအတွက် “သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၏အရေးပါမှုကို အသိပညာပေးရန်နှင့် စိတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်စေရန်အနုပညာက မည်သို့ပါ၀င်လုပ်ဆောင်နိုင်မည်နည်း” ခေါင်းစဉ်ဖြင့် အနုပညာလှုပ်ရှားမှု(စုပေါင်းဖန်တီးခြင်းအလုပ်ရုံ)ပြပွဲကို ကျင်းပသွားမည်ဖြစ်ပါသည်။  ...

Venue : MABA Office, Mingalar Mandalay, Water Street, Ward-6. 3rd floor

Notice & Announcements

View All