SORA Japanese Language School မှအားလုံးကို JFYG မှ ကြိုဆိုပါတယ်!

အောက်တိုဘာလ ၁ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် “Visit JFYG”ကို ပထမအကြိမ်ကျင်းပခဲ့ပါတယ်။ ထိုနေ့တွင် ဂျပန်ဖောင်‌‌ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာာ(JFYG)ရဲ့လုပ်ဆောင်နေသော ပရိုဂရမ်များအကြောင်းကို မိတ်ဆက်ပေးပြီး၊ Karutaနှင့် Origami လက်တွေ့လုပ်ဆောင်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ လာရောက်ပေးခဲ့သော
Sora Japanese Language Schoolကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စင်တာဖွင့်ရက်များတွင်လည်း ထပ်မံလာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)တွင်လစဥ်၊ လအစ ပထမအပတ် (ဗုဒ္ဓဟူးနေ့)တွင် အဖွဲ့အစည်းများအတွက် လေ့လာရေးခရီးစဥ် “Visit JFYG”ကိုကျင်းပပေးလျက်ရှိပါတယ်။ စိတ်ဝင်စားပါက ဒီလင့်ခ်ကိုနှိပ်ပြီး အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

Notice & Announcements

View All