IBB Japanese Language Schoolမှ အားလုံးကို JFYGမှ ကြိုဆိုပါတယ်!

မေလ၁၅ရက်နေ့ (သောကြာနေ့)တွင် “ Visit JFYG” ကို ရှစ်ကြိမ်မြောက်ကျင်းပခဲ့ပါတယ်။ ထိုနေ့တွင် ဂျပန်ဖောင်‌‌ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)ရဲ့လုပ်ဆောင်နေသော ပရိုဂရမ်များအကြောင်းကို မိတ်ဆက်ပေးပြီး၊ Japanese Culture Quiz, Origami နဲ့ Karutaလက်တွေ့လုပ်ဆောင်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ လာရောက်ပေးခဲ့သော IBB Japanese Language Schoolကိုလည်း အထူးကျေးဇူးတင်ပါတယ်။ စင်တာဖွင့်ရက်များတွင်လည်း ထပ်မံလာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

Visit JFYGပရိုဂရမ်ကို လျှောက်ထားပေးကြသော သင်တန်းကျောင်းများ၊ အဖွဲ့အစည်းများအား ကျေးဇူးများကြီးတင်ပါတယ်။ ၂၀၂၆ခုနှစ် ၉လပိုင်းအထိ လျှောက်လွှာဖောင်များ ပြည့်သွားပြီဖြစ်ပါတယ်။ ၂၀၂၆ခုနှစ် ၁၀လပိုင်းမှစပြီး လျှောက်လွှာဖောင်များ ပြန်လည်လက်ခံတဲ့အချိန်တွင် အားလုံး၏လျှောက်ထားမှုများကို စောင့်မျှော်နေပါတယ်။

Notice & Announcements

View All