🧸 “OMOCHA: Japanese Toys Today” ပြပွဲအချိန်မတိုင်မီ စောကြိုပိတ်သိမ်းခြင်း ကြေငြာချက်🪀

  • Mar 11, 2026 ~ Mar 24, 2026
  • 9:30~15:30
  • The Japan Foundation, Yangon (No. 70, Nat Mauk Lane 1, Bahan Township, Yangon)

ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) မှာ လက်ရှိခင်းကျင်းပြသလျက်ရှိတဲ့ “OMOCHA: Japanese Toys Today” ပြပွဲကို စတင်ဖွင့်လှစ်ခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှ ယနေ့ထိ လာရောက်ကြည့်ရှုခဲ့ကြတဲ့ ဧည့်သည်အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

 

အခုချိန်မှာ ဖြစ်ပွားကြုံတွေ့နေရတဲ့ အခက်အခဲများကြောင့် “OMOCHA” ပြပွဲကို မူလစီစဉ်ထားတဲ့အတိုင်း မတ်လ ၂၅ ရက် ဗုဒ္ဓဟူးနေ့ထိ ပြသမယ့်အစား ယနေ့ မတ်လ ၂၄ ရက်နေ့ အင်္ဂါနေ့မှာ ပိတ်သိမ်းဖို့ ဖြစ်လာခဲ့တဲ့အတွက် နားလည်ခွင့်လွှတ်ပေးပါရန် အကြောင်းကြားအပ်ပါတယ်။

 

“OMOCHA: Japanese Toys Today” ပွဲလေးကို ယနေ့ညနေ ၃ နာရီခွဲထိ ဆက်လက်ပြသထားမှာ ဖြစ်လို့ လာရောက်ကြည့်ရှုကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်။

 

OMOCHA: Japanese Toys Today

ပြပွဲရက် – ၂၄ ရက်နေ့ ညနေ ၃း၃၀ ထိသာ

နေရာ – ဂျပန်ဖောင်ဒေးရှင်း ရန်ကုန်၊ အမှတ် ၇၀၊ နတ်မောက် ၁ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။

 

မှတ်ချက်။ ။ ကားပါကင်မရှိပါ။

Available in English and 日本語.

Notice & Announcements

View All