🎏 JFYG Monthly Gallery Exhibition: Kodomo no Hi (ကလေးများနေ့) 🎏

  • May 7, 2026 ~ May 29, 2026
  • 9:30~15:30
  • The Japan Foundation, Yangon
    No.70 Nat Mauk Lane (1) Bahan Township, Yangon

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) တွင် ဂျပန်ယဉ်ကျေးမှုနှင့်ပတ်သက်သော လစဉ် Gallery Exhibition များကို ပြုလုပ်ပေးလျက်ရှိပါတယ်။ဒီတစ်ခေါက်မေလမှာတော့ Kodomo no Hi (ကလေးများနေ့) အကြောင်းကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 

Kodomo no Hi (ကလေးများနေ့) သည် မူလက Tango no Sekku ဟုခေါ်ပြီး ယောက်ျားလေးများ၏ ကျန်းမာရေးနှင့် ကြီးထွားဖွံ့ဖြိုးမှုကို ဆုတောင်းသည့် ရိုးရာနေ့တစ်နေ့အဖြစ် ကျင်းပခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်မှစတင်ကာ မေလ ၅ ရက်နေ့ကို Kodomo no Hi (ကလေးများနေ့) အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ယောက်ျားလေး၊ မိန်းကလေး ခွဲခြားမထားဘဲ ကလေးအားလုံး၏ ပျော်ရွှင်မှုနှင့် ကျန်းမာရေးကို ဆုတောင်းသည့် နေ့ဖြစ်လာပါတယ်။ 

ကလေးများနေ့ အထိမ်းအမှတ်အဖြစ်Koi Nobori (ငါးကြင်းလေတံခွန်)များကို လေထဲတွင်ချိတ်ဆွဲခြင်း၊ Samurai (စစ်သူကြီး)အရုပ်များ၊ Kabuto (စစ်သူကြီးဦးထုပ်ပုံစံ) အလှဆင်ပစ္စည်းများကို အိမ်တွင် အလှဆင်ခြင်းတို့ကို ပြုလုပ်ကြပါတယ်။ 

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ JFYG တွင်လည်း “ကလေးများနေ့” အထိမ်းအမှတ်အဖြစ် Samurai (စစ်သူကြီး)အရုပ်နှင့် အခြားသောဂျပန်အရုပ်များထားရှိထားခြင်း၊   Koi ငါးကြင်းအရုပ်များကိုယ်တိုင်ပြုလုပ်ခြင်းနှင့် Koi Nobori (ငါးကြင်းရုပ်)ပေါ်တွင် ကိုယ့်ဆုတောင်းစာများကို ကပ်ခြင်း စသည့် စိတ်ဝင်စားဖွယ် အစီအစဉ်များကို စီစဉ်ထားပါတယ်။ အားလုံးပဲ JFYG သို့ လာရောက်လေ့လာပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။  

  

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်‌ကျေးမှုစင်တာ (The Japan Foundation, Yangon)   

အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။  

အနီးဆုံးဘတ်စ်ကားမှတ်တိုင် – ဗျိုင်း‌ရေအိုးစင်မှတ်တိုင် 
ကားနံပါတ် – ၄၃၊ ၆၄၊ ၈၀  

စင်တာဖွင့်လှစ်ချိန် – အပတ်စဉ်အင်္ဂါနေ့မှ စနေနေ့ မနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲ   

  

★ယခုလက်ရှိကာလအတွင်း အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းကို စင်တာပိတ်ရက်အဖြစ် သတ်မှတ်ထားပါသည်။ အပတ်စဥ်ဗုဒ္ဓဟူးနေ့အား စင်တာပြန်လည်ဖွင့်မည့်အချိန်ကို Website နှင့် SNSတွင် အသိပေး အကြောင်းကြားမည် ဖြစ်ပါသည်။(ကြိုတင်ဘိုကင်ပေးရန်မလိုပါ) 

Notice & Announcements

View All